နိရဥ္စရာ၊ ဧပြီ ၁၀ /၂၀၂၃
တော်လှန်ရေးနှင့်ပတ်သက်၍ ဆက်လက်ပြီးကြံ့ကြံ့ခံရပ်တည်ကြရန် အာရက္ခပြည်သူများနှင့် အဝေးရောက် ရခိုင်လုပ်သားပြည်သူများအားရက္ခိုင့်တပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတိုက်တွန်းပြောဆိုလိုက်သည်။
ယနေ့ ဧပြီလ ၁၀ရက်တွင်ကျရောက်သည့် ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနားတွ
အဆိုပါမိန့်ခွန်းကောက်နှုတ်ချက်
"တိုက်ပွဲသံ၊ ဗုံးလက်နက်အမြောက်ဆံတိကြားကနာကြင်မှုမျက်ရည်တိနန့် ရဲရင့်စွာရပ်တည်နီကတ်တေအာရက္ခပြည်သူတိနန့် တော်လှန်ရီးကို ရောက်တေနီရာက နိုင်ရေတာဝန်ကိုထမ်းဆောင်ပီးနီကတ်တေ နိုင်ငံတကာနန့် အဝီးရောက် ရက္ခိုင်လုပ်သားပြည်သူတရပ်လုံး၏ရပ်တည်ကူညီမှုတို့ကို အထူးကျေးဇူး ဥပကာ ရတင်ဟိပါရေ။ဆက်လက်ပြီးကေ ကြံ့ကြံ့ခံရပ်တည်ပီးကတ်ပါ။ စည်းလုံးမှုအပြည့်နှင့်ခရီးဆက် ကတ်ပါမေ" ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၇ခိုင်စကားဖြင့်ပြောဆိုထားသည်။
တော်လှန်ရေးကာလတွင် တော်လှန်ရေးလောကဓံကိုသွေဖီပါကကျွန်ဖြစ်မည်ဖြစ်ကြောင်းနှင့် သတ္တိရှိပြီး လက်တွေ့ဆန်သည့်မျိုးချစ်များအတွက် နာကျင်ဒဏ်ရာအမာရွတ်များမှာ ခွန်အားနှင့်ဆုတံဆိပ်များပင်ဖြ
"တော်လှန်ရီးကာလမှာ တော်လှန်ရီးလောကဓံကရင်ဆိုင်ဖြတ်ကျော်နိုင်၇ဖို့၊ သွေဖီကေ ကျွန်ဖြစ်ဖို့။ သတ္တိဟိရေလက်တွိဆန်ရေမျိုးချစ်တိအတွက် အေနာကြင်မှုဒဏ်ရာအမာရွက်တိစွာ ခွန်အားနန့်ဆုတံဆိပ်တိပင်ဖြစ်တေ
တော်လှန်ရေးကာလဖြတ်သန်းထိုးဖောက်မှုတိုက်ပွဲမျ
ဒုက္ခသုက္ခများကြားမှ ဘ၀များကိုရင်းပြီးယုံကြည်ချက်အပြည့်နှင့် တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေပြီး တာဝန်အသီးသီးကိုထမ်းဆောင်နေသည့်ရဲဘော်ရဲမယ်အပေါင်းကိုလည်း အလေးနက်ဂါ၇၀ပြုကြောင်း ဆက်လက်၍ပြောဆိုထားသည်။
ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့သည့်၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် KIO ဌာနချုပ်ရှိရာကချင် ပြည်နယ်၊လိုင်ဇာမြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့တွင် ၁၄ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။(NN-23)
ဓာတ်ပုံ- ပုံဟောင်း