ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ငပလီကမ်းခြေသို့ ဧပြီလအစောပိုင်းကတည်းကပင် လာရောက်လည်ပတ်သူများပြားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.7k

န်နဝါရီလနှင့် ဖေဖော်ဝါရီ (၂)လအတွင်း ငပလီသို့ ပြည်တွင်းခရီးသွား ၁၈ဝဝဝ ကျော်နှင့် ပြည်ပ ခရီးသွား ၈ဝဝ ဦးဝင်ရောက်ခဲ့"

နိရဥ္စရာ၊ ဧပြီ / ၂၀၂၃

ရခိုင်ပြည်နယ်မှ အပန်းဖြေကမ်းခြေတစ်ခုဖြစ်သော ငပလီကမ်းခြေသို့ အတာသင်္ကြန်မကျရောက်မီ ဧပြီလအစောပိုင်းကပင် လာရောက်လည်ပတ်သူများပြားနေကြောင်း သတင်းရရှိသည်။

ယခု ဧပြီလ ရက်မှစတင်ကာ ငပလီကမ်းခြေသို့ ပြည်တွင်းမှ လာရောက်ပတ်သည့်ခရီးသည် များပြားနေကြောင်း ငပလီကမ်းခြေမှ Bay View ဟိုတယ် ဧည့်ကြိုဌာနမန်နေဂျာ ဦးမြင့်ဌေးက နိရဥ္စရာ သို့ ပြောသည်။

"ပထမပတ်မှာလည်း သင်္ကြန်လောက်မများသေးပေမယ့် ခရီးသည်တွေလာနေကြပါတယ်ဗျ။ ဝင်ရောက်မှုများနေတယ်ပေါ့နော်။ ပုံမှန်တခြားလတွေနဲ့စာရင် များလာပါတယ်" ဟု ပြောသည်။

လက်ရှိ ဧပြီလအစပိုင်းတွင် ငပလီကမ်းခြေသို့ လာရောက်လည်ပတ်သူအများစုမှာ ပြည်တွင်းမှ မိသားစုများနှင့် အသင်းအဖွဲ့အစည်းများဖြစ်ကြောင်း Royal Beach မိုတယ် မန်နေဂျာ ဒေါ်ယဉ်ယဉ်ငြိမ်းက နိရဥ္စရာသို့ ပြောသည်။

"ပြီးခဲ့တဲ့လတွေနဲ့စာရင်တော့ အခုလအစောပိုင်းမှာ ခရီးသည်ဝင်ရောက်မှုများလာပါတယ်။ ပြည်တွင်းက ခရီးသည်တွေများတယ်။ သင်္ကြန်လေးရက်အတွက်ကတော့ အခန်းတွေ ပြည့်နေပြီပေါ့နော်။ သင်္ကြန်ဆိုရင် အခုထက် ပိုများမှာပေါ့" ဟု သူမက ပြောသည်။

အဆိုပါငပလီကမ်းခြေရှိ ဟိုတယ်နှင့်တည်းခိုခန်းများတွင် သင်္ကြန်ကာလဖြစ်သည့် ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အထိ ခရီးသည်များ၏ ကြိုတင်မှာယူထားမှုများပြား၍ ဟိုတယ်အခန်းများပြည့်နေကြောင်း ဟိုတယ်တာဝန်ရှိသူများက နိရဥ္စရာသို့ပြောဆိုကြသည်။

 

ငပီလီကမ်းခြေမှ Aureum Palace ဟိုတယ်ဧည့်ကြိုဌာနမန်နေဂျာ ဦးကျော်စိုးကလည်း "ကျွန်တော်တို့ ဟိုတယ်မှာလည်း သင်္ကြန်အတွက်မှာထားတာတွေ ပြည့်နေပြီပေါ့နော်။ အဓိက နိုင်ငံခြားသားတွေ မဟုတ်ဘဲ ပြည်တွင်းဧည့်သည်တွေများပါတယ်။ ရန်ကုန်နဲ့ ရှမ်းပြည်နယ်ဘက်က များကြတယ်" ဟု ပြောသည်။

 

အဆိုပါငပလီကမ်းခြေဇုန်ရှိ အခြားဟိုတယ်များအား ဆက်သွယ်ကြည့်ရာ ဟိုတယ်အများစုမှာ သကြန်ကာလအတွင်း ကြိုတင်မှာယူမှုများနှင့် ပြည့်နေပြီဟု ပြောဆိုကြသည်။

ရခိုင်တွင် ယခုနှစ်သင်္ကြန်ပွဲတော်ကို ပြည်နယ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ စသည့် မြို့ကြီးများတွင် စည်ကားစွာကျင်းပရန်ပြင်ဆင်လျက်ရှိပြီး ငပလီကမ်းခြေတွင်လည်း သင်္ကြန်ဗဟိုမဏ္ဍပ်ကြီးများတည်ဆောက်ရန် ညွှန်ကြားထားကြောင်း သံတွဲမြို့နယ်အုပ်ချုပ်ရေးပိုင်းမှ သိရသည်။

ငပလီကမ်းခြေ ဟိုတယ်ဇုန်များတွင် နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလများသည် ကမ္ဘာလှည့် ခရီးသွားများ အများဆုံး လာရောက်အပန်းဖြေသည့်ကာလဖြစ်ပြီး ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများသည် ပြည်တွင်း ဧည့်သည်များ လာရောက် လည်ပတ်လေ့ရှိသည့် ကာလများဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ငပလီသို့ ပြည်တွင်းခရီးသွားဝင်ရောက်သူ ၁၈ဝဝဝ ကျော်နှင့် ပြည်ပ ခရီးသွားဝင်ရောက်သူ ၈ဝဝ ဦးခန့်ရှိခဲ့ကြောင်း သံတွဲမြို့နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏စာရင်းအရ သိရသည်။

 

ငပလီကမ်းခြေသည် မြန်မာနိုင်ငံ၏အလှပဆုံးကမ်းခြေထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး "အာရှ၏အပျိုစင်ကမ်းခြေ" အဖြစ် တင်စားခြင်းခံရသည့် ကမ္ဘာကျော်ကမ်းခြေတစ်ခုလည်းဖြစ်သည်။

ငပလီကမ်းခြေကို နှစ်စဉ်နိုင်ငံခြားသားများအပါအဝင် ခရီးသွားဧည့်သည် အများအပြားလာရောက်လည်ပတ်လျက်ရှိသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ယခင် ၂၀၁၉-၂၀၂၀ ခုနှစ်များတွင် ခရီးသွားဝင်ရောက်မှုများကျဆင်းခဲ့ကြောင်း သိရသည်။ (NN-23)

ဆက်စပ် သတင်းများ