တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦး သျှစ်သောင်းဘုရားဗုဒ္ဓပူဇနိယပွဲတော်ကြီး မေလ ၂ ရက်မှ ၆ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.6k

နိရဥ္စရာ၊ ဧပြီ ၂ / ၂၀၂၃

ရခိုင်ပြည်အတွင်းမှ သျှစ်သောင်းဘုရားပွဲတော်ဟုလူသိများသည့် သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ လေးမျက်နာဘုရားများ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် မေလ ၂  ရက်မှ ၆ ရက်အထိ ၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစောရွှေမောင်က နိရဥ္စရာကို ပြောသည်။

ပွဲကတော့ ပုံမှန်အတိုင်း ရခိုင်ရိုးရာ ပြိုင်လောင်းပြိုင်ပွဲ၊ ရခိုင်ရိုးရာကျင်ပွဲ၊ ရခိုင်ယဉ်ကျေးမှုပြပွဲတွေကို ထည့်ထားပါတယ်ဟု ဆိုသည်။

ဘောလုံးပွဲနှင့် ညပွဲအဖြစ် စတိတ်ရှိုးပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဟု ဆက်ပြောသည်။

ယင်းအပြင် ပွဲတော်ကျင်းပနေစဉ် မေလ ၃ ရက်သည် ကဆုန်လပြည့်နေ့ဖြစ်သည့်အတွက် ကဆုန်ညောင်ရေသွန်းပွဲကိုလည်း ထည့်သွင်းကာ ပရိတ်ပဋ္ဌာန်းများ ရွတ်ဖတ်ပူဇော်သွားဦးမည်ဟုလည်း ပြောသည်။

အဆိုပါပွဲတော်ကို နှစ်စဉ်ကျင်းပနေကျဖြစ်ပြီး စဉ်လာမပျက်စေလို၍ ယခုကဲ့သို့ ကျင်းပရခြင်းဖြစ်သည်ဟုလည်း ဂေါပကအဖွဲ့က ပြောသည်။

ပွဲတော်ကာလအတွင်း မြောက်ဦးချောင်းတွင် ရခိုင်ရိုးရာ လှေပြိုင်ပွဲများကျင်းပကြသလို ပွဲတော်လာ ပရိသတ်များကလည်း ချောင်းအတွင်း အချင်းချင်း ပျော်ရွှင်စွာ ရေပက်ကစားတတ်ကြသည်ဟု မြို့ခံများက ပြောသည်။

သျှစ်သောင်းဘုရားပွဲတော်အား ၂၀၁၉ ခုနှစ်မှ စတင်ကာ ၂၀၂၁ ခုနှစ်ထိ ကိုဗစ်အခြေအနေများနှင့် စစ်ပွဲများကြောင့် (၃)နှစ်ကြာ ရပ်တန့်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ မေလတွင် ပြန်လည်ကျင်းပခဲ့ခြင်း ဖြစ်သည်။ (NN-18)

ဓာတ်ပုံ - ၂ဝ၁၇ ခုနှစ်ကကျင်းပခဲ့သည့် သျှစ်သောင်းဘုရားပွဲတော်မြင်ကွင်းနှင့် လှေပြိုင်ပွဲ

ဆက်စပ် သတင်းများ