Preview

ပေါက်တောတွင် သမဝါယမနှင့် ကျေးလက်ဦးစီးမှူး ရေနစ်သေဆုံး

မတ် ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :2209
ရခိုင် သတင်း

နိရဥ္စရာ၊ မတ် ၂၄ /၂၀၂၃

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးမှူးဒေါ်အုန်းတင်သည်ယနေ့နံနက်က ရေနစ်သေဆုံးသွားကြောင်း သိ၇သည်။

ဒေါ်အုံးတင်(၅၇)နှစ်သည် ယနေ့မတ်လ ၂၄ ရက်၊ နံနက်က ပေါက်တောမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ဘဲသောက်ကန်အမည်ရှိသောက်သုံးရေကန်ထဲတွင် ရေနစ်သေဆုံးသွားခြင်းဖြစ်ပြီး အလောင်းကို နံနက် ၆နာရီ ၄၅ မိနစ်က ကန်ထဲတွင်တွေ့ရှိခဲ့သည်ဟု အလောင်းကိုဆယ်ယူခဲ့သည့်ပေါက်တောမြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးမှူးဦးမျိုးမင်းထွန်းက ပြောသည်။

"အခုမနက်ကအလောင်းကိုတွေ့တော့ ကျနော်တို့ကိုအကူညီတောင်းလို့ ဆယ်ပေးတာပါ။ဆေးရုံကိုပို့ထားပါတယ်" ဟု ပြောသည်။

သေဆုံးသူ ဒေါ်အုံးတင်မှာအလယ်ပိုင်းရပ်ကွက်၊ မင်းစောမွန်လမ်းတွင် နေထိုင်သူဖြစ်ပြီး နေ့စဉ်နံနက်အစောကြီးတွင်ရေခပ်ထွက်လေ့ရှိကြောင်း မြို့ခံ ကိုကျော်ကျော်ခိုင်က ပြောသည်။

"သူကမနက်အစောကြီးအဲဒီကန်မှာ ရေခပ်လေ့ရှိတယ်လို့သိရတယ်။ အဲဒါ ရေထွက်ခပ်ရင်းနဲ့ မတော်တဆရေနစ်တာမျိုးဖြစ်နိုင်ပါတယ်" ဟု ပြောသည်။

အလောင်းကို ဆယ်ယူခဲ့သည့်မီးသတ်တပ်ဖွဲ့၏ပြောပြချက်အ၇ အလောင်းမှာ ရိုးရိုးရေနစ်ခြင်းဖြစ်ပြီးခန္ဓာကိုယ်ပေါ်တွင် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရကြောင်း သိ၇သည်။

လက်ရှိတွင် သေဆုံးသူဒေါ်အုံးတင်၏အလောင်းကို ပေါက်တောဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းသိ၇သည်။ (NN-23)

ဓာတ်ပုံ-ပေါက်တောမီးသတ်ဦးစီးဌာန

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.