တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံတွင်ကျင်းပသည့် "ရက္ခိတရို့အဝီးရောက်သင်္ကြန်" တွင် လူပေါင်းထောင်ချီပါဝင်ဆင်နွှဲခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

နိရဥ္စရာ၊ ဧပြီ ၁၈/၂၀၂၃

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့  ဘန်ချလုံတွင်ကျင်းပသည့် "ရက္ခိတရို့အဝီးရောက် သင်္ကြန်တွင် ထိုင်းနိုင်ရောက် ရခိုင်များအပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားမျာ လူပေါင်းထောင်ချီပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။ 

 

"ရက္ခိတရို့အဝီးရောက် သင်္ကြန်" ကို ဧပြီ ၁၄ ရက်တွင် ထိုင်းနိုင်ငံရောက် ရခိုင်ရွှေ့ပြောင်းအလုပ်သမားများက ဦးစီးကျင်းပခဲ့ခြင်းဖြစ်သည်။ 

 

တိုင်းတပါးကိုရောက်ရှိနေသော်လည် ရိုးရာသင်္ကြန်ကို မမေ့နိုင်ဘဲ သတိတမ်းသည့် အနေဖြင့် ပါဝင် ဆင်နွဲနိုင်ရန်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။ 

 

"ဒီရောက်နေပေမယ့်လည်း ရခိုင်ရဲ့ သင်္ကြန်အငွေ့အသက်တွေပြန်ခံစားရတာပေါ့။ လူတွေလည်းအများကြီးပဲ။ ကိုယ့်ရခိုင်တွေနဲ့လည်း တစ်စုတစ်ခဲပြန်တွေ့ရတော့ တော်တော်ပျော်စရာ  ကောင်းခဲ့ပါတယ်ဟု ပါဝင်ဆင်နွဲခဲ့သည့် မနှင်းနှင်းသီက ပြောသည်။

 

အဆိုပါ သင်္ကြန်ကို ရခိုင်အဆိုတော်များနှင့် စည်းကားစွာကျင်းပခဲ့ခြင်းဖြစ်ပြီး လူပေါင်း ထောင်ချီလာရောက်ဆင်နွဲခဲ့ကြောင်း သိရသည်။ (NN-7)

 

ဓာတ်ပုံ-  K. A

ဆက်စပ် သတင်းများ