- Web Master
- ၃၀ ဒီဇင်ဘာ ၂၀၂၁
နိရဥ္စရာ၊ မတ် ၂၁/၂၀၂၃
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊
စံဂိုးတောင်အုပ်စု၊ နွားရုံတောင်ကျေးရွာတွင် ရွာဘုရားသိမ်ဆောက်မည့်
သံထည်ပစ္စည်း (၇) တန် နီးပါးခန့်ကို စစ်ကောင်စီတပ်ဗိုလ်မှူးတစ်ဦးက အပိုင်သိမ်းရောင်းချထားကြောင်း သိရှိရသဖြင့် အထက်တာဝန်ရှိသူများက တားမြစ်ပေးစေလိုကြောင်း
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
၂၀၁၉ ခုနှစ်က
ကျေးရွာသားများ ဘုရားသိမ်ဆောက်လုပ်ရန်ရွာ၏ဘုန်း
"သူတို့ စခန်းရှေ့မှာ
ပြောင်းပြီး ပုံထားတယ်။
ရောင်းတာက ရောင်းထားပြီလို့သိလာတယ်။ ရွာသားတွေ ပစ္စည်းတွေလောက်မပြောနဲ့။ အခု
ဘုရားပစ္စည်းတွေပါ မကြောက်မလန့် သိမ်းလာပြီ။ သက်ဆိုင်ရာ တာဝန်ရှိလူကြီးတွေ စိစစ် ဖြေရှင်းပေးစေလိုတယ်"ဟုပြောသည်။
အဆိုပါသံထည်ပစ္စည်းများကို ဘူးသီးတောင်မြို့နယ်မှ
ဟူဆောင်းဆိုသူအား သံ (၁)တန်လျှင် ကျပ် ၁၅ သိန်းဖြင့်
ရောင်းချထားသည်ဟု သိရှိရကြောင်း ၎င်းက ဆက်ပြောသည်။
၎င်းသံများကို ၎င်းရွာအနီး စခန်းချထားသည့် စခန်းက စစ်ကောင်စီ တပ်သားများ ခိုးယူရောင်းချလိုက်ကြကြောင်း၊ စစ်ဘေးရှောင်များ မပြေးရခင်က သိမ်ဆောက်ရန်အတွက် ရန်ကုန်က အလှူရှင်တစ်ဦးက ဝယ်ပို့ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားသံများဖြစ်ကြောင်း၊ ရွာကျောင်းတွင် ၃ တန်နှင့် သုံးဆယ့်တစ်ဘုံ လျောင်းတော်မူဘုရားတွင် အဆောက်အဦ ဆောက်လုပ်ရန် ထားထားသည့် ၃ တန်ကျော်တို့ကို ခိုးယူသွားကြောင်း၊ သုံးဘီးဖြင့် တင်ယူသွားကြောင်း၊ စစ်တပ်က ဝယ်မယ့်သူကို အဆက်အသွယ်လုပ်၍ ပို့ပေးခြင်းဖြစ်ကြောင်း၊ ၁ တန်ကို ကျပ် ၁၅ သိန်းဖြင့်ရောင်းချကြောင်း မျက်မြင် ဒေသခံများကို ကိုးကားပြီး မြန်မာသတင်းများကို ဖော်ပြနေသည့် Delta News Agency သတင်းဌာနတွင်လည်း မတ် ၁၈ ရက်က သတင်းဖော်ပြထားသည်။
နွားရုံတောင်ကျေးရွာမှ ကျေးရွာသားများသည်
၂၀၁၉ ခုနှစ်ကတည်းက ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့
ရပ်ရွာအနီးတိုက်ပွဲများဖြစ်ပွား
လက်ရှိအချိန်ထိ ကျေးရွာအတွင်း စစ်တပ်က တပ်စွဲနေရာယူထား၍ နေရပ်မပြန်နိုင်သေးဘဲ ရှိနေကြသည်ဟု သိရသည်။ (NN-7)