Preview

စစ်ကောင်စီထံ မှတ်ပုံတင်ရန် ပါတီ ၆၀ ကျော်လျှောက်ထား၊ NLD အပါအဝင် ပါတီ ၄၀ကိုဖျက်သိမ်း

မတ် ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :4235
ရခိုင် သတင်း

နိရဥ္စရာ ၊ မတ် ၂၈ /၂၀၂၃

စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ပါတီမှတ်ပုံတင်ရန်နိုင်ငံရေးပါတီ ၆၀ ကျော် လျှောက်ထားပြီး သတ်မှတ်အချိန်အတွင်းလျှောက်ထားခြင်းမပြုသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အပါအဝင် ါတီ၄၀ ကို ဖျက်သိမ်းလိုက်ကြောင်း ယနေ့ညနေပိုင်းတွင် UEC က ထုတ်ပြန်သည်။

ပါတီမှတ်ပုံတင်နည်းဥပဒေ ကန့်သတ်ချက်ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံတင်နည်းဥပဒေ ပုဒ်မ ၂၅ အ၇ ပါတီအဟောင်းကိုပြန်လည်မှတ်ပုံတင်လျှောက်ထားသည့် ပါတီ ၅၀ ရှိပြီး ပုဒ်မ ၃ အ၇ပါတီအသစ်ထူထောင်လျှောက်ထားသည့်ပါတီ ၁၃ ပါတီရှိကြောင်း UEC က ယနေ့မတ်လ ၂၈ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

သတ်မှတ်အချိန်အတွင်းမှတ်ပုံတင်ရန်လျှောက်ထားခြင်းမရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင်ပါတီပေါင်း ၄၀ ကို ဖျက်သိမ်းလိုက်ပြီဟု စစ်ကောင်စီလက်အောက်ခံ UEC က ဆိုသည်။

စစ်ကောင်စီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ရခိုင်ပြည်နယ်မှနိုင်ငံရေးပါတီ ၅ ခု မှတ်ပုံတင်ရန် အသစ်ပြန်လျှောက်ထားပြီး ပါတီ ၃ ခုမှာပြန်မတင်ခဲ့တော့ကြောင်း သိ၇သည်။

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံတွင်မှတ်ပုံတင်ရန် လျှောက်ထားခဲ့သည့် ၇ခိုင်မှ ပါတီများမှာဒေါက်တာအေးမောင်ဦးဆောင်သည့် ၇ခိုင့်ဦးဆောင်ပါတီ (AFP) ဦးသာထွန်းလှဦးဆောင်သည့် ၇ခိုင်အမျိုးသားပါတီ(ANP) ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊၇ခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ (RSNUP)နှင့် မြိုတိုင်းရင်းသားပါတီတို့ပါတီတို့ ဖြစ်ကြသည်။

ပါတီမှတ်ပုံမတင်ရန်ဆုံးဖြတ်ထားသည့် ပါတီများမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ကမန်အမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ(DNDP)တို့ ဖြစ်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းနည်းဥပဒေသစ်ကို ဇန်နဝါရီ ၂၆ ရက်တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ပြီးနောက်ဥပဒေသစ်အ၇ ပါတီမှတ်ပုံတင်လျှောက်ထားရန်UEC ကဖိတ်ခေါ်ခဲ့သည်။

ဇန်နဝါရီ ၃၁ ရက်မှရက်ပေါင်း ၆၀ အတွင်း UEC ထံပါတီမှတ်ပုံတင်ခြင်း မရှိသည့်ပါတီများကို နိုင်ငံရေးပါတီအဖြစ်မှအလိုအလျောက် ပျက်ပြယ်သွားမည်ဟုလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ ( NN-23)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.