နိရဉ္စရာ၊ မတ် ၂၆/၂၀၂၃
စာပေဗဟုသုတ ရရှိရန်နှင့် မတူကွဲပြားမှု နားလည်လက်ခံတတ်လာအောင်ရည်ရွယ်ပြီး မောင်တောမြို့၊ ၄မိုင်ရပ်ကွက်ရှိ ကျေးရွာတို့တွင် “ အလင်းတစ်စက်”စာကြည့်တိုက်မှ အဖွဲ့ဝင်များသည် ရွေ့လျားစာကြည့်တိုက် အစီအစဉ် ပြုလုပ်ကာ တစ်ပတ်နှစ်ရက်ကျေးရွာများသို့ လှည့်လည်ပြီး စာကြည့်တိုက် ဖွင့်လှစ်က စာအုပ်များ ငှားရမ်းပေးနေကြောင်းသတင်းရရှိသည်။
တစ်ရွာဝင်တစ်ရွာထွက်ပြီး သုံးဘီးတစ်စီးပေါ် စာအုပ်များတင်ကာစနေနေ့ နှင့် တနင်္ဂနွေနေ့၂ ရက်တွင် ရွေ့လျားစာကြည့်တိုက် (MobileLibrary) အနေဖြင့်ပြုလုပ်နေကြသည်ဟု သိ၇သည်။
“ အလင်းတစ်စက် ”စာကြည့်တိုက်က တာဝန်ခံကိုကျော်အေးမောင်က “လူငယ်တွေဟာစာဖတ်ဖို့ကို အလေးထားတာကနေတစ်ဆင့် ရရှိလာတဲ့ အသိဉာဏ်တွေနဲ့ကိုယ့်ဝါသနာကို ဖော်ထုတ်တတ်လာဖို့ရယ်။မတူကွဲပြားတဲ့ လူ့အသိုင်းကြားတွေမှာ ၇ခိုင်၊ မွတ်ဆလင်၊ သက်၊ မြို တို့နဲ့ ထိတွေ့ဆက်ဆံလာရရင်အငယ်ကတည်းကနေ ဒီလိုမတူကွဲပြားတဲ့ စရိုက်လက္ခဏာတွေကို လက်ခံနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်”ဟု နိရဉ္စရာ သတင်းဌာနကိုပြောဆိုသည်။
စာပေများဖတ်ရှုခြင်းဖြင့် ဗဟုသုတများ တိုးပွားပြီး မတူကွဲပြားသည့်လူမျိုးတွေအကြား တစ်ဦးနှင့် တစ်ဦး အပြန်အလှန် နားလည်မှုများရရှိကာ လေးစားတတ်လာရာမှတစ်ဆင့် ပြဿနာများကို လျော့ချနိုင်ရန် ရည်ရွယ်သည်ဟုလည်း ၎င်း ပြောဆိုသည်။
“ ဒီအလေ့စရိုက်တွေကို အငယ်အရွယ်ကတည်းကနေ စာပေတွေဖတ်ရှုခြင်းဖြင့်ရရှိနိုင်ပါတယ်။ အသိဉာဏ်တွေကို ဖွံ့ဖြိုးတိုးတက်အောင်ရိုက်သွင်းပေးလိုက်မယ်ဆိုရင် လက်ရှိဖြစ်ပွားနေတဲ့ ဘာသာရေး၊ လှုမှုရေးပြသနာတွေကို အတတ်နိုင်ဆုံး လျော့ချနိုင်မယ်။ ဒါတွေကို ထိရောက်အောင် လုပ်ပေးချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီလို ရွှေ့လျားစာကြည့်တိုက် လုပ်၇ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
ယခုနှစ် ပြီးခဲ့သည့် မတ်လ၁ ရက်နေ့မှ စတင်ကာ ၄ မိုင်ရပ်ကွက်ရှိ ကျေးရွာ ၈ ရွာခန့်ကို တစ်ရွာဝင်၊ တစ်ရွာထွက်ပြီးလုပ်ဆောင်နေကြသည်မှာ ၄ ကြိမ်မြောက်ရှိခဲ့ပြီဟု ပြောဆိုသည်။
ရွေ့လျားစာကြည့်တိုက် အနေဖြင့် ဆောင်ရွက်ကြရာတွင်အဓိက လူငယ်များ၏ ဝါသနာ၊ ရည်မှန်းချက်များကို အလေးထားပြီး စာရွက်ပေါ်တွင်ရေးချစေလိုခြင်း နှင့် ပတ်ဝန်းကျင်တွင် မရှိမဖြစ်လိုအပ်တဲ့ Sex Education (လိင်ပိုင်းဆိုင်ရာပညာပေး)နှင့် ပတ်သတ်သည့် အကြောင်းအရာ များကိုလည်းလူငယ်များ နားလည်လွယ်အောင် ပုံပြင်များ၊ ကာတွန်းများ၊ ဝတ္ထုများ၊ ပိုစတာ လေ့ကျင့်ခန်းများနှင့်တကွအသိပညာပေး မျှဝေခဲ့သည်ဟုလည်း ၎င်းကပြောသည်။
“ ရွာက ကလေးတွေကိုပုံပြင်ပြောပြတယ်။ စာဖတ်ခိုင်းတယ်။ ပုံဆွဲခိုင်းတယ်။ သူတို့ရဲ့ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် သူတို့ကိုယ်တိုင်က ဘာတွေလိုအပ်တာရှိလဲ။လွတ်လွတ်လပ်လပ် လုပ်ချင်တဲ့ အရာတွေကို ချရေးခိုင်းတယ်။ စကားပြောခိုင်းတယ်။နောက်တစ်ခုက Sex Education တွေကိုလည်း ဟောပြောတာတွေပြုလုပ်တယ်။ ကလေးတစ်ယောက်ကိုပေါ့ သူတို့မကြိုက်တာကိုကျီစယ်တာတို့ ဒါတွေကို မဖြစ်၇အောင် လျော့နည်း ကျဆင်းသွားအောင် ကလေးတွေရဲ့ မိဘတွေကသိရှိဖို့အတွက် အသိပညာပေးလုပ်ရပ်တွေ လုပ်ပါတယ် ” ဟုပြောသည်။
၎င်းအဖွဲ့သည် ကိုဗစ်ဒုတိယလှိုင်းစတင်ဖြစ်ပွားချိန်မှစပြီး၊ ကိုဗစ်ပစ္စည်းများ ဖြန့်ဝေပေးခြင်း၊ကိုဗစ် အသိပညာပေးခြင်း၊ ရေဘေးဒုက္ခသည်များကို ကယ်ဆယ်ပေးခြင်း၊ကျန်းမာရေး ထောက်ပံ့ကူညီပေးခြင်း၊စစ်ဘေးရှောင်များကို အဝတ်အထည်များ လှူဒါန်းခြင်း နှင့် ရပ်ရွာတို့တွင် နွေဦးစာပေလှုပ်ရှားမှုများကိုတစ်ပိုင်းတစ်နိုင် လုပ်ဆောင်နေသည်ဟုလည်း သိ၇သည်။
လက်ရှိတွင်“ အလင်းတစ်စက် ”စာကြည့်တိုက်အဖွဲ့သည်၂ လတာ နွေရာသီအင်္ဂလိပ်စာသင်တန်း တစ်ခုကိုလူငယ် ၉၀ ကျော်ခန့်ကို သင်ကြားပေးနေသည်ဟုလည်းသိ၇သည်။
လက်ရှိတွင်အလင်းတစ်စက် စာကြည့်တိုက် အဆောက်အဦးတစ်ခု ဖြစ်မြောက်ရေးအတွက်လည်းမြေနေရာရွေးချယ်ထားပြီးဖြစ်ကာ မကြာခင် လပိုင်းအတောအတွင်းတွင်စာကြည့်တိုက်တစ်ခု တည်ဆောက်နိုင်ရန် စာအုပ်များစုဆောင်းနေပြီးစာကြည့်တိုက်အတွက် အသုံးအဆောင်ပစ္စည်း ကိရိယာတန်ဆာ
ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် စိတ်ပါဝင်စားသူ ၅ ဦးက စေတနာ့ဝန်ထမ်း အဖွဲ့အနေဖြင့် “ သက်လူငယ်ဖွံ့ဖြိုးတိုးတက်ရေး