နိရဥ္စရာ၊ ဧပြီ၁/၂၀၂၃
စစ်တွေမြို့ရှိ လောကာနန္ဒာစေတီထီးတော်သစ်အား စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တင်လှူခဲ့၍စေတီတော် ပ၇ဝုဏ်တွင်စာမေးပွဲဖြေဆိုနေကြသည့် စာဖြေသံဃာတော်များသည် နေရာပြောင်းရွေ့ပြီး စာမေးပွဲ ဖြေဆိုနေ၇သည်ဟုသိ၇သည်။
စစ်တွေမြို့၊ရဲနွယ်စုရပ်ကွက်မှ လောကာနန္ဒာစေတီတော်ပရဝုဏ်အတွင်း
ယင်းသို့ဖြေဆိုနေစဉ် မတ်လ၂၈ ရက်မှစတင်ကာစာဖြေသံဃာတော်များကို စစ်တွေရှိ ဘုရားကြီးနှင့် ဘုရားကြီးအနီးရှိဧစေတီတို့တွင် နေရာပြောင်းရွေ့ဖြေဆိုခိုင်းခဲ့
“မတ် ၃၁ ရက် မနက် ၉ နာရီမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လောကာနန္ဒာစေတီမှာ ထီးတော်သစ်တင်လှူတယ်လေ။ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်တယ်လေ။အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စာဖြေဌာနကို ဘုရားကြီးနဲ့ ဧစေတီကိုပြောင်းခဲ့ရတယ်။ စေတီပ၇ဝုဏ်မှာတော့ ရဟန်းသံဃာတော်တွေကို ပင့်ဖိတ်ပြီးတော့ဘုရားအနေကဇာတင်မယ်၊ အခမ်းအနားလုပ်ဖို့အတွက် နေရာထိုင်ခင်းမရှိဘူးလေ။အဲဒီဘုရားပ၇ဝုဏ်အထဲမှာပဲ အဲဒီသာသနာ့ဗိမာန်အဆောင်ပဲရှိတယ်
စာဖြေသံဃာတော်များသည် ယနေ့ဧပြီ ၁ ရက်အထိ လောကာနန္ဒာစေတီ ပရဝုဏ်အတွင်းစာမေးပွဲ ဖြေဆိုခွင့် ပြန်မရရှိသေးဘဲ ဘုရားကြီးနှင့် ဧစေတီတွင်ဆက်လက်ဖြေဆိုနေ၇ဆဲဖြစ်သည်။
လောကာနန္ဒာစေတီတော်ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးသို့ ထပ်မံရွေ့ပြောင်း/မပြောင်းမသိ၇သေးဟု ဆက်လက်မိန့်သည်။
“အခက်အခဲကတော့ မရှိခဲ့ဘူး။အားလုံး မြို့နယ်သံဃာ့နာယကအဖွဲ့ကနေစလို့ သာသနာရေးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေကပါအားလုံး စီမံခန့်ခွဲပြီးတော့ အားလုံးဆောင်ရွက်ပေးလို့ အားလုံးအဆင်ပြေကြပါတယ်”ဟုမိန့်သည်။
အဆိုပါစာမေးပွဲကို မွန်းတည့်၁၂ နာရီမှ နေ့လယ် ၃ နာရီအထိကျင်းပခြင်းဖြစ်ပြီး ဧပြီ ၂ ရက်နှင့် ၃ရက်တို့တွင် အလတ်တန်းနှင့် အကြီးတန်းတို့ ဖြေဆိုရန်ရှိသေးသည်ဟု သိ၇သည်။(NN-16)