Preview

ရခိုင်မှ နိုင်ငံရေးပါတီ ၅ ခုမှတ်ပုံပြန်တင်ရန်လျှောက်ထားပြီး ၃ ခု ဆက်မတင်ခဲ့

မတ် ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :6087
ရခိုင် သတင်း
နိရဥ္စရာ၊ မတ် ၂၈/၂၀၂၃


ရခိုင်ပြည်နယ်မှနိုင်ငံရေးပါတီ ခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံပါတီမှတ်ပုံတင်အသစ်ပြန်တင်ရန် လျှောက်ထားပြီး ပါတီ၃ ခုမှာပြန်မတင်ခဲ့တော့ကြောင်း သတင်းရရှိသည်။

 

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံတင်ရန်လျှောက်ထားခဲ့သည့် ပါတီများမှာ ဒေါက်တာအေးမောင်ဦးဆောင်သည့်၇ခိုင့်ဦးဆောင်ပါတီ (AFP)ဦးသာထွန်းလှ ဦးဆောင်သည့် ၇ခိုင်အမျိုးသားပါတီ(ANP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊၇ခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ (RSNUP)နှင့် မြိုတိုင်းရင်းသားပါတီတို့ ပါတီတို့ ဖြစ်ကြသည်။

ပါတီမှတ်ပုံမတင်ရန်ဆုံးဖြတ်ထားသည့် ပါတီများမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ကမန်အမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ(DNDP)တို့ ဖြစ်သည်။

ပြည်ထောင်စုအဆင့်ရွေးကောက်ခံနိုင်ငံရေးပါတီတစ်ခုဖြစ်သည့်ကမန်အမျိုးသားတိုးတက်ရေးပါတီအနေဖြင့် လူမျိုးစုအရေးအတွက်ပါတီဆက်လက်တည်ထောင်ချင်သော်လည်း မှတ်ပုံတင် ဥပဒေသစ်၏ ကန့်သတ်ချက်များအ၇ပြည်ထောင်စုအဆင့်လောက်မဟုတ်ဘဲ ပြည်နယ်အဆင့် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ရန်ပင်အခက်အခဲရှိသည့်အတွက် ပါတီမှတ်ပုံမတင်ရန် ယမန်နေ့ မတ်လ ၂၇ ရက်တွင်ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပါတီအတွင်းအရေးမှူး ဦးကျော်ငြိမ်းကပြောသည်။

"ကျွန်တော်တို့ပါတီက ပြည်ထောင်စုအဆင့်စည်းရုံးဖို့ဖွဲ့စည်းထားတဲ့ပါတီဆိုတော့ လက်ရှိ အနေအထားအ၇ ပါတီမှတ်ပုံတင်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ပြည်ထောင်စုအဆင့်ဆိုတာက ငွေကြေးရယ်။ပါတီဝင်အင်အားရယ်။ အဲလို ဥပဒေသစ်ရဲ့ ကန့်သတ်ချက်ကြောင့် အဆင်မပြေနိုင်တော့ဘူး"ဟု ပြောသည်။

ကမန်အမျိုးသားတိုးတက်ရေးပါတီကို ပြီးခဲ့သည့်ဆယ်စုနှစ်တစ်ခုကျော်ကြာ ၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး၂၀၁၀ ရွေးကောက်ပွဲတွင် ၇ခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၄ နေရာဝင်ရောက်ရွေးကောက်ခံခဲ့သည်။

၂၀၁၃ ခုနှစ်တွင်ပြည်ထောင်စုအဆင့်ရွေးကောက်ခံပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး၂၀၁၅ ရွေးကောက်ပွဲမှစတင်ကာ ပြည်ထောင်စုအဆင့်တွင် မဲဆန္ဒနယ် ၄နေရာနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅ နေရာပါဝင်ယှဉ်ပြိုင်ခဲ့သည်။

အလားတူဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီအနေဖြင့်လည်း မှတ်ပုံတင်ဥပဒေသစ်၏ကန့်သတ်ချက်အ၇ လူအင်အား၊ ငွေကြေးအင်အားမတတ်နိုင်၍ ပါတီမှတ်ပုံပြန်မတင်ရန်ဆုံးဖြတ်ထားကြောင်း ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီဥက္ကဋ္ဌဦးအောင်ကျော်ဇောက ပြောသည်။

"ဥပဒေသစ်ကပါတီမှတ်ပုံတင်ပြန်တင်ဖို့ငွေကြေးသိန်းတစ်ရာဆိုတာက ကျွန်တော်တို့အနေနဲ့ မတတ်နိုင်ဘူး။ပါတီဝင်အင်အားတစ်ထောင်ဆိုတာလည်း အဆင်မပြေဘူး" ဟု ပြောသည်။

ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီဗဟိုရုံးမှာ ဘူးသီးတောင်မြို့တွင်ရှိပြီးဘူးသီးတောင်၊ မောင်တောနှင့် ကျောက်တော်မြို့နယ်တို့တွင်စုစုပေါင်းပါတီဝင် ၇၀၀ ဦးသာရှိကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။

ယင်းပါတီကို ၂၀၁၅ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီးဘူးသီးတောင်မြို့နယ်တွင် ပြည်နယ်လွှတ်တော် တစ်နေရာနှင့်အမျိုးသားလွှတ်တော်တစ်နေရာ၊ မောင်တောမြို့နယ်တွင်ပြည်နယ်လွှတ်တော်တစ်နေရာ ဝင်ရောက်ရွေးကောက်ခံခဲ့သည်။

ရခိုင်မှနောက်ထပ်ပါတီတစ်ခုဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီကလည်းစစ်ကောင်စီထံ ပါတီမှတ်ပုံမတင်ရန် ဖေဖော်ဝါရီလ ၂၅ ရက်ကပင် ဆုံးဖြတ်ထားသည်။

စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲမှာပြည်သူလူထုစိတ်ဝင်စားမှုမရှိသည့် ရွေးကောက်ပွဲဖြစ်သည့်အပြင် ALD ပါတီအနေဖြင့်အာဏာရှင်နှင့် မပူးပေါင်းရန် မူဝါဒ ချမှတ်ထားသည့်အတွက် ပါတီမှတ်ပုံမတင်ရန်ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း ALD ကတရားဝင်ထုတ်ဖော်ပြောဆိုထားသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းနည်းဥပဒေသစ်ကို ဇန်နဝါရီ ၂၆ ရက်တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ပြီးနောက်ဥပဒေသစ်အ၇ ပါတီမှတ်ပုံတင်လျှောက်ထားရန်UEC ကဖိတ်ခေါ်ခဲ့သည်။

ဇန်နဝါရီ ၃၁ ရက်မှရက်ပေါင်း ၆၀ အတွင်း UEC ထံပါတီမှတ်ပုံတင်ခြင်းမရှိသည့်ပါတီများကို နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပျက်ပြယ်သွားမည်ဟုလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရွေးကောက်ပွဲကျင်းပမည့်ရက်ကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် မကြေညာသေးသော်လည်းရခိုင်ပြည်တွင်းရွေးကောက်ပွဲအတွက် မဲရုံသတ်မှတ်ခြင်းများ၊မဲစာရင်းထုတ်ပြန်နိုင်ရေးတို့ကို ဆောင်ရွက်နေပြီဟုရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်ကနိရဥ္စရာသို့ ပြောဆိုထားသော်လည်း ၇ခိုင်တစ်ပြည်လုံး မဲရုံအရေအတွက်ကိုမူထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးပေ။ (NN-23)

ဓာတ်ပုံ -ပါတီမှတ်ပုံမတင်ရန်ဆုံးဖြတ်ခဲ့သည့် ALD နှင့် ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.