(ဓာတ်ပုံသတင်း)
နိရဥ္စရာ၊ဧပြီ ၃/ ၂၀၂၃
စစ်တွေမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သည့် ပန်းချီကား လေလံတင်ရောင်းချပွဲမှ ရရှိသော အမြတ်ငွေများကို အသက်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းများသို့လှူဒါန်းသွားမည်ဟု သတင်းရရှိသည်။
ဧပြီလ ၁ ရက်၊ နေ့လယ်၁ နာရီမှ ညနေ ၄ နာရီအထိ စစ်တွေမြို့၊ မောလိပ်ရပ်ကွက်၊ ဦးအောင်ထွန်းဦး လမ်းရှိ Arakan Art Gallery ပန်းချီပြခန်း(၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင်ပန်းချီကားများကို လေလံတင်ရောင်းချခဲ့၇ာ ပန်းချီးကား(၈) ချပ် ရောင်းချနိုင်ခဲ့ပြီး ကျပ်သိန်း (၆၀) ခန့် ရရှိခဲ့သည်ဟု ArakanArt Gallery ပန်းချီပြခန်းတည်ထောင်သူ ကိုခိုင်သူရိန်ကနိရဥ္စရာကိုပြောသည်။
" မီးပြတ်သွားတာကြောင့် အချိန်ပြည့်မကျင်းပလိုက်၇တဲ့
လေလံတင်ရောင်းချနိုင်ခဲ့သည့်ပန်
ထိုအထဲတွင် မြောက်ဦးမှ လက်ဆည်ကန်၊စစ်တွေမြို့မဈေးဟောင်း၊ ရှုခင်းသာလမ်း၊ရွှေစေတီဘုန်းကြီးကျောင်းနှင့် အိန္ဒိယပန်းချီကားတို့ ပါဝင်သည်။
ယင်းအထဲတွင် အိန္ဒိယ ပန်းချီဆရာGIRISH ADANNARVAR ၏အိန္ဒိယပန်းချီကားမှာ အမြင့်ဆုံးဈေး၁၆ သိန်းဖြင့် လေလံတင်ရောင်းချခဲ့၇ပြီး ပန်းချီဆရာ မြင့်နိုင်၏ ရွှေစေတီ ဘုန်းတော်ကြီးကျောင်း ပန်းချီကားချပ်မှာ ကျပ်၁၀ သိန်းနှင့် လေလံဆွဲသွားခဲ့သည်ဟု သိ၇သည်။
ယင်းနေ့က ပန်းချီကား ၈ ကို လေလံဆွဲယူသွားသဖြင့် ငွေကျပ် သိန်း ၆၀အပြင် ပြခန်းအတွင်း ပြသထားသည့် အခြား ပန်းချီကား ၇ ချပ်ကိုလည်း လာရောက် အားပေးသူများကသီးသန့်ဝယ်ယူသွားခဲ့ကြသည့်အတွက် လေလံဖြင့်ရောင်း၇ငွေအပါအဝင် စုစုပေါင်းကျပ်သိန်း ၈၀ ခန့်ဖိုးအထိ ရောင်းချနိုင်ခဲ့သည်ဟုလည်းကိုခိုင်သူရိန်က ဆိုသည်။
လေလံတင်ပန်းချီကားရောင်းချပွဲမှ
အဆိုပါလေလံတင်ပွဲသို့ ဥရောပ၊ပြင်သစ်၊ အမေရိကန်၊ ပိုလန်စသည့်နိုင်ငံများမှ နိုင်ငံခြားသူများ အပါအဝင် စစ်တွေမြို့မှပန်းချီစိတ်ဝင်စားသူများ စုစုပေါင်း လူဦးရေ ၅၀ ကျော်ခန့်ကတက်ရောက် အားပေးချီးမြှင့်ခဲ့ကြ
လက်ရှိတွင်Arakan Art Gallery ၌ပန်းချီဆရာ ၂၄ ဦး၏ လက်ရာကောင်း ပန်းချီကား ၁၀၀ ကျော်ရှိပြီးပန်းချီကား ၉၀ ရာခိုင်နှုန်းကို Arakan Art Gallery က ဝယ်ယူထားခြင်းဖြစ်ကာ ကျပ်သိန်းတစ်ထောင်ကျော် ရင်းနှီးမြှုပ်နှံထားသည်ဟုလည်း သိ၇သည်။
Arakan Art Gallery ပန်ချီပြခန်းကိုပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ကိုခိုင်သူရိန်နှင့်အစ်ကိုဝမ်းကွဲဖြစ်သူ ကိုစိုးသန်းတို့က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ (NN-12)