Preview

ပန်းချီကားများ လေလံတင်ရောင်းချပွဲ စစ်တွေတွင်ပထမဆုံးအကြိမ်ပြုလုပ်မည်

ဧပြီ ၀၁/ ၂၀၂၃ | ကြည့်ရှုသူ :5822
ရခိုင် သတင်း

နိရဥ္စရာ၊ ဧပြီ ၁/၂၀၂၃

စစ်တွေတွင် ပြုလုပ်မည့် ပန်းချီပြပွဲတစ်ခုအတွင်းပန်းချီဆရာအများအပြား၏ လက်ရာပန်းချီကားချပ်များကိုထမဆုံးအကြိမ်အဖြစ် လေလံတင်ရောင်းချသွားမည်ဟုသိ၇သည်။

စစ်တွေမြို့မောလိပ်ရပ်ကွက်၊ ဦးအောင်ထွန်းဦးလမ်းတွင်ရှိသော Arakan Art Gallery ပန်းချီပြခန်း(၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ထိုသို့ထည့်သွင်းပြုလုပ်သွားမည်ဟုArakan Art Gallery” တည်ထောင်သူကိုခိုင်သူရိန်က ပြောသည်။

ကမ္ဘာမှာ “ArtAuction” ( အနုပညာလက်ရာများကိုလေလံတင်ခြင်း)က အများကြီးခေတ်စားတယ်။ မြန်မာနိုင်ငံအနေအထားနဲ့ရန်ကုန်ဘက်မှာဆိုရင် တစ်ပွဲတစ်လေလုပ်တာရှိတယ်။ ၇ခိုင်မှာ “Art Auction” နဲ့ပတ်သက်ပြီးတော့ လူတွေစိတ်ဝင်စားလာအောင် လုပ်သင့်လုပ်ထိုက်တဲ့ရည်ရွယ်ချက်နဲ့ ဒီပွဲကို လုပ်တာပါဟု နိရဥ္စရာကိုပြောသည်။

ယင်းအခမ်းအနားကို ဧပြီလ ၁ ရက်၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိယင်းပန်ချီပြခန်းအတွင်း ပြုလုပ်သွားမည်ဖြစ်သည်။

လေလံတင်ရောင်းချသွားမည့်ပန်ချီကား ၁၅ ချပ်ထဲတွင် ဆရာ သူရကျော်၊ ဆရာ ရွှေသိန်း၊ ဆရာ အောင်နိုင်၊ ဆရာအောင်လင်းထွန်း၊ ဆရာမနှင်းသီရိနှင့် ဆရာမ ဖြူစင်သန့်တို့၏ ပန်းချီကားများလည်းပါဝင်ပြီး ၎င်းပန်းချီကား ၁၅ ချပ်ကို အကြီး၊ အလတ်၊အငယ် အရွယ်အစားအလိုက် မူလတန်ဖိုးထက် ထက်ဝက်လျှော့ပြီး ကြမ်းခင်းဈေးနှုန်းဖြင့်လေလံတင် ရောင်းချပေးသွားမည်ဖြစ်ဟု ကိုခိုင်သူရိန်က ဆက်လက်ပြောဆိုသည်။

၎င်းမှရရှိလာသည့် အကျိုးအမြတ်များကိုအားကြိုးမာန်တက် လုပ်ဆောင်နေကြသည့် အသက်ကယ်လူမှုအဖွဲ့အစည်းများအား လှူဒါန်းရန်စီစဉ်ထားသည်ဟုလည်း ကိုခိုင်သူရိန်က ဆက်ပြောသည်။

မြောက်ဦးကိုအခြေခံပြီးဆွဲထားသည့် ပန်းချီကားချပ် ၂၀ ခန့်ကိုလည်း ယင်းအခမ်းအနားတွင်ပြသသွားမည်ဖြစ်သည်ဟု ဆိုသည်။

“Arakan Art Gallery ” ပန်ချီပြခန်းကိုပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ကိုခိုင်သူရိန်နှင့်အစ်ကိုဝမ်းကွဲဖြစ်သူ ကိုစိုးသန်းတို့က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်“Arakan Art Gallery” ၌ပန်းချီဆရာ ၂၄ ဦး၏ လက်ရာ  ပန်ချီကားချပ် ၁၀၀ ကျော်ရှိသည်ဟု သိ၇သည်။ (NN-13)

 

ဓာတ်ပုံ- Arakan Art Gallery တွင်ပြသထားသော ပန်းချီကားချပ်များအား တွေ့၇စဉ်။ (ပုံဟောင်း)

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.