နိရဉ္စရာ၊ ဧပြီ ၇ / ၂၀၂၃
ရခိုင်ပြည်နယ်ရှိ သမိုင်းဝင်ဘုရားပုထိုးစေတီများ
ယခု လာမည့် သင်္ကြန်ကာလအတွင်း အဆိုပါဘုရားများတွင်စစ်သားများနေရာယူထားသဖြင့်ဗုဒ္ဓဘာသာ ၇ခိုင်လူမျိုးများအနေဖြင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများဖြစ်သော ဘုရားရေသပ္ပာယ်ခြင်း၊ ဆီးမီး- ပန်းပူဇော်ခြင်း၊ဥပုသ်သီလဆောက်တည်ခြင်းစသည့်ကောင်းမြတ်သည့်ကောင်းမှုများအားလွတ်လပ်စွာ ပြုလုပ်နိုင်ရန် အခက်အခဲကြုံတွေ့နေကြ၇သည်ဟုပြောဆိုကြသည်။
ကျောက်တော်မြို့မှ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက “သင်္ကြန်ကာလမှာဆိုလို့ရှိရင် သီလဆောက်တည်မယ့် ပုဂ္ဂိုလ်တွေရှိသလို လွတ်လွတ်လပ်လပ် ဘုရားဖူးချင်တဲ့ ဧည့်သည်တွေလည်း ရှိကြတယ်။ ဒါပေမဲ့ အဲဒီလူတွေက ဘုရားပေါ်မှာ တပ်စွဲထားတဲ့ စစ်သားတွေကို မြင်လို့
လက်ရှိတွင် ကျောက်တော်မြို့ရှိ မဟာမုနိဘုရားနှင့် ကျောက်တော်တောင်စေတီတော်တို့တွ
ဒေသခံများအနေဖြင့် အဆိုပါ ဘုရားဖူးခွင့် ရရှိနေကြသော်လည်း စစ်သားများရှိနေ၍ဘုရားဖူးရာတွင်စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကိုခံစားနေကြ၇သည်ဟုဆိုသည်။
စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်သည့် မင်းပြားမြို့ရှိ ကျိန်းတောင်စေတီတော်တွင်လည်း သင်္ကြန်ကာလအတွင်း ဥပုသ်သီလဆောက်လိုကြ၍ တောင်ပေါ်တွင် တပ်စွဲနေမှုကို ချက်ချင်းဖယ်ရှားပေးရန် မင်းပြားမြို့ခံ ကိုစိုးစိုးက တောင်းဆိုသည်။
“သင်္ကြန်၊ သီတင်းကျွတ်စတဲ့ ကာလတွေမှာတော့ ခွင့်ပြုသင့်တာပေါ့။ အခုက စနေ၊ တနင်္ဂနွေ နှစ်ရက် တက်ခွင့်၇တယ်လို့ သိ၇တယ်။ ဒါပေမဲ့ ဘုရားဖူးဖို့တက်လာတယ်ဆိုလို့ဆို
မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာရှိ၊ အောင်မင်္ဂလာဘုရားတောင်ပေါ်တွင်
ထိုသို့ တောင်ပေါ်တွင် တပ်စွဲထားမှုကို ဖယ်ရှားပေးရန် ဒေသခံများက ဒေသသတင်းဌာနများမှတဆင့် အကြိမ်ကြိမ်တောင်းဆိုထားပြီဖြစ်
ထို့အပြင် ဘူးသီးတောင်မြို့နယ်၊ သုံးဆယ့်တစ်ဘုံစေတီတွင်လည်း စစ်ကောင်စီတပ်သားများက တပ်စွဲထားသည့်အတွက် နွားရုံတောင်၊ စံဂိုးထောင်၊ သျှစ်သျှားတောင်၊ ဥယျာဉ်သာ စသည့် ကျေးရွာသားများမှာ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်မှစတင်ကာ ယခုအချိန်ထိ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်ဘ၀ဖြင့် နေထိုင်ကြ၇ဆဲဖြစ်သည်။
အဆိုပါ သမိုင်းဝင် ဘုရားပုထိုးစေတီများတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည်မှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှ စကာ ယခုအချိန်အထိ တပ်စွဲနေထိုင်နေကြဆဲဖြစ်သည်ဟု သိ၇သည်။
ယင်းသို့ တပ်စွဲထားသည့်အတွက် အဆိုပါဘုရားပုထိုးစေတီများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကိုလည်း ကျင်းပနိုင်ခြင်းမရှိဖြစ်နေကြော