နိရဥ္စရာ၊ ဧပြီ ၇/၂၀၂၃
၇ခိုင်ရှေးဟောင်းမြို့တော်မြောက်ဦးမြို့တွင် ၆ရက်လျှင်တစ်ကြိမ်သာ မြို့နယ်စည်ပင်က ရေဖြန့်ဖြူးပေးနိုင်တော့၍ ပိတ်ထားသည့်ရှေးဟောင်းရေတွင်းအချို့ကို ရပ်ကွက်သူ/သားများက ကိုယ်ထူကိုယ်ထပြန်လည်တူးဖော်ပြီး ရေသုံးနေ၇ကြောင်း မြို့ခံများက ပြောသည်။
မြောက်ဦးမြို့ကိုသောက်သုံးရေဖြ
ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ၃ ရက်လျှင် တစ်ကြိမ်သာရေပေးဝေနိုင်ခဲ့ပြီး နောက် မတ်လအရောက်တွင် ၆ ရက်တစ်ကြိမ်သာ ရေပေးဝေနိုင်တော့၍ သောက်သုံးရေအလွန်တရာ အခက်အခဲဖြစ်နေ၇သည်ဟု မြောက်ဦးမြို့၊ရေပေါက်၀ရပ်ကွက်မှ ဦးမောင်ညွန့်စိန်က နိရဥ္စရာကိုပြောသည်။
“ ရေက အခု ၆ ရက်မှတစ်ကြိမ်ပဲ လာတယ်။ အရင်က လက်ဆည်ကန်ရေနဲ့အဆင်ပြေတော့ ရှေးဟောင်းရေတွင်းတွေကိုပိတ်လိုက်ကြတယ်။ အခုက ကန်မှာရေခမ်းသွားတော့ အဲ့ဒီရေတွင်းတွေကိုပြန်ဖော်ကြတယ်။ အဝီစိတွင်းတွေလည်း တူးနေကြတယ်” ဟုပြောသည်။
ယင်းသို့ ၆ ရက်လျှင်တစ်ကြိမ်စီဖြန့်ဝေပေးရာတွင်လည်း လျှပ်စစ်မီးပြတ်တောက်ချိန်များပြားနေသောကြောင့် ရေဖြန့်ဝေချိန်မှာ ပုံမှန်မရှိ၍ အခက်အခဲ ဖြစ်ရပြန်သည်ဟု ညောင်ပင်ဈေးရပ်ကွက်မှ မြို့ခံတစ်ဦးက ပြောသည်။
“ရေပေးတဲ့အချိန်မှာလည်းမီးမလာရင် ရေတင်လို့မရလိုက်ဘူး။ မလောက်ရင် ဝယ်သုံးရတယ်။ ရေကို ချွေတာသုံးနေ၇တယ်”ဟုပြောသည်။
လက်ရှိတွင် မြို့ခံများမှာ၂၀ လီတာခန့်ရှိသည့် ဂါလံဗူး ရေ ၁၀ ဗူး ပါသော တွန်းလှည်းတစ်စီးကိုကျပ်ငွေ ၃၀၀၀ ဖြင့် ပေးဝယ်သုံးနေ၇၍ ငွေကုန်ကြေးကျ ပိုများနေသည်ဟုသိ၇သည်။
ယင်းသို့သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေ၍ ရေပေါက်၀ရပ်ကွက်အပါအဝင်ဗန္ဓုလရပ်ကွက်နှင့် နန်းရာကုန်း မြောက်ဘက်တို့ရှိ ရှေးဟောင်းရေတွင်းများကိုတူးဖော်ပြီး သုံးစွဲနေကြခြင်း ဖြစ်သည်ဟုလည်း မြို့ခံများကဆိုသည်။
ဗန္ဓုလရပ်ကွက်တွင်ဆိုလျှင်အမှိုက်သရိုက်များဖြင့်ပြည့်နှ
“ ဒီရေတွင်းကိုအရင်တုန်းကတော့ သုံးလို့၇ပါတယ်။ ဒီတစ်နှစ် နှစ်နှစ်အတွင်းမှာအမှိုက်တွေ၊ရွှံ့နှစ်တွေနဲ့ ဖြစ်ကုန်တော့ မသုံးကြတော့ဘူး။ အခု ရေရှားလာတော့ဒီရက်ပိုင်းအတွင်းမှာ ရေတွင်းကို ဆေးကြောပြီးတော့ ပြန်သုံးနေကြပါတယ်။သုံးတဲ့သူများတော့ ရေလုံလောက်မှုတော့မရှိဘူးပေါ့” ဟုပြောသည်။
အချို့ရေတွင်းများတွင်ရေထွက်နည်း၍ အချိန်ကုန်ခံကာ စောင့်ဆိုင်းခပ်ယူနေကြရသည်ဟု ရေပေါက်၀ရပ်ကွက်သားတစ်ဦးကနိရဥ္စရာကို ပြောသည်။
“ အခုကရေရှားနေတော့ရေတွင်းတွေကို ပြန်ဖော်ကြတယ်။ ရေကတော့ နည်းနည်းပဲ ထွက်တယ်၊။ စောင့်ပြီးခပ်၇တာပေါ့”ဟုပြောသည်။
ယင်းသို့ ရှေးဟောင်းရေတွင်းအချို့ကိုပြန်လည်တူးဖော်သုံးစွဲနေကြသော်
အဝီစိရေတွင်းတစ်တွင်းတူးပါက ရေထွက်လျှင် ကျပ်ငွေ ၃ သိန်းနှင့် ရေမထွက်လျှင် ကျပ် ၂ သိန်းခွဲအထိကုန်ကျနေသည်ဟုလည်း သိ၇သည်။
မြောက်ဦးမြို့ကိုလက်ဆည်ကန်မှ ရေများအား ဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လက်ဆည်ကန်၌ရေလုံး၀ ခမ်းခြောက်သွားပြီဖြစ်သည်ဟု သိ၇သည်။
ရေခမ်းခြောက်သွားသည့်လက်ဆည်ကန်
အနူမကန်တွင်ရေဆင်းချိုးသူများရှိသလို အဝတ်များပါလျှော်ဖွတ်သူများလည်း
လက်ဆည်ကန်သို့ အနူမကန်မှရေများဖြည့်တင်းပေးပြီးပါက နွေရာသီအကုန် မိုးရာသီကာလ ရောက်သည်အထိ ၁ ရက်လျှင် ရေဂါလံသိန်း ၂၀ နှုန်းဖြင့် တစ်ပတ်လျှင် ၃ ရက် ရေဖြန့်ဖြူးပေးသွားမည်ဟုရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာ ဝန်ကြီးဦးသန်းထွန်းကသူ၏လူမှုကွန်ရက်စာမျက်နှာတွင် ပြီးခဲ့သည့် မတ်လ ၂၁ ရက်က ပြောဆိုထားသည်။
ယင်းအပြင်လက်ဆည်ကန်မှ ရေပိုက်မရောက်ရှိနိုင်သည့်အောင်တပ်၊ လက်ကောက်ဈေး၊ လော်ဂမူ၊ ညောင်ပင်ဈေး၊ ဆင်ချဆိပ်၊ အလယ်ဈေးစသည့်ရပ်ကွက်တို့တွင် စည်ပင်ရေကားတစ်စီး၊ မီးသတ် ရေကားနှစ်စီးတို့ဖြင့်ရေဖြန့်ဝေပေးသွားမည်ဟုလည်း ဝန်ကြီးက ပြောဆိုခဲ့သည်။
သို့သော်သောက်သုံးရေအကြီးအကျယ်အခက်အခဲဖြ
“ ဒီနေ့ထိ စည်ပင်၊မီးသတ်တွေက ကားနဲ့ ရေပေးတာတော့မကြားမိဘူး။ ကျွန်တော်တို့ ရပ်ကွက်မှာလည်း လာပေးတာမရှိသေးဘူး။ ရေမ၇လို့ဒီနေ့တောင် ရေဝယ်သုံးလိုက်၇သေးတယ်“ ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့၊စည်ပင်အမှုဆောင်ဦးရွှေမောင်ကို နိရဥ္စရာက ယမန်နေ့မှ ယနေ့ နေ့လယ်အထိအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့
မြောက်ဦးမြို့တွင် ရှေးခေတ်ကရခိုင်ရှင်ဘုရင် လက်ထက်ကတည်းကပင် ရေတွင်း၊ ရေကန်များစွာ တူးဖော်ပြီးရှိခဲ့သော်လည်းလက်ဆည်ကန်ရေကို ပိုက်သွယ်၍ရရှိလာသည့်အချိန်ကပင် ၎င်းကန်ရေကိုသာအားကိုးပြီး သောက်သုံးနေရခြင်းဖြစ်သည်ဟု သိ၇သည်။ (NN-13)
Photo - Khine Murn Chun