နိရဉ္စရာ၊ဧပြီ ၁၈ / ၂၀၂၃
၇ခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ကန်ဒိုင်းတိုက်နယ်တွင် မိဖုရား ပတ္တမြားဒေဝီစောမဲကျီ တည်ထားခဲ့သည့် ရှေးဟောင်း သမိုင်းဝင်နားမွေးတော်ဓာတ်စေတီပူဇော်ပွဲ (ဒေသအခေါ် ဓာတ်တက်ပွဲ) ကို ယမန်နေ့ ဧပြီလ ၁၇ ရက်၊ နံနက်က အထူးစည်ကားစွာ ကျင်းပခဲ့သည်။
အဆိုပါဓာတ်တက်ပွဲကို ကန်ဒိုင်းတိုက်နယ်ဂေါပကအဖွဲ့ကကြီးမှူးကျင်းပခြင်းဖြစ်ပြီး ကန်ဒိုင်းတိုက်နယ်ရှိကျေးရွာ ၁၄ ရွာမှ လူပျိုအပျိုများက ကျေးရွာအလိုက် ရခိုင်ရိုးရာဝတ်စုံများကိုတူညီဝတ်ဆင်ပြီး နားမွေးတော်စေတီသို့သွားရောက် ပူဇော်ခဲ့ခြင်းဖြစ်ကြေ
"မနက် ရ နာရီလောက်မှာ ကျွန်တော်တို့ကန်ဒိုင်းတိုက်နယ် လမ်းမကြီးကနေပြီးတော့ စထွက်ပါတယ်။ကျွန်တော်တို့မဲနှိုက်လို့ကျတဲ့ ကျေးရွာနံပါတ်စဥ်အလိုက် တန်းစီပြီ ညီညီညာဘာဘုရားကို ပူဇော်ဖို့ သွား၇တာပါ။ ယောကျာ်းပျိုတွေကတော့ ဗုံ၊မောင်း ဆိုင်း၊ တူရီယာတွေတီးပြီးလိုက်ကြပါတယ်။ အလွန်ပျော်စရာကောင်းတဲ့ရိုးရာဓလေ့တစ်ခုပါ "ဟု ပြောသည်။
ယခုနှစ်ဓာတ်တက်ပွဲကို အတွင်းပြင်(ရွာဟောင်း)၊ အတွင်းပြင်(၁)၊တောင်ရွာ၊ မီးကျောင်းတက်၊ ကညင်ကောက်၊သပြီကျွန်း၊ အချွိန်ပြင်၊ မှက်ချောင်း၊ လောင်းချွိန်၊ စည်ရင်း၊ တောင်ရင်း၊ အချောင်ပြင်၊ ကုန်ဘောင်နှင့်လေးတောင်ချောင်း စသည့် ကျေးရွာ ၁၄ ရွာမှအပျိုလူပျိုများက ပါဝင်ပူဇော်ခဲ့ကြောင်း သူက ပြောသည်။
ယင်းသို့သွားရောက်ပူဇော်ရာတွင်ကျေးရွာများအနေဖြင့် မဲနှိုက်ဆုံးဖြတ်ထားသည့် နံပါတ်
ကျေးရွာအလိုက်ဝတ်စားဆင်ယင်မှုမျ
ယင်းသို့ချီးမြှင့်ရာတွင်ပထမဆုကို အချွိန်ပြင်ရွာ၊ ဒုတိယဆုကိုအချောင်ပြင်ရွာနှင့် တတိယဆုကို လောင်းချွိန်ရွာတို့ကရရှိခဲ့သည်ဟု သိ၇သည်။
နားမွေးတော်စေတီဓာတ်တက်ပွဲကို ရှေးဘိုးဘွားများလက်ထက်ကပင်နှစ်ဆန်းတစ်ရက် နေ့တိုင်း ရိုးရာမပျက်ကျင်းပလာခဲ့ပြီးမိဖုရားစောမဲကျီပြုလုပ်ခဲ့သည့်
ကုသိုလ်ကောင်းမှုများကိုအောက်မေ့သတိ၇သည့်အနေဖြင့် စေတီတော်ကို ပူဇော်ခြင်းဖြစ်ကြောင်း စိုးမဲ
"မိဖုရားစောမဲကျီကျွန်တော်တို့
မိဖုရားစောမဲကျီသည်ရမ္မာ၀တီ၊ ကန်ဒိုင်းနယ်ဖွားမြင်ပြီး ဘုန်းကံထူးသည့် အမျိုးသမီးတစ်ဦးဖြစ်ကာ ရခိုင်ဘုရင်မင်းဘာကြီး၏ မြောက်စားခြင်းကို ခံခဲ့၇သည့် မိဖုရား
အဆိုပါနားမွေးတော်ဓာတ်စေတီတော်ကို သက္ကရာဇ်၈၇၅ ခုနှစ်တွင် မိဖုရားစောမဲကျီက တည်ထားကိုးကွယ်ခဲ့ကြောင်း သိ၇သည်။ (NN-23)