ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင်၌ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၄ ဦး အဖမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.3k

နိရဉ္စရာ၊ ဧပြီ - ၂၀၂၃

 

ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင်၌ တရားမဝင်ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၄ ဦးတို့ကို မတ်လ ၃၀ ရက်နေ့က ဖမ်းဆီးရမိလိုက်ကြောင်း ထိုင်းအထူးတပ်ဖွဲ့ ၂၅ က ဧပြီလ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

 

ယင်းနေ့ ၁၀ နာရီခွဲခန့်က ချွန်ဖော်ခရိုင်အတွင်း ထိုင်းတာဝန်ရှိသူများက ပစ်ကပ်ကား ၂စီးကို ရပ်တန့် စစ်ဆေးရာ ကားအနောက်ဖက်တွင် မိုးကာစဖြင့်ဖုံးအုပ်တင်ဆောင်လာသည့် မြန်မာရွှေ့ပြောင်းအလုပ် သမားများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄ဦးထဲက (ကျား ၁၆၊ ) ဦးတို့ဖြစ်ကြောင်း၊ ၎င်းတို့သည် မြန်မာနိုင်ငံ ဖက်ခြမ်းမှ ထိုင်းနိုင်ငံဘက်ခြမ်း ပရာကျွတ်ခီရီခမ်ခရိုင်ထဲကို တောလမ်းမှတဆင့် ဝင်ရောက်လာပြီး ထို့မှ တဆင့် ဖေ့ကစေမ်ရွာ၏ လမ်းဘေးတနေရာတွင် ပစ်ကပ်ကား ၂စီးက လာကြိုကြောင်း၊ ဟတ်ယိုင်ဖက် သို့သွားမည့်သူများဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထံ ထွက်ဆိုထားသည်ဟု သိရသည်။

 

၎င်းတို့သည် မလေးရှားနိုင်ငံထဲသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများဖြစ်နိုင်ကြောင်း မြန်မာ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့်သူတစ်ဦးက ပြောသည်။

 

‘’တနင်္သာရီတိုင်း မောတောင်ဖက်ကနေ တောလမ်းအတိုင်းလာကြတာဖြစ်မယ်၊ ဟတ်ယိုင်အထိသွားမှာ ဆိုတော့ မလေးရှားမှာ သွားအလုပ်လုပ်ကြမယ့်သူတွေဖြစ်နိုင်တယ်။’’

 

ဖမ်းဆီးရမိတို့ကို ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ရန် သက်ဆိုင်ရာ ရဲစခန်းသို့ ပို့ဆောင်ထား ကြောင်းလည်း သိရှိရသည်။

 

မတ်လ တစ်လတည်းမှာတင် ထိုင်းနိုင်ငံထဲ တရားမဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၄၀၀ ကျော် အဖမ်းခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည့်သတင်းများ စုစည်းထား ချက်အရ သိရသည်။

 

NN – 24

Photo ; Thai Police

ဆက်စပ် သတင်းများ