တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

သင်္ကြန်ကာလကျိန္တလီကမ်းခြေလိပ်ထိန်းသိမ်းရေးဇုန်များမှ လိပ်သားပေါက်များကိုဆက်လွှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 6k

(ဧပြီလအတွင်း လိပ်သားပေါက် လိပ်လှောင်း ၇၇ ကောင် ပင်လယ်ရေထဲလွှတ်ပေးနိုင်ခဲ့)
နိရဥ္စရာ ဧပြီ ၁၆/၂၀၂၃

လိပ်မျိုးစိတ်များ မျိုးမသုန်းသွားရေး ရည်ရွယ်ချက်ဖြင့် လိပ်ထိန်းသိမ်းရေးလုပ်ငန်းများကို ရခိုင်ဒေသတွင် ဇုန်များခွဲပြီး ဆောင်ရွက်နေကြရာ ဂွမြို့နယ်၊ ကျိန္တလီဒေသကမ်းနီး ငါးလုပ်ငန်းပူးပေါင်း စီမံခန့်ခွဲမှုဧရိယာအတွင်းရှိ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်မှ လိပ်သားပေါက် ၇၅ ကောင်ကို ဧပြီ ၁၅ ရက်က ပင်လယ်ရေထဲ လွှတ်ပေးနိုင်ခဲ့သလို ယနေ့ ဧပြီ ၁၆ ရက်နေ့တွင် ၆၇ ကောင်ကို ထပ်မံ လွှတ်ပေးခဲ့ကြောင်း၊ ဧပြီလအတွင်း အဆိုပါ ိပ်ထိန်းသိမ်းရေးဇုန်များမှ လွှတ်ပေးခဲ့သည့် လိပ်သားပေါက်(လိပ်လှောင်း) အရေအတွက်မှာ စုစုပေါင်း ၇၇ ကောင်  ရှိသွားပြီဟု သတင်းရရှိသည်။

ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲအသင်း လိပ်ထိန်းသိမ်းရေးဇုန် အတွင်းအရေးမှူး ဦးသန့်ဇင်ဦး() ကိုသားကြီးက " ဒီနေ့ ဧပြီ ၁၅ ရက် မနက်ပိုင်းမှာ ပုန်းညက်ဇုန်က လိပ်သားပေါက် ၇၅ ကောင်ကို ကောင်းမွန်စွာရေထဲ ပြန်လွှတ် ပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ ၁၆ ရက်မှာ ၆၇ ကောင် လွှတ်ပေးနိုင်ခဲ့တယ်ဆိုတော့ ဧပြီလအတွင်းမှာ လိပ်သားပေါက်ကလေး ၇၇ ကောင်ကို ရေထဲ လွှတ်ပေးနိုင်ခဲ့ပါပြီ" ဟု နိရဥ္စရာသို့ ပြောသည်။

ဧပြီ ရက် နက်ပိုင်းက ပုန်းညက်လိပ်ထိန်းသိမ်းရေးဇုန်နှင့် ဂျိုင်ကြီးလိပ်ထိန်းသိမ်းရေးဇုန်မှ လိပ်လှောင်း ၁၄၅ ကောင်ကို ရေထဲပြန်လွှတ်ပေးခဲ့ကြောင်း၊  ယင်းနောက် ဧပြီ ရက်နေ့ညဥ့်အချိန်က ပုန်းညက်လိပ်ထိန်းသိမ်းရေး ုန်တွင် သားပေါက်ခဲ့သည့် လိပ်လှောင်း ၄၆ ကောင်မှာ သဘာဝအတိုင်းရေထဲဆင်း သွားခဲ့ကြောင်း၊ ဧပြီ ၁၁ ရက်က ၇၆ ကောင်၊ ဧပြီ ၁၃ ရက်က ၆၈ ကောင်၊ မန်နေ့မနက်ပိုင်းတွင် လိပ်လှောင်း ၇၅ ကောင်နှင့် ယနေ့ ဧပြီ ၁၆ ရက်တွင် ၆၇ ကောင်ကို ထပ်မံလွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့အတွက် အဆိုပါ လိပ်ထိန်းသိမ်းရေးစခန်း () ခုမှ ဧပြီလအတွင်း လွှတ်ပေးနိုင်ခဲ့သည့် လိပ်သားပေါက်မှာ ၄၇၇ ကောင် ထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှုဧရိယာထဲတွင် ကမ်းခြေအရှည် ၂၄ မိုင်( ၁၇၉၂၀၀ ဧက) အား ဇုန်သုံးဇုန်ပိုင်းခြားပြီး လိပ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး
ပုန်းညက်လိပ်ထိန်းသိမ်းရေးဇုန်း ပလ္လင်မော်လိပ်ထိန်းသိမ်းရေးဇုန်နှင့် ဂျိုင်ကြီးလိပ်ထိန်းသိမ်းရေးဇုန် တို့ဖြစ်ကြောင်းသိရသည်။

လိပ်လှောင်းများသည် မြန်မာနိုင်ငံတွင်ရှိသည့် ပင်လယ်လိပ် မျိုးစိတ်များထဲတွင် အသေးဆုံးသော ပင်လယ်လိပ်ဖြစ်ပြီး မျိုးသုန်းရန် အန္တရာယ်ရှိနေသည့် လိပ်မျိုးစိတ်တစ်ခုဖြစ်ကြောင်း သိရသည်။လိပ်လှောင်းမှာ ဦးခေါင်းသေးပြီး ကျောခွံမှာ သံလွင် ရောင်ရှိကြသည်။

ရခိုင်ဒေသတွင် ရှိသည့် ပင်လယ်လိပ်များမှာ ငါးဖမ်းပိုက်များဖြစ်သည့် လိပ်ကျောက်ပိုက်၊ သီရိလင်္ကာပိုက်စသည့်ကမ်းနီးငါးဖမ်းပိုက်များနှင့် ပင်လယ်တွင်းစွန့်ပစ်ထားသည့် ပလပ်စတစ်များ၏ ခြိမ်းခြောက်မှု အန္တရာယ်များအားအဓိကကြုံတွေ့နေရကြောင်း ဦးသန့်ဇင်ဦးက ပြောသည်။

ကမ္ဘာပေါ်တွင်ပင်လယ်လိပ်မျိုးစိတ် မျိုးရှိပြီး၊အရှေ့တောင်အာရှတွင်ပင်လယ်လိပ်မျိုးစိတ် မျိုးနှင့် မြန်မာနိုင်ငံတွင်ပင်လယ်လိပ်မျိုးစိတ် မျိုးရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်ရှိသည့် ပင်လယ်လိပ်မျိုးစိတ်များမှာ Green Turtle (ပြင်သာလိပ်) Hawkbills Turtle (လိပ်ကြက်တူရွေး)  Loggerhead Turtle ( လိပ်ခွေး) Leatherbacks Turtle ( လိပ်စောင်းလျား)နှင့် Olive Ridleys Turtle ( လိပ်လှောင်း)တို့ဖြစ်ကြောင်းသိရသည်။

ရခိုင်ရှိကမ်းခြေဒေသများတွင် ပင်လယ်လိပ်များသည် ငါးဖမ်းပိုက်များတွင်မတော်တဆဖမ်းမိခြင်း၊ ပင်လယ်ထဲက အမှိုက်များနှင့် ငြိတွယ်မိခြင်းစသည့် ခြိမ်းခြောက်အန္တရာယ်များအပြင် ပင်လယ်လိပ်များကိုဖမ်းဆီးသတ်ဖြတ်ရောင်းချခြင်းနှင့် လိပ်ဥများကိုရောင်းကုန်တစ်ခုကဲ့သို့ စျေးကွက်တင် ရောင်းချနေမှုများကြောင့် သေဆုံးမှုလည်း တိုးလာနေကြောင်း
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူများက ပြောဆိုကြသည်။

(NN-23)

ဓာတ်ပုံ- ယနေ့ဧပြီလ ၁၅ ရက်မနက်ပိုင်းက ပင်လယ်ရေထဲဆင်းသွားကြသည့် လိပ်ပေါက်စများကိုတွေ့ရစဉ်/ဓာတ်ပုံ- ကိုသားကြီး

ဆက်စပ် သတင်းများ