နိရဉ္စရာ၊ ဧပြီ ၁၇/၂၀၂၃
ယနေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးရှိပြစ်ဒဏ်ကျခံနေ၇သည့် မြန်မာနိုင်ငံသား အကျဉ်းသား/အကျဉ်းသူ ၃၀၁၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၉၈ ဦးတို့အား စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်။
စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလက်မှတ်ရေးထိုးထုတ်ပြန်သည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်တွင် အကျဉ်းသား/အကျဉ်းသူ ၃၀၁၅ ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းချက်ဖြင့်ယင်းတို့ကျခံရန်ရှိသော ပြစ်ဒဏ်များအပေါ် လျော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟုပါရှိသည်။
အလားတူ နိုင်ငံခြားသား အကျဉ်းသား ၉၈ ဦးကို လွတ်ငြိမ်းခွင့်ပြုရာတွင်လည်းယင်းသို့ ဖော်ပြထားသည်။ နိုင်ငံခြား ၉၈ ဦးထဲတွင် သီရိလင်္ကာနိုင်ငံသား ၅ ဦးပါဝင်ကြောင်းသိ၇သည်။