(Breaking News)
နိရဥ္စရာ၊မတ် ၂၅ / ၂၀၂၃
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်တော်ရပ်ကွက်၇ထားလမ်းတွင် ယနေ့ နံနက်က အမျိုးသား ၁ ဦး ရထားတိုက်ခံရ၍ ခြေထောက်နှစ်ဖက်စလုံး ပြတ်ထွက်သွားကြောင်း သိရှိ၇သည်။
ရထားတိုက်ခံ၇သော အမျိုးသားမှာစစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်မှ ဦးထွန်းထွန်း (၄၈)နှစ်ဖြစ်သည်ဟုလူနာအား သွားရောက်သယ်ယူခဲ့သည့် ရွှေရောင်မေတ္တာအသင်းမှ ကို ဒေးဗစ့်ကပြောသည်။
ယနေ့ မတ်လ ၂၅ရက်၊ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က ရေချမ်းပြင်မှပြည်တော်သာသို့ထွက်ခွာလာသည့် ၇ထားတွဲသည် ဓည၀တီဘောလုံးကွင်းနှင့်ဖိုးသာရွာလမ်းကြားသို့အရောက်တွ
“ခြေထောက်နှစ်ဖက်စလုံးပြတ်ထွက်သွားတယ်။ လူနာအခြေအနေက စိုးရိမ်ရပါတယ်။ အတိုက်ခံ၇တာနဲ့ပတ်သက်ပြီးတော့လူတွေတစ်ယောက်တစ်မျိုးပြောကြပါ
ထိုသို့ ရထားတိုက်ရသည့် အဖြစ်မှန်ကို လက်ရှိ အချိန်ထိ တိတိကျကျပြောနိုင်သူ မျက်မြင် မရှိသေး၍ ရထားတိုက်ရသည့် အကြောင်းကို တိတိကျကျ မသိ၇သေးပေ။
ရထားတိုက်ခံရမှုကြောင့်ဦးထွန်းထွန်း၏ခြေထောက်ရိုးနှစ်
လက်ရှိတွင် လူနာအားစစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ထားရပြီး စိုးရိမ်၇သည့် အခြေအနေရှိသည်ဟု ကူညီပေးနေသူများကပြောသည်။
အကြောင်းအမျိုးမျိုးကြောင့် နှစ်ကာလတာရှည်ရပ်နားနေခဲ့၇သည့်စစ်တွေ ပြည်တော်သာ-ရေချမ်းပြင် မီးရထားလမ်းပိုင်းကို ၇ထားတွဲ ၁တွဲတည်းဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်မှစတင်ကာပြန်လည်ပြေးဆွဲနေခြင်းဖြစ်သည်။ (NN – 21/ NN-23/ NN-8)