(ဧပြီလလယ်တွင် ပြန်လည်လက်ခံပြီးကျေးရွာ ၁၅ ရွာတွင် နေရာချပေးမည်ဟုဆို)
နိရဥ္စရာ၊မတ် ၂၄/၂၀၂၃
၇ခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသည့်ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များအား ပြန်လည်လက်ခံရေး အဆင်သင့်ဖြစ်နေသည်မှာ ကြာပြီဖြစ်ကြောင်းစစ်ကောင်စီ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီးဦးကိုကိုလှိုင်ဦးကိုကိုလှိုင်က ပြောဆိုလိုက်သည်။
စစ်ကောင်စီအနေဖြင့် မူဆလင်ပြန်လည်လက်ခံရေးမှာ အဆင်သင့် ဖြစ်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှပြန်လည် မပို့ဆောင်သေးသည့်အတွက် အဆောက်အဦများကို ပြန်လည်ပြန်လည်ဆင်ခြင်းများ လုပ်ဆောင်နေ၇သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကပြောကြောင်း စစ်ကောင်စီပိုင် သတင်းစာများတွင် ယနေ့ ဖော်ပြထားသည်။
“တော်တော်များများကပြောနေကြတာရှိပါတယ်။ မြန်မာဘက် ပြန်ဝင်လာသူတွေကို လက်မခံချင်ကြဘူး၊ပူးပေါင်းဆောင်ရွက်မူမရှိဘူးလို့
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ရောက်ရှိနေသည့်မွတ်ဆလင်များအား ရှေ့ပြေးစပ်းသပ်စီမံကိန်း (Pilot Project)အဖြစ် မူဆလင် (၁၀၀၀) ကျော်ကို လက်ခံရန်စစ်ကောင်စီက စီစဉ်ထားသည်။
စစ်ကောင်စီပြောခွင့်၇သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းဒုက္ခသည်များကိုလာမည့် ဧပြီလ အလယ်လောက်တွင် စတင်လက်ခံသွားမည်ဖြစ်ကြောင်း AFP သတင်းဌာနသို့ ပြောဆိုထားသည်။
လက်ရှိတွင် ယင်းမွတ်ဆလင်ဒုက္ခသည်များကိုမောင်တောမြို့နယ်အတွင်းရှိ ကျေးရွာ (၁၅)ရွာတွင် နေရာချထားပြီး အဆင့်ဆင့်ဆောင်ရွက်ရန်စီမံထားကြောင်းလည်း ၇ခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောကြောင်း သတင်းစာတွင် ဖော်ပြထားသည်။
“ ပြန်လည် လက်ခံတဲ့အခါ ပထမအဆင့်အနေနဲ့ ကြားစခန်းမှာ ယာယီထားရှိမယ်။ သူတို့အတွက် နေရာချထားဖို့ ကျေးရွာတွေ သတ်မှတ်ထားပါတယ်။အဲဒီကျေးရွာတွေမှာလည်း လူနေမှုအဆင့်အတန်း မြင့်မြင့်မားမားနဲ့နေနိုင်အောင် စနစ်တကျအိမ်ရာတွေ တည်ဆောက်ထားတယ်။ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကိုလည်း နေရာချထားမယ့် ကျေးရွာ ၁၅ ရွာမှာ ဆောင်ရွက်ထားပါတယ်။ဝင်ရောက်လာတဲ့အပေါ်မှာ မူတည်ပြီး အဆင့်ဆင့်ဆောင်ရွက်သွားဖို့ စီမံထားပါတယ်။”
စစ်ကောင်စီအဖွဲ့ဝင် ပြန်ထောင်စုဝန်ကြီးဦးကိုကိုလှိုင် ဦးဆောင်သည့်အဖွဲ့သည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော တရုတ်၊ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှု
စစ်ကောင်စီအဖွဲ့ဝင် ဦးကိုကိုလိူင်၊၇ခိုင်ပြည်နယ်ဝန်ကြီးချုပ် ထိန်းလင်းနှင့် မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီး မစ္စတာ မုံခွန်း ဝိစစ်စတန် တို့ သည့် ငခူရစခန်းနှင့် လှဖိုးခေါင်ယာယီလက်ခံရေး စခန်းများတွင် ပြင်ဆင်မှု အခြေအနေများအားကြည့်ရူခဲ့ခြင်းဖြစ်သည်။
ယင်းစခန်းများတွင် နေရပ်ပြန်သည့်မွတ်ဆလင်များအနေဖြင့်ယာယီနေထိုင်၇မည်ဖြစ်သော်လည်း ကလေးများထားရန်အတွက်နေရာများနှင့် အမျိုးသမီးများအတွက် သက်မွေးသင်တန်းများ၊ ချက်ပြုတ်ရန်အတွက်မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အထည်ထောက်ပံ့ခြင်းများကို
ပြီးခဲ့သည့်ဇန်နဝါရီလ (ရ)ရက်နေ့တွင်လည်း မွတ်ဆလင်ဒုက္ခသည်များပြန်လည် လက်ခံရေးကိစ္စနှင့်ပတ်
၂၀၁၇ခုနှစ်က မောင်တောဒေသအတွင်း ARSAအဖွဲ့ကရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အတွ
စစ်ကောင်စီက မွတ်ဆလင်များအားပြန်လည် လက်ခံရာတွင်လည်း စံသတ်မှတ်ချက် (၅)အနေဖြင့် မြန်မာနိုင်ငံထဲတွင်နေထိုင်ခဲ့သူဖြစ်ရန်၊ ကွဲကွာနေသော မိသားစုဝင်များအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံး၏ မှန်ကန်ကြောင်းထောက်ခံချက်ရှိရန်၊ မိမိဆန္ဒအရပြန်လာသူဖြစ်ရန်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်မွေးဖွားခဲ့သည့် ကလေးများဖြစ်ပါက မိဘနှစ်ပါးလုံးမှာ မြန်မာနိုင်ငံတွင်နေထိုင်ခဲ့သူများ ဖြစ်ရန်နှင့် နေရန်စွန့်ခွာသူများက ဘင်္ဂလားဒေ့ရှ်လက်သို့ရောက်ရှိပြီး မွေးဖွားသည့်ကလေးများ အတွက်မှန်ကန်ကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံး၏ ထောက်ခံချက် ပါရှိ၇မည်ဟူ၍ဖော်ပြထားသည်ကို တွေ့၇သည်။ (NN-18)