Preview

ကျောက်ဖြူတွင် အိမ်သာတွင်းအသစ်အားပြုပြင်စဉ် အောက်စီဂျင်ပြတ်၍ အမျိုးသား ၁ ဦးသေဆုံး

မတ် ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :7039
ရခိုင် သတင်း

နိရဥ္စရာ၊ မတ် ၂၁ / ၂၀၂၃

၇ခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ယနေ့နံနက်က အိမ်သာတွင်းအသစ်အားပြုပြင်စဉ် အောက်စီဂျင်ပြတ်တောက်၍ အမျိုးသား ဦးသေဆုံးခဲ့ကြောင်း သိ၇သည်။

သေဆုံးသူမှာ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာမှ လက်သမားလုပ်ငန်းလုပ်ကိုင်သူ ဦးချစ်လွင်(၄၅)နှစ်ဖြစ်ကြောင်း သိ၇သည်။

သူသည် ယနေ့ နံနက် နာရီခန့်က စေတီတောင်ရပ်ကွက်၊ ခေမာလမ်းမှ ၄င်းအလုပ်လုပ်နေသည့် ဦးကျော်ဝင်း၏နေအိမ်တွင် အိမ်သာကျင်းကွန်ကရစ်အဖုံးမှ သစ်သားဒေါက်တိုင်များ ဖြုတ်ယူစဉ် အောက်စီဂျင်ပြတ်တောက်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စေတီတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူ ဦးသန်းလှိုင်က ပြောသည်။

"အိမ်သာတွင်းက အသစ်လောင်းထားတာပါ။ အဲဒီအိမ်သာတွင်း ကွန်ကရစ်အဖုံးမှာ ထည့်ထားတဲ့ သစ်သားဒေါက်တိုင်တွေကို ဖြုတ်ယူဖို့ဆင်းတဲ့အချိန် အသက်ရှူကျပ်ပြီး သေသွားတာပါ" ဟု ပြောသည်။

သေဆုံးသူ ဦးချစ်လွင်မှာ လူတစ်ကိုယ်စာဆံ့သည့် ကွန်ကရစ်အဖုံးပေါ်ရှိ အပေါက်မှ အိမ်သာကျင်းထဲဆင်းကာ သစ်သားဒေါက်တိုင်များပြန်ဖြုတ်ယူရန်ကြိုးစားရာမှ ကျင်းထဲတွင်လေနည်းပါးပြီး အသက်ရှူပြတ်တောက်ကာ စတင်သတိမေ့သွားခဲ့ကြောင်း စေတီတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူ ဦးသန်းလှိုင်က ပြောသည်။

"ကျင်းထဲရောက်တာနဲ့ သိပ်မကြာလိုက်ဘူး။ ထိုးလဲသွားတာပါ။ အိမ်သာကျင်းက လူတစ်ကိုယ်စာအပေါက်ဖွင့်ထားတယ်ဆိုလည်း လေမှမ၇တာ။ ပြီးတော့ ကျင်းအောက်မှာလည်း ရေက တစ်ပေလောက်ရှိတယ်"ဟု ပြောသည်။

ယင်းသို့ ဦးချစ်လွင် အိမ်သာကျင်းထဲတွင် လဲကျမေ့မြောသွားသည်နှင့် နေအိမ်ပိုင်ရှင် ဦးကျော်ဝင်းအပါအဝင် တစ်ဖွဲ့တည်းအလုပ်လုပ်နေသည့် အမျိုးသားသုံးဦးက ဆင်းပြီးဆယ်ယူခဲ့ရာ ထိုသုံးဦးမှာလည်း ကျင်းပေါ်ပြန်အရောက်တွင် သတိလစ်မေ့မြောသွားခဲ့ကြောင်း သူက ပြောသည်။

"ကျန်တဲ့သုံးယောက်ကတော့ အခုသက်သာနေပါပြီ။ ဆေးရုံတွေဘာတွေမတင်လိုက်၇ပါဘူး" ဟု ပြောသည်။

ဦးချစ်လွင်ကို အဆိုပါ အိမ်သာကျင်းထဲမှဆယ်ယူပြီး လေး၀တီကုလရက္ခိတပ၇ဟိတအသင်းက ဆေးရုံသို့ အလျင်အမြန်ပို့ခဲ့သော်လည်း လမ်းတွင်သေဆုံးခဲ့ကြောင်း သိ၇သည်။ (NN-23)
ဓာတ်ပုံ- လေး၀တီကုလရက္ခိတပ၇ဟိတအသင်း

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.