စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်တွင် ဇန်နဝါရီမှ မတ်လကုန်ထိ သုံးလအတွင် မီးလောင်မှု (၃၃) ကြိမ် ဖြစ်ပွားခဲ့ပြီး ရဟန်းတစ်ပါးအပါအဝင် (၃) ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 6.7k

နိရဉ္စရာ၊ မတ် ၃၁/၂၀၂၃

ရခိုင်ပြည်အတွင်း ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ မီးလောင်မှုစုစုပေါင်း (၃၃) ကြိမ် ဖြစ်ပွားခဲ့ပြီး လူနေ အိမ် (၄၀)ကျော်နှင့် ဆိုင်ခန်းတချို့ မီးလောင်ဆုံးရှုံးခဲ့ကာ ရဟန်းတစ်ပါးအပါအဝင် (၃) ဦးသေဆုံးခဲ့ကြောင်း  ပြည်နယ်မီသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည့် စာရင်းဇယားများအရ သိရှိရသည်။

မီးလောင်မှုများမှာ ဇန်နဝါရီလအတွင်း (၁၅) ကြိမ်၊ ဖေဖော်ဝါရီလ အတွင်း (၁၂) ကြိမ်နှင့် မတ်လ အ တွင်း (၆) ကြိမ်တို့ဖြစ်သည်။

 ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်ခဲ့သည့် မီးလောင်မှု (၂၇) ကြိမ်တွင် ပေါ့ဆမီး (၇) ကြိမ်၊ မီးဖိုမီးမှ (၁၃) ကြိမ်၊ လျပ်စစ်မီးမှ (၅) ကြိမ်၊ ရှို့မီး (၂) ဖြစ်ပြီး ကာလတန်ဖိုး ကျပ်ငွေ သန်း (၁၇၄၈၃) ဖိုး ရှုံးဆုံးခဲ့ရသည် ဟု ပြည်နယ် မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရှိရသည်။

 ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့က ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ ဓမ္မမဏ္ဍိုင်ကျောင်းအတွင်း အဆောင်တစ် ဆောင် မီးလောင်ရာမှ ပျံလွန်ခဲ့သည့် ဦးကောဏ္ဍည အပါအဝင် (၃) ဦးမှာလည်း သေဆုံးခဲ့ရသည်ဟု သိရှိရ သည်။

 မီးလောင်မှုဖြစ်ပွားနှုန်းကို လျော့ချနိုင်အောင် မီးနှင့်ပတ်သတ်သည့် အသိပညာပေးမှုများနှင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားရန်လိုအပ်သည်ဟု ဝံလက်ဖောင်ဒေးရှင်း ဒါရိုတာတစ်ဦးဖြစ်သူ ဦးခိုင်ကောင်းစံက ယခုကဲ့သို့ ပြောသည်။

 "ကျွန်တော်တို့ ဒီနွေဦးကာလဆိုရင် ဆောင်းရာသီအစကနေ သတိထားရမှာပါ။ အဓိက အစိုးရမှာက မီးသတ် ဦးစီးဌာန ရှိပါတယ်။ မီးသတ်ဦးစီးဌာနက ကားတွေနဲ့ လှည့်ပြီးတော့ အသိပညာ ပေးတာပေါ့နော်။ မီးသတိပေးတာတို့။ နောက်ပြီး ရပ်ရွာ၊ ရပ်ကွက်တွေမှာလည်း မီးဆိုင်ရာ အသိပညာပေး ဆိုင်းဘိုးတို့ လူတွေသိအောင် ချိတ်ဆွဲ တာတွေ လုပ်သင့်တယ်။ နောက်ပြီး အရန်မီးသတ်တို့ ရပ်ကွက်တွေက လူငယ်တွေကို မီးသတ်သင်တန်းပေးထားတာတို့ နောက်ပြီး အိမ်တွေမှာ သဲအိတ်တို့၊ ရေပုံးတို့၊ မီးသတ်တဲ့ ချိတ်တို့ပေါ့နော်။ အမှန်တကယ် မီးသတ်ဖို့ အသုံးဝင်တဲ့ ကရိယာတွေကို ထားပေးဖို့လိုတယ်လို့ ပြောချင်ပါတယ်။"

 Photo by- Rakhine Fire Force
မတ်လ (၄) ရက် စက်ရုံစုရပ်ကွက် ဆီဆိုင်မီးလောင်မှု ငြှိမ်းသတ်နေပုံ

ဆက်စပ် သတင်းများ