တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့တွင် သက်ငယ်မုဒိမ်းမှုဖြစ်၊ ကျူးလွန်သူတရားခံကို ရဲကဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.1k

နိရဥ္စရာ ဧပြီ ၁၂/ ၂၀၂၃

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်ရပ်ကွက်တစ်ခုတွင် သက်ငယ်မုဒိမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး  ကျူးလွန်သူတရားခံကို ရဲကအချိန်မီဖမ်းဆီးနိုင်ခဲ့သည်ဟု သတင်းရရှိသည်။

 

အဆိုပါဖြစ်စဥ်မှာ ဧပြီလ ရက်၊ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်ခံရသူ အသက် (၁၁) နှစ်အရွယ် မိန်းကလေးငယ်က ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့မှ မိဖများအားထုတ်ဖော်ပြောဆိုရဲ၍ ကျူးလွန်သူအား ရဲကအချိန်မီ ဖမ်းဆီးနိုင်ခဲ့သည်ဟု  တရပ်ကွက်တည်းနေထိုင်သူ များကပြောသည်။

 

သူမအား သူမ၏ မိဘများနှင့်ရင်းနှီးသည့် တောင်ကုတ်မြို့နယ်၊ရေလယ်ကျွန်းကျေးရွာမှ အလုံးချေ() ကျော်စွာလင်း (၃၆) နှစ်က နေထိုင်မကောင်းသည့် သူမ၏ ဖခင်အတွက် ဆေးသွားယူကြမည်ဟု ပြောဆိုခေါ်ယူကာ အတင်းအဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ကျူလွန်ခံရသူ မိန်းကလေးငယ်နှင့် တရပ်ကွက်တည်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

 

"ကလေးရဲ့အဖေက နေမကောင်းဖြစ်ပြီး အိပ်ရာထဲမှာလဲနေတယ်။ အဲဒါ ကျူးလွန်တဲ့သူက သူ့အဖေအတွက် ဆေးယူပေးဖို့သွားမယ်ဆိုပြီး အိမ်ကိုခေါ်သွားပြီး အဲဒီလိုဖြစ်တာလို့ သိရတယ်" ဟု ဆိုသည်။

 

အဆိုပါ အလုံးချေ()ကျော်စွာလင်းဆိုသူက မိန်းကလေးငယ်အား ရေလယ်ကျွန်းကျေးရွာရှိ ၄င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့်ခေါ်ယူသွားကြောင်း နေအိမ်ခြံရှေ့မြေကွက်လပ် အရောက် မိန်းကလေးငယ်ဝတ်ထားသော ဘောင်းဘီအားအတင်းဆွဲချွတ်ကာ အတင်း အဓမ္မပြုကျင့်ရန် ကြိုးစားရာ ပထမတစ်ကြိမ်တွင် မအောင်မြင်ခဲ့ကြောင်း၊ ဆက်လက်ပြီး အလုံးချေ()ကျော်စွာလင်း ဆိုသူက မိန်းကလေးငယ်အား နေအိမ်နောက်ဘက်တွင်ရှိသည့် အိမ်သာထဲသို့ အတင်းခေါ်ဆောင်ကာ အတင်းအဓမ္မပြုကျင့်ရန် ထပ်မံကြိုးပမ်းကြောင်း၊ ယင်းအချိန်တွင်ကလေးငယ်က ငိုယို တောင်းပန်သော်လည်း ပါးစပ်ကို လက်ဖြင့်ပိတ်ကာ ထပ်မံကြိုးစား၍ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့ကြောင်း ကျူးလွန်ခံရသူမိန်းကလေးငယ်က မိဘများအား ပြန်ပြောပြချက် အရ သိရကြောင်း ၎င်းအမျိုးသမီးက ပြောသည်။

 

ယင်းသို့  အတင်းအဓမ္မပြုကျင့်ပြီးနောက် ခဏအကြာတွင် မိန်းကလေးငယ်အား နေအိမ်အား ပြန်ပို့ခဲ့သော်လည်း မိန်းကလေးငယ်မှာ ထုတ်ဖော်မပြောဆိုရဲဘဲရှိကြောင်း ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့တွင်မှ တရပ်ကွက်တည်းနေ မိဘများနှင့်ရင်းနှီးသူနှစ်ဦး ထံ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းသို့ပြောဆိုပြီးနောက် တစ်ရပ်ကွက်တည်းနေသည့် ထိုနှစ်ဦးက မိန်းကလေးငယ်၏ဖခင်အား အသိပေးပြောဆိုခဲ့ပြီး  ဖခင်ကိုယ်တိုင်က မေးမြန်းကြည့်ရာ အဓမ္မကျူးလွန်ခံရ (သက်ငယ်မုဒိမ်း)မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

 

ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ မိန်းကလေးငယ်၏ဖခင်က ယနေ့ ဧပြီလ ၁၂ ရက်မနက်ပိုင်းတွင် တောင်ကုတ်မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့၍ တရားခံ အလုံးချေ()ကျော်စွာလင်း ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ သူ့အား တောင်ကုတ်မြို့မရဲစခန်းမှူး စန်းညွန့်က တရားလို ပြုလုပ်ကာ ရာဇသတ်ကြီးပုဒ် ၃၇၆/ ၅၁၁ အရ အမှုဖွင့်စစ်ဆေးနေကြောင်း တောင်ကုတ် ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ဆိုသည်။

 

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ကလည်း စစ်တွေမြို့ မင်းဂံအကွက် ၁၅ တွင်နေထိုင်သည့် အသက် ၁၁ နှစ်အရွယ် မသန္တာဝင်းမှာ မင်းဂံအကွက် ၁၃ ရှိ၊ ရထားသံလမ်းဘေးတွင် ရိုက်နှက်ဒဏ်ရာများရရှိပြီး အဝတ်ဗလာနှင့် မေ့မြောနေသည့်အတွက် စစ်တွေဆေးရုံကြီးသို့ပို့ပြီးကုသခဲ့သော်လည်း မတ်လ ၁၇ ရက်တွင် သေဆုံးခဲ့သည်။

 

သူမသေဆုံးသည့်အချိန်တွင် ရဲနှင့်ဆရာဝန်၏ မိသားစုကိုပြောပြချက်အရ သက်ငယ်မုဒိမ်းမှု ဖြစ်နေကြောင်း မိသားစုဝင်များက နိရဥ္စရာသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

 

ယင်းအမှုနှင့်ပတ်သက်၍ အမှတ် ရဲစခန်းမှ သူမနှင့်အိမ်နီးနားချင်းဖြစ်သည့် အသက် ၁၈ နှစ်အရွယ်၊ ခိုင်ကျော်လင်းနှင့် အောင်ခန့်ကျော် တို့နှစ်ဦးအား ဖမ်းဆီးစစ်ဆေးရာ သက်ငယ်မုဒိမ်းမှုကို ကျူးလွန်ကြောင်း ဝန်ခံကြသည်ဟု ဆိုသည်။

 

ရခိုင်ပြည်နယ်တွင် သက်ငယ်မုဒိမ်းမှုများ မကြာခဏဖြစ်ပေါ်လာနေသည့်အတွက် ကျူးလွန်သူများကို ပြစ်မှုနှင့် ညီမျှသည့် ပြစ်ဒဏ်များကိုစီရင်ရန်လိုအပ် လာကြောင်း ရခိုင်ဒေသခံများက ပြောဆိုကြသည်။

" မရိုမသေပြောရရင် အဲဒီမုဒိမ်ကောင်တွေရဲ့ ငယ်ပါကို ကြက်သွန်လှီးသလို လှီးပစ်ရမယ်။ ကိုယ့်သားသမီးအရွယ်ကိုဗျာ" ဟု တောင်ကုတ်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်ကလည်း ရခိုင်ပြည်နယ်အစိုးရဖွဲ့ရုံးအနီ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်မှ အရောင်းဝန်ထမ်း မနွယ်သန္တာဝင်းသည်လည်း ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေပြီး ဆေးစစ်ချက်အရ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကလည်း မုန့်လက်ကောက်ရောင်းနေသည့် အမျိုးသမီးငယ်တစ်ဦးသည် စစ်တွေမြို့၊ မင်းဘာကြီးလမ်းတွင် ဆောက်လက်အဆောက်အအုံတစ်ခု၌ ရက်စက်စွာ အသတ်ခံခဲ့ရသည်။

 

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် ပုဒ်မခွဲ () အဖြစ် ဖြည့်စွက်ထားပြီး အဆိုပါ ပုဒ်မခွဲတွင် မည်သူမဆို မသန်စွမ်းသူ မိန်းမကို ဖြစ်စေ၊ အသက် ၁၂ အောက် မိန်းကလေးကို ဖြစ်စေ၊ မုဒိမ်းမှု ကျူးလွန်လျှင် ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စေ၊ ထောင်ဒဏ် တသက်ဖြစ်စေ ချမှတ်ခြင်းခံရမည်  ဖြည့်စွက်ပြင်ဆင်ထားသည်။

 

သက်ငယ်မုဒိမ်းမှုအတွက် ချမှတ်သည့်ပြစ်ဒဏ်မှာ ပြစ်မှုနှင့်မညီမျှသည့်အတွက် သက်ငယ်မုဒိန်းမှုကျူး လွန်သူများကို သေဒဏ်ချမှတ်ပေးရန်လည်း နိုင်ငံတဝှမ်းမှ ကလေးသူငယ်အရေးလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက ဆက်တိုက်တောင်းဆိုလာကြသည်။ (NN-23)

 

Photo by Rachael Foundation

ဆက်စပ် သတင်းများ