Preview

မောင်တောမြို့နယ်သို့ ထိုင်းစိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာပညာရှင်များစေလွတ်မည်

မတ် ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :4339
ရခိုင် သတင်း

နိရဥ္စရာ၊ မတ်၂၄/၂၀၂၃

မောင်တောနယ်စပ်ဒေသတွင် ထိုင်းနိုင်ငံကဆန်စက်တည်ဆောက်ရေးနှင့် ငါးမွေးမြူရေး လုပ်ငန်းများအတွက် ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများအတွက် ထိုင်းစိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာပညာရှင်များစေလွတ်မည်ဟု မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီးက ထုတ်ဖော်ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၈ရက်နှင့် ၉ ရက်နေ့တို့တွင် မောင်တောဒေသမှ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံနိုင်ရေးအခြေအနေကို လာရောက်ကြည့်ရှုခဲ့စဉ်ကထိုင်းသံအမတ်ကြီး မစ္စတာ မုံခွန်းဝိစစ်စတန်က ထိုသို့ပြောဆိုခဲ့ကြောင်းမတ်လ ၂၃ ရက် စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ ဆောင် ရွက်နေတာရှိပါတယ်။ ဥပမာအားဖြင့် မောင်တောမှာ ဆန်စက်တည်ဆောက်မယ့် စီမံကိန်းဖြစ်ပါတယ်။ နောက်ငါးမွေးမြူရေး လုပ်ငန်းအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ပို့ချတာလည်းရှိပါတယ်။ ဆန်စက်မှာ စက်ပစ္စည်းတွေတပ်ဆင်ဖို့နဲ့ ငါးကန် တူးဖော်ဖို့တို့အတွက် နည်းပညာရှင် တွေလည်းစေလွှတ်သွားဖို့ ရှိပါတယ်။ အဆင့်မြင့်စိုက်ပျိုးရေးစက်ကိရိယာများ အသုံးပြုပြီးစိုက်ပျိုးရေးနည်း စနစ်တွေသင်ကြားပို့ချတာလည်း ရှိပါတယ်ဟု ထိုင်းသံအမတ်ကြီးက ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့်ရခိုင်ပြည်နယ်တွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး အထူးသဖြင့် မောင်တောဒေသတွင် ဆန်စက်တည်ဆောက်ရေးအပါအဝင်ငါးမွေးမြူရေးစီမံကိန်းများကို စတင်အကောင်အထည်ဖော်နေပြီဟု ၄င်းက ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့်မောင်တောဒေသတွင် အဆင့်မြင့်စိုက်ပျိုးရေးကိရိယာများအသုံးပြုပြီးစိုက်ပျိုးရေးနည်းစနစ်များသင်ကြားပို့ချပေးနေသလို စိုက်ပျိုးရေးလုပ်ငန်းအတွက်လယ်ထွန်စက် ၁၆ စီးနှင့် စင်တာတွင်အသုံးပြုရန် မော်တော်ဆိုင်ကယ် ၆စီးကို လှူဒါန်းထားကြောင်းလည်း ၄င်းက ပြောဆိုသည်။

ရခိုင်တွင်တရုတ်စီမံကိန်းဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်(SEZ)၊ ကျောက်ဖြူရေနက် ဆိပ်ကမ်း၊ အိန္ဒိယနိုင်ငံကရင်းနှီးမြှုပ်နှံမှုဖြစ် ကုလားတန်မြစ်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း၊ဗီယက်နမ်ကုမ္ပဏီ၏ နေပူတောင်မာဘယ်ကျောက်ထုတ်လုပ်ရေးစီမံကိန်းများကို စစ်ကောင်စီကဆောင်ရွက်နေပြီး လက်ရှိ မောင်တောဒေသတွင် ထိုင်းနိုင်ငံ၏ စီးပွားရေးစီမံကိန်းများကိုထပ်မံ အကောင်အထည်ဖော်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ယခုကဲ့သို့ အကောင်အထည်ဖော်လာမှုအပေါ်ကြိုဆိုရမည်ဖြစ်သော်လည်းစီမံကိန်းအောင်မြင်မှုရှိ/မရှိဆိုသည်ကို စောင့်ကြည့်၇မည်ဟုလည်း ဒေသခံများကပြောဆိုကြသည်။

ယင်းအပြင်ထိုင်းနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသူများကိုပြန်လည်လက်ခံရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်အစိုး၇တို့ပူးပေါင်းကြိုးပမ်းနေမှုကို ထောက်ခံကြောင်းနှင့်ပြန်လည်လက်ခံရေးအတွက် ကောင်းမွန်စွာ ဆောင်ရွက်ထားသည်ကို တွေ့၇ကြောင်းပြောဆိုခဲ့သည်။

အဆိုပါထိုင်းသံအမတ်ကြီးမစ္စတာ မုံခွန်းဝိစစ်စတန်အပါအဝင် ၇ခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဒုတိယဥက္ကဋ္ဌ (၁)အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ မတ်လ ၈ ရက်နေ့ကမောင်တောဒေသ ပြန်လည်လက်ခံရေးစခန်းများသွားရောက်ကြည့်ရှုခဲ့သည်။

အဆိုပါအဖွဲ့၏ ယင်းခရီးစဉ်တွင် မောင်တောမြို့နယ်၊ငါးခူရပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းများသို့သွားရောက်ခဲ့ပြီး ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြသည်ဟုဆိုသည်။ (NN-23)


ပုံစာ- မောင်တောကညင်ချောင်းနယ်စပ်စီးပွားရေးဇုန်

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.