Preview

စစ်ကောင်စီလူကြီးများအနေဖြင့် စစ်တွေမြို့လူထုအပေါ်စေတနာရှိပါက ရေရှည်အဆင်ပြေမည့် ခမီကြိမ်ချောင်းဆည်ကရေကို ပိုက်လုံးများဖြင့် သွယ်တန်းဖြန့်ဖြူးသင့်ဟုဆို

ဧပြီ ၀၁/ ၂၀၂၃ | ကြည့်ရှုသူ :8891
ရခိုင် သတင်း

နိရဉ္စရာ၊ ဧပြီ ၁/ ၂၀၂၃

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့်စစ်တွေမြို့လူထု အပေါ် စေတနာရှိပါက ရေတူးစက်ကြီးများဖြင့် လူမြင်ကောင်းအောင် ရေတူးပြနေမည့်အစားစ်တွေမှ၂၅ မိုင်ခန့်သာဝေးသည့်ပုဏ္ဏားကျွန်း မြို့နယ်ရှိ ခမီကြိမ်ချောင်းဆည်မှရေကိုပိုက်လုံးများဖြင့် သွယ်တန်းကာ ဖြန့်ဖြူးပေးသင့်ကြောင်း စစ်တွေမြို့မိမြို့ဖတစ်ဦးကနိရဥ္စရာသတင်းဌာကိုပြောသည်။

ရေတူးစက်နဲ့ တူးတာ ရေက ထင်သလောက် မထွက်ဘူးလို့ ကြားရတယ်။ ရေထွက်ရင်ကောဒီလောက်ကန်ကြီးကို ရေစုတ်တင် ဖြည့်ပေးဖို့ ဆီဖိုး နေ့တိုင်း ဘယ်သူက စိုက်မှာလဲ။ လူမြင်ကောင်းအောင်လုပ်နေမယ့် အစား ပုဏ္ဏားကျွန်းခမီကြိမ်ချောင်းဆည်ကနေပြီး စစ်တွေမြို့ကို ပိုက်လိုင်းရေသွယ်ရင် ပိုအဆင်ပြေမယ်။ မိုင် ၂၅ မိုင်လောက်ပဲ ဝေးတာပါ ရေရှည်အတွက်လည်း အဆင်ပြေမယ်။  ခိုင်ပြည်မှာလေ ဒီလောက်မိုးများတာ  ဒီမြို့တော်စစ်တွေမှာ ေရှားတယ်ဆိုတာ ရှက်ဖို့ကောင်းပါတယ်။ နွေရာသီ ရောက်တိုင်း စစ်တွေမြို့မှာရေမရှားတာမရှိဘူး။ဒီကိစ္စကို အမြဲတမ်းရင်ထဲမှာ ခံစားနေ၇တယ်ဟု  အဆိုပါ မြို့မိမြို့ဖက ပြောသည်။

စစ်တွေမြို့ပေါ်ရပ်ကွက်၃၀ ခန့်ကို သောက်သုံးရေဖြန့်ဖြူးပေးနေသည့် ကန်တော်ကြီးတွင် နှစ်စဉ်နှစ်တိုင်း ရေခမ်းခြောက်သဖြင့်  မြို့သူမြို့သားများမှာသောက်သုံးရေ ရရှိရန် အခက်အခဲများနှင့်အမြဲကြုံတွေ့နေရသည်ဟု သိ၇သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၈ ရက်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တွေမြို့သို့ရောက်ရှိလာစဉ် ရေခမ်းခြောက်လျက်ရှိသည့်ကန်တော်ကြီးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှညွှန်ကြားရေးမှူး ဦးကျော်မိုးတို့နှင့်အတူ သွားရောက်ကြည့်ရှုခဲ့ပြီး စက်ကြီးများဖြင့် စက်ရေတွင်းများ တူးပြီး ကန်တော်ကြီးအားရေဖြည့်ရန် ညွှန်ကြားခဲ့သည်ဟု သိ၇သည်။

သို့ရာတွင် စက်ကြီးများဖြင့် စက်ရေတွင်းများ တူးသော်လည်းထင်သလောက် ရေမထွက်သဖြင့် ကန်တော်ကြီးကို ရေဖြည့်ရန် အခက်အခဲကြုံတွေ့နေ၇သည်ဟု ဆိုသည်။

နိရဉ္စရာသတင်းဌာမှ ကိုယ်တိုင် သွားရောက်ပြီး စက်တွင်းတူးနေရာသို့သွားရောက်ပြီး မေးမြန်းရာတွင်လည်း တာဝန်ရှိသူများက ကန်တော်ကြီးကို ရေဖြည့်လောက်အောင်ထိမြေအောက်ရေ အလုံအလောက်ရရှိရန် အခက်အခဲရှိနေသည်ဟု ပြောဆိုခဲ့သည်။ စစ်တွေမြို့မှ ၂၅ မိုင်အကွာ (ပုဏ္ဏားကျွန်းမြို့မှ၁၁ မိုင်ခန့်အကွာ) တွင် တည်ရှိသည့်ခမီကြိမ်ချောင်း ဆည်မှ ရေကို ပိုက်လုံးများဖြင့် သွယ်တန်းပြီး ကန်တော်ကြီးကို ရေဖြည့်ကာစစ်တွေမြို့ကို ရေပေးဝေခြင်းမှာ ပိုပြီး အကျိုးရှိမည်ဖြစ်ပြီး စစ်တွေမြို့တွင် ကြုံတွေ့နေရသည့်ရေပြဿနာကိုလည်း ရေရှည် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောဆိုသည်။

 “ကျွန်တော်တို့ လွှတ်တော်တာဝန်ရှိတုန်းကလည်းလွှတ်တော်မှာ တင်ပြပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာက ခွင့်ပြုချက်မ၇ခဲ့ဘူး။ ငွေကြေးကုန်ကျမှုများတယ်။ဒီဆည်ဟာ ပုဏ္ဏားကျွန်း စက်မှုဇုန်အတွက်သာဖြစ်တဲ့အတွက်ဆိုပြီး ခွင့်ပြုမပေးပါဘူး။စက်မှုဇုန်က အခုဖြစ်မှာလည်း မဟုတ်သေးပါဘူး။ အခုက စစ်တွေမှာလူပေါင်းများစွာက အခက်အခဲဖြစ်နေကြပြီ။ အဲ့ဒီရေကို သက်ဆိုင်ရာက သွယ်ဖို့ကြိုးစားသင့်တယ်လို့မြင်ပါတယ် ဟုပြောသည်။

ခမီကြိမ်ချောင်းဆည်သည် အလျားပေ ၆၆၀ နှင့် အမြင့်ပေ ၉၀ပေရှိပြီး အသုံးပြုနိုင်သည့် ရေလှောင် ပမာဏမှာ ဂါလံသန်း ၂၇၃၆ သန်း ရှိည်ဟု သက်ဆိုင်၇ာ အစိုး၇ဌာ၏ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိ၇သည်။
ယင်းခမီကြိမ်ချောင်းဆည်ကိုပုဏ္ဏားကျွန်းစက်မှုဇုန်အတွက်ရည်ရွယ်ကာ ဘတ်ဂျက်ငွေ အများအပြားဖြင့် အစိုး၇က ၂၀၁၄-၂၀၁၅ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော်လည်း ပုဏ္ဏားကျွန်းစက်မှုဇုန် စီမံကိန်းမှာရပ်နားသွား ပြီဖြစ်သဖြင့် ၎င်းဆည်မှ ရေကို စစ်တွေမြို့သို့ ဖြန့်ဖြူးရန် ဒေသခံပြည်သူများကလိုလားနေကြခြင်း ဖြစ်သည်။

စစ်တွေမြို့ကို ရေပေးဝေနေသည့် ကန်တော်ကြီးသည် အင်္ဂလိပ်တို့ ၇ခိုင်ကို သိမ်းပိုက် အုပ်ချုပ်စဉ် ၁၉၀၆ ခုနှစ်တွင်စတင်တူးဖော်ခဲ့ခြင်းဖြစ်ပြီး  ယင်းအချိန်ကမြို့ရှိလူဦးရေအတွက် သောက်သုံးရေဖူလုံနိုင်ခဲ့သော်လည်း လက်ရှိတွင်မြို့နေလူဦးရေထူထပ်များပြားလာသည့်အတွက် ၂၀၁၄ ခုနှစ်နောက်ပိုင်းမှစတင်ကာသောက်သုံးရေဖူလုံစွာ ဖြန့်ဖြူးပေးနိုင်ခြင်းမရှိတော့ဟု မြို့ခံများက ပြောသည်။

ထိုကန်တော်ကြီးအား၂၀၁၄ နောက်ပိုင်းမှစတင်ကာ ဘတ်ဂျက်အမြောက်အများအကုန်အကျခံကာ အစိုး၇က နှစ်စဉ်လိုလိုတူးဖော်မှုများပြုလုပ်ကြသော်လည်း ငွေအလွှဲသုံးစားမှုများသဖြင့် စီမံကိန်းများမှာ အောင်မြင်မှု မရှိဘဲ ွေရောက်သည်နှင့်နှစ်စဉ် ရေများခမ်းခြောက်လျက်ရှိကြောင်း သိ၇သည်။

ကန်တော်ကြီး မြေအောက်အနက်တွင်ကျောက်ကြောများအထပ်ထပ်ခံနေ၍ ထပ်မတူးသင့်တော့ဘဲ မြို့နေလူထုအတွက် လိုအပ်နေသည့်ရေကို ခမီကြိမ်ချောင်းဆည်မှ ပိုက်လုံးများဖြင့် သွယ်ကာ  ုံလောက် ပေးဝေသင့်သည် ကျွမ်းကျင်သူများကလည်း အကြံပြုပြောဆိုကြသည်။

ကန်တော်ကြီးက ရေမရရှိသဖြင့်  မြို့နေလူထုအများစုမှာ အဝီစိရေတွင်းများတူးကာမြေအောက်ရေများကို သုံးစွဲနေ၇ပြီး အချို့ရပ်ကွက်များရှိ အဝီစိရေများမှာသန့်ရှင်းမှုမရှိ၍ ရေကို ပြင်ပက ငွေကုန်ကြေးကျခံကာ ဝယ်ယူသုံးစွဲနေရသည်ဟုဆင်ကူးလမ်းရပ်ကွက်သားတစ်ဦးက ပြောသည်။

ဦးလေးတို့ဘက်မှာအဝီစိရေတူးလည်း ရေကမကောင်းဘူး။ ရွှံနံ့နံတယ် ရေက အကြီးအကျယ် ဒုက္ခဖြစ်နေတယ်။ ဝယ်သုံးဖို့ကလည်း ပိုက်ဆံ မတတ်နိုင်တော့အခက်အခဲ ကြုံနေကြ၇တယ်ဟုပြောသည်။

စစ်တွေကန်တော်ကြီး ရေခမ်းခြောက်မှုမရှိစေရေး၊မြို့နေလူထု သောက်သုံးရေ ဖူလုံမှုရရှိစေရေးနှင့် ပုဏ္ဏားကျွန်းရှိခမီကြိမ်ချောင်းဆည်မှ စစ်တွေကန်တော်ကြီးသို့ ပိုက်များဖြင့်ရေသွယ်တန်းပေးနိုင်ခြင်းရှိ /မရှိ စသည်တို့နှင့်ပတ်သက်ပြီး သိရှိလို၍ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့မှ ညွှန်ကြားရေးမှူးဦးကျော်မိုးတို့ကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။(NN-13)

ဓာတ်ပုံ -  Khamee National CultureNetwork

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.