နိရဥ္စရာ၊မတ်လ ၂၂ /၂၀၂၃
၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိစစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်စခန်း (၃)ခုကို ဖျက်သိမ်းပြီး စစ်ဘေးရှောင် ၆၀၀ကျော်ကိုနေရပ်ပြန်ရန် ဖိအားပေးထားကြောင်း စစ်ဘေးရှောင်များကပြောသည်။
စခန်းအားဖျက်သိမ်းပြီး နေရပ်ပြန်ရန်ဖိအားပေးခံနေရသည့် စစ်ဘေးရှောင်စခန်းများမှာ ကျောက်တော်မြို့နယ်ရှိမဟာမုနိစစ်ဘေးရှောင်စခန်း၊ ရှမ်းရွာစစ်ဘေးရှောင်စခန်းနှင့်သိမ်ကျောင်းစစ်ဘေးရှောင်စခန်းတို့
ယင်းစခန်း ၃ခုအား မတ်လ (၃၁)ရက်တွင် အပြီးဖျက်သိမ်းကာ စစ်ဘေးရှောင်များကိုလည်း ယင်းနေ့တွင်နေရပ်သို့ပြန်ခိုင်းရန် ယမန်နေ့ မတ်လ ၂၁ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများက အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြသည်ဟုသိ၇သည်။
ယင်းဆုံးဖြတ်ချက်များကိုလည်း ထိုစခန်း(၃)ခုရှိ စစ်ဘေးရှောင်များသို့ တာဝန်ရှိသူများလာရောက်ကာ ပြောဆိုသွားခဲ့သည်ဟု စစ်ဘေးရှောင်တစ်ဦးကဆိုသည်။
“မနေ့က ကျောက်တော်မြို့အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးတစ်ရပ်လုပ်ပြီးတော့ ဖြိုဖျက်ခိုင်းထားပါတယ်။စစ်ဘေးရှောင်တွေကိုလည်း အဲဒီနေ့မှာ နေရပ်ပြန်ခိုင်းထားတာပါ” ဟု ပြောသည်။
မဟာမုနိစစ်ဘေးရှောင်စခန်းတွင် နေရပ်ပြန်ရန်အိမ်ထောင်စု စုစုပေါင်း (၄၄၃) စုရှိသည့်ထဲမှ (၄၂၆) စုမှာ နေရပ်ပြန်မည်ဖြစ်ပြီးကျန်သည့် (၁ရ)စုမှာ အနီးအနားရှိ မဖျက်သိမ်းသေးသည့် ညောင်းချောင်းစစ်ဘေးရှောင်စခန်း
သိမ်ကျောင်းစစ်ဘေးရှောင်တွင် အိမ်ထောင်စုစုစုပေါင်း ၂၆ စုရှိပြီး ၉ စုမှာ မိမိနေရပ်သို့ ပြန်မည်ဖြစ်ကာ ကျန်၁၇ စုမှာ အနီးအနားရှိ သိမ်ပြင်ကျောင်းစစ်ဘေးရှောင်
အလားတူ ရှမ်းရွာစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၄၃စုရှိပြီး သူတို့အားလုံး မိမိနေရပ်သို့ ပြန်မည်ဖြစ်ကြောင်း သိ၇သည်။
ကျောက်တော်ရှိ စစ်ဘေးရှောင်စခန်း(၁၀)ကျော်မှ စစ်ဘေးရှောင်ဦးရေ (၁၁၇၀) ကျော် နေရပ်ပြန်ရန်စာရင်းပေးထားသော်လည်း လက်ရှိတွင် စစ်ကောင်စီဘက်မှ ဘတ်ဂျက်မပြည့်မီသေးသည့်အတွက်စစ်ဘေးရှောင် (၆၄၄)စုကိုသာ ကနဦး နေရပ်ပြန်ခိုင်းနေခြင်းဖြစ်သည်
“အစိုး၇က ဘတ်ဂျက်တင်တဲ့အခါမှာဘတ်ဂျက်မမီလိုက်တဲ့အတွက် နောက်နှစ်မှ ကျန်တဲ့လူတွေကို ပေးသွားမယ်လို့ပြောပါတယ်။ ဆိုတော့ (၆၀၀) ကျော်ပဲ ပြန်လို့၇မယ် ” ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် နေရပ်ပြန်လိုသည့်စစ်ဘေးရှောင်များကို အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၆)သိန်းနှင့် သုံးလစာ ရိက္ခာထောက်ပံ့မူပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်သွားပြီးနောက်ဘ၀ရပ်တည်ရေး အာမခံချက်မရှိသည့်အတွက် နေရပ်ပြန်ရန် စိုးရိမ်မှုများရှိနေသော်လည်းစစ်ကောင်စီက နေရပ်ပြန်ရန် မကြာခဏ ဖိအားပေးနေသည်ဟုမဟာမုနိစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“နေရပ်ပြန်လိုရှိရင် ကျမတို့စိုးရိမ်တာက တိုက်ပွဲပြန်ဖြစ်လာမှာကို စိုးရိမ်တယ်။ ပစ်ခတ်သံတွေကိုပြန်ကြားရမှာကို စိုးရိမ်ပါတယ်။ စားဝတ်နေရေး အဆင်မပြေမှာကိုစိုးရိမ်၇တာပေါ့။ ပြန်ဖို့ အဆင်သင့်တော့မဖြစ်သေးပါဘူး။ ဒါပေမဲ့ပြန်မှရမှာပေါ့။ အထက်ကလည်း မကြာခဏ ပြန်ခိုင်းနေတာတွေရှိနေတယ်လေ” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့်ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့အတွင်း စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးများသည်ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများသို့သွား
ယင်းနောက် မြေပုံ၊မင်းပြား၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ စစ်ဘေးရှောင်စခန်းအချို့ကိုပိတ်သိမ်းကာ စစ်ဘေးရှောင်များအားလည်း နေရပ်သို့ အတင်းပြန်ပို့ခဲ့သည်။
နေရပ်ပြန်ပို့ခံ၇ပြီးနောက် စစ်ကောင်စီကရပ်ရွာအနီး စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းများအား ရှင်းလင်းမပေးသေးသည့်အပြင်ကျေးရွာအနီး တပ်စွဲထားခြင်းတို့ကြောင့် နေရပ်ပြန်စစ်ဘေးရှောင်များလွတ်လပ်စွာသွားလာလုပ်စားခြင်း
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းအား ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။
ရခိုင်တွင် စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော် (AA)တို့သည်၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၂ ခုနှစ်တို့တွင်ဖြစ်ပွားခဲ့သည့်