တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

စေတီပြင်-ကျောက်ပန်းတူ မေယုတောင်ကျော်လမ်းတွင် သုံးဘီးဆိုင်ကယ်တစ်စီး တောင်အောက်သို့ ထိုးကျ၍ လိုက်ပါလာသူ ၆ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.2k

နိရဉ္စရာ၊ ဧပြီ ၆/၂၀၂၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာနှင့် မောင်တောမြို့နယ် ကျောက်ပန်းတူအကြား ဖောက်လုပ်ထားသည့် မေယုတောင်ကျော်ကားလမ်းတွင် ယနေ့နံနက်က သုံးဘီးဆိုင်ကယ်တစ်စီး တောင်အောက်သို့ထိုးကျသွား၍ လိုက်ပါလာသူ ၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲက နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

သုံးဘီးဆိုင်ကယ်ပေါ်တွင် ပါလာသူများမှာ  စစ်တွေမြို့မှ ရသေ့တောင်မြို့နယ် ခွဆုံကျေးရွာ ကျောင်းရေစက်ချအလှူပွဲသို့ မီးပုံးငယ်လေးများ ရောင်းရန်သွားသူ ဆယ်ကျော်အရွယ် အမျိုးသမီး ၄ ဦး အပါအအဝင် မျိုးသမီး ၅ ဦး၊ သုံးဘီးဆိုင်ကယ်မောင်းသူ ဦးထွန်းလှဖြူ (၅၂)နှစ်တို့ ဖြစ်ကြသည်ဟု ပရဟိတလူငယ်များအသင်း (စေတီပြင်)မှ ကိုအောင်မင်းစိုးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"အမြင့်ကြီးကနေကျသွားတာပါ။ အောက်ကိုတောင် မမြင်လိုက်ရတော့ဘူး။ အခု ဒဏ်ရာ ရသွားတဲ့သူတွေကို စစ်တွေကို ပို့ဖို့လုပ်နေပါတယ်။ အကွေ့မှာအရှိန်မထိန်းနိုင်ဘဲနဲ့ လိမ့်ပြီးဆင်းသွားတာပါ။ ဘရိတ်မမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်" ဟု ၎င်းက ပြောသည်။

၎င်းသုံးဘီးသည် တောင်တက်လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တောင်အောက်သို့ ထိုးကျသွားခြင်းဖြစ်ပြီး ၆ ဦးစလုံး ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။


ဆယ်ကျော်သက်မိန်းကလေး ၄ ဦးအထဲမှ မအေးသန်း (၁၇ နှစ်)နှင့်  သုံးဘီးဆိုင်ကယ်မောင်းသူ ဦးထွန်းလှဖြူတို့မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိထားသူများကို အခင်းဖြစ်ပွားသည့်နေရာနှင့် ၃ မိုင်ခန့်အကွာရှိ စေတီပြင်ရွာ တိုက်နယ်ဆေးရုံတွင် ဆေးကုသပေးနေပြီး စစ်တွေပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ