တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဖလောင်းချိတ် (Cox’sbazar)ရခိုင်ရိုးရာသင်္ကြန်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

နိရဉ္စရာ၊ ဧပြီ ၁၉/ ၂၀၂၃ ( ဓာတ်ပုံသတင်း)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဖလောင်းချိတ်မြို့ (Cox’sbazar) တွင် ရခိုင်ရိုးရာသင်္ကြန်ကို ဧပြီ ၁၇ ရက်မှ ၁၉ ရက်အထိ (၃) ရက်တိုင်ကျင်းပနေသည်။

 

ဖလောင်းချိတ်မြို့ ရခိုင်ရိုးရာသင်္ကြန်ရေပက်ကစားခြင်းကို ဧပြီ ၁၃ (သင်္ကြန်အကြိုနေ့)၊ ဧပြီ ၁၄ (သင်္ကြန် အကျနေ့)၊ ဧပြီ ၁၅ (သင်္ကြန် အကြတ်နေ့)နှင့် ဧပြီ ၁၆ (သင်္ကြန်အတက်နေ့)တို့တွင် မပြုလုပ်ကြခြင်းမှာ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘုရားကျောင်းကန် သိမ်ကျောင်းများတွင် ဥပုတ်သီလ ဆောက်တည်ခြင်း၊ ဘုရားရေသပ္ပါယ်ခြင်း၊ ဆွမ်း- မုန့်ပဲ သရေစာများ လှူဒါန်းကျွေးမွေးခြင်း၊ ဘုရားများတွင် ပန်းများဆက်ကပ်လှူဒါန်းခြင်း၊ ဆီမီးများထွန်းညှိ၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ရန်အတွက် ရည်ရွယ်၍ ဖြစ်ကြောင်းသိရသည်။

 

ဖလောင်းချိတ်အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရခိုင်ကျေးရွာများတွင် သင်္ကြန်ရေကစားခြင်းကို ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်) နေ့မှသာ စတင်ကျင်းပပြုလုပ်ကြသည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ