Preview

ALP ပါတီနှင့် ဒေါ်စောမြရာဇာလင်း လုံး၀သက်ဆိုင်မှုမရှိကြောင်း ထုတ်ပြန်

မတ် ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :9076
ရခိုင် သတင်း

နိရဉ္စရာ၊ မတ်လ ၂၁/ ၂၀၂၃

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒု-ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဒေါ်စောမြရာဇာလင်းသည် ပါတီ ဥက္ကဋ္ဌအဖြစ်ခံယူကာ ဗဟိုကော်မတီအသစ်များဖြင့် ALP ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းခြင်းကို လက် မခံကြောင်းနှင့် ဒေါ်စောမြရာဇာလင်းကို ALP ပါတီမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ပါတီနှင့် လုံး၀သက် ဆိုင်မှုမရှိကြောင်း ALP ပါတီ၏ အတွင်းရေးမှုး ဦးခိုင်ကျော်ခိုင်က ပြောသည်။

ဒေါ်စောမြရာဇာလင်းသည် ALP ပါတီ၊ တပ်မတော်၏အမည်၊ အမှတ်တံဆိပ်နှင့် အောင်လံတော်တို့ကို ပါတီဥက္ကဌ ခိုင်ရဲခိုင်နှင့် ဗဟိုကော်မတီဝင်များကို အသိပေးခြင်းမရှိဘဲ ပါတီသစ်ထူထောင်ခြင်းသည် စည်း မျဉ်းစည်းကမ်းများကို ချိုးဖောက်သည့်အတွက် ဒေါ်စောမြရာဇာလင်းသည် ALP ပါတီနှင့် လုံး၀သက် ဆိုင်ခြင်းမရှိတော့ကြောင်း အတွင်းရေးမှုး ဦးခိုင်ကျော်ခိုင် က နိရဉ္စရာသတင်းဌာနကို ပြောသည်။

"ဥက္ကဋ္ဌနဲ့ ဗဟိုကော်မတီ ၉၀ ရာခိုင်နှုန်းလောက်ကို အသိမပေးဘဲ သူ့ဟာသူဥက္ကဋ္ဌဆိုပြီး လုပ်သွားတာ လေ၊ တရားဝင်မှုမရှိဘူး၊ ALP ပါတီနဲ့ လုံး၀သက်ဆိုင်မှုမရှိတော့ဘူးပေါ့လေ’’ ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဥက္ကဋ္ဌ ခိုင်ရဲခိုင် ဦးဆောင်သည့် ALPက မတ်လ (၂၀) ရက်နေ့စွဲဖြင့် အထွေထွေအတွင်းရေးမှူး ခိုင်ကျော်ခိုင် လက်မှတ်ရေးထိုး ရှင်းလင်းချက် တစ်စောင် ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ALP ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ခိုင်မင်းစိုးနှင့် စစ်သည်နှစ်ဦး တို့ကို ဒေါ်စောမြရာဇာလင်းမှ စစ်ကောင်စီတပ်ကို ဖမ်းဆီးခိုင်းလိုက်ကြောင်း၊ ၎င်းဖြစ်စဉ်ဖြစ်ရပ်ကြောင့် ဒေါ်စောမြရာဇာလင်အားစုံစမ်းစစ်ဆေးရန် ပါတီ၏တရားစီရင်းရေး ကော်မတီမှ စောမြရာဇာလင်း၏ တာဝန်များဖြစ်သောနိုင်ငံရေးဆွေးနွေးရေး ကော်မတီ ခေါင်းဆောင်တာဝန်နှင့်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ရှိတာဝန်များကိုယာယီရပ်စဲခဲ့ကြောင်းထိုသို့တာဝန်မှ ရပ်စဲမှုကို အမိန့်နာခံမှုမရှိဘဲပါတီကို ပြန်လည်ဖွဲ့စည်းကြောင်း ထုတ်ပြန်လာကြောင်း၊ ထိုသို့စောမြရာဇာလင်းမှ ပါတီ၊တပ်မတော်၏အမည်၊အမှတ်တံဆိပ်နှင့် အောင်လံတော်တို့ကို အလွဲသုံးစားပြုလုပ်၍ပါတီသစ်ထူထောင်ခြင်းသည် ပါတီ၏ဖွဲ့စည်းပုံ အခြေခံဥပဒေပါကြီးလေးသောစည်းမျဉ်းစည်းကမ်းများကိုချိုးဖောက်ခြင်း ဖြစ်သည့်အတွက် စောမြရာဇာလင်းသည်ALPပါတီနှင့်လုံး၀သက်ဆိုင်ခြင်းမရှိတော့ကြောင်း ဖော်ပြထားသည်။

ဒေါ်စောမြရာဇာလင်းဖက်မှ မတ်လ ရက် နေ့စွဲဖြင့် ထုတ်ပြန်လာသည့် ထုတ်ပြန်ချက်အထဲတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ () ရက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ သစ်လွင်သော နိုင်ငံရေး ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းပြီးနောက် ဗဟိုခေါင်းဆောင်အများစု၏ ဆန္ဒအ၇ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ငြိမ်းချမ်းရေးလမ်းစဉ် အတိုင်း ဆက်လျှောက်ခဲ့ကြပါသော်လည်း ဥက္ကဋ္ဌ  ခိုင်ရဲခိုင် သွားလိုသည့်လမ်းကြောင်းနှင့် ဒေါ်စောမြရာဇာလင်း သွားလိုသည့်လမ်းကြောင်း မတူညီသည့်အတွက် ဥက္ကဋ္ဌကြီး ကိုယ်ယုံကြည်ရာလမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်စေရန်နှင့် မိမိတို့ အနေနှင့်လည်း ယုံကြည်ရာ ငြိမ်းချမ်းရေးလမ်းကြောင်းမှ တစ်ဆင့် ၇ခိုင်ပြည်နှင့် ၇ခိုင်လူထု  အကျိုးအတွက် ရည်ရွယ်ချက်တူသူများဖြင့် ပါတီကို အသစ်ပြန်လည်ဖွဲ့စည်း ထူထောင်ခြင် ဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းဖက်က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ကို ၁၉၆၇ ခု၊ဧပြီလ(၉) ရက်နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးအတွက်ဥက္ကဋ္ဌခိုင်ပြည်သိမ်း ဦးဆောင်မှုဖြင့်စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာစစ်တပ်မှဖမ်းဆီးမှုခံခဲ့၇ပြီးနောက်ပြန်လည်လွတ်မြောက် လာသူများမှ ဥက္ကဋ္ဌခိုင်မိုးလင်း ဦးဆောင်လျက် ၁၉၇၄ ခုနှစ်တွင် ဒုတိယအကြိမ်ပြန်လည်ဖွဲ့စည်းခဲ့သည်။၁၉၇၆ ခုနှစ်တွင် ဥက္ကဋ္ဌခိုင်မိုးလင်းဦးဆောင်၍ ကရင်ပြည်မှ ၇ခိုင်ပြည်သို့ မိုင်(၂၀၀၀)ကျော်ခရီးရှည်သည့်ALP ၏ သမိုင်းဝင် မိုးလင်းရာဇာ စစ်ကြောင်းချီတက်ခဲ့သည်။

စစ်ကြောင်းတလျှောက်တွင်မြန်မာစစ်တပ်မှသာလွန်အင်အားဖြင့် တိုက်ခိုက်ချေမှုန်းသော ကြောင့် စစ်ရေးအရေးနိမ့်၍ ဥက္ကဋ္ဌခိုင်မိုးလင်းကျဆုံးကာခေါင်းဆောင်များနှင့်စစ်သည်များ ဖမ်ဆီးခံခဲ့၇သည်။ ၁၉၈၁ ခုနှစ်တွင် ဥက္ကဋ္ဌခိုင်ရဲခိုင်ထောင်မှလွတ်လာပြီး တတိယအကြိမ်ပါတီပြန်လည်ဖွဲ့စည်းခဲ့သည်။ တတိယအကြိမ်ဖွဲ့စည်းပြီး ချိန်မှစ၍ယနေ့အချိန်ထိ ပါတီဗဟိုဌာနချုပ်ကို ၇ခိုင်-အိန္ဒိယ-ဘင်္ဂလားဒေရှ့် သုံးနိုင်ငံနယ်စပ်တြိဂံနယ်မြေတွင် အခြေစိုက် သည်။ ၂၀၁၇ ခုနှစ်စ၍ ပါတီ၏စစ်ရေးနိုင်ငံရေး ယိမ်းယိုင်လာခဲ့သောကြောင့်၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဥက္ကဋ္ဌခိုင်ရဲခိုင်၏ ဦးဆောင်မှုဖြင့်ပင် စတုတ္ထအကြိမ် ပါတီပြန်လည်ဖွဲ့စည်းခဲ့ပြီးရခိုင်တမျိုးသားလုံးစည်းလုံးညီညွတ်ရေးမှ ရခိုင်အမျိုးသား လွတ်မြောက်ရေးပန်းတိုင်သို့ချီတက်လျက်ရှိသည်ဟု သိ၇သည်။  NN - 24

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.