နိရဥ္စရာ၊ ဧပြီ ၂၄ /၂၀၂၃
ရခိုင်ပြည်နယ်မှမြို့တချို့အပါအဝင် ကျေးလက်ရွာအများအပြားတွင် ရေကန်များခမ်းခြောက်သွား၍သောက်သုံးရေ အခက်ခဲကြုံနေ၇သည်ဟု ဒေသခံများက နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။
၇သေ့တောင်မြို့တွင်ဆိုလျှင် တောင်ရင်းတန်း၊အရှေ့တောင်၊ အရှေ့မြောက်နှင့် ချောင်း၀ရပ်ကွက်များရှိ မြို့နေလူထု ၂၁၀၀၀ကျော်ကို နေ့စဉ်ရေပေးဝေခဲ့သည့် ကန်တော်ကြီးဆည်သည် ယခု ဧပြီလကုန်ပိုင်းတွင်ရေခမ်းခြောက်သွား၍ ရေပေးဝေမှုရပ်နားထား၇ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်လင်းထက်က ပြောသည်။
"နှစ်စဉ်နှစ်တိုင်းမှာမေနဲ့ဇွန်ရောက်ရင်တော့ ရေခမ်းခြောက်ပါတယ်။ ပူပြင်းရာသီရောက်တဲ့ အခါဆိုရင်တေ
၇သေ့တောင်မြို့ ကန်တော်ကြီးဆည်ရေကိုမြို့ပေါ်လေးရပ်ကွက်သို့ တစ်နေ့လျှင်ရေဂါလံ တစ်သိန်းခန့်
ယင်းရေများမှာရေပိုက်လိုင်းသွယ်တန်းထားသည့်နေ
လက်ရှိတွင် ထိုကန်တော်ကြီးဆည်မှရေပေးဝေမှုရပ်တန့်ထား၍ မြို့နေလူထုမှ မြို့ပေါ်ရပ်ကွက်များရှိ မြေသားရေကန် ၁၁ကန်မှ ရေများကို အလုအယက်ခပ်ယူသုံးစွဲနေရပြီး ထိုရေကန်များခမ်းခြောက်ကာ သောက်သုံးရေပြတ်လပ်မည်ကိုလည်းမြို့ခံများက စိုးရိမ်နေကြသည်။
အလားတူ မင်းပြားမြို့နေလူထု၏သောက်သုံးရေအားထားရသည့် အလယ်ပိုင်းရပ်ကွက်ရှိ မင်းကန်နှင့်ပြည်တော်လှရေကန်များမှာလည်း လက်ရှိတွင် ရေလုံး၀ခမ်းခြောက်သွားပြီဖြစ်၍မြို့ခံများမှာ သောက်သုံးရေအခက်အခဲ ကြုံနေ၇သည်ဟု ပြောဆိုကြသည်။
အဆိုပါရေကန်များမှ ရေခမ်းခြောက်သွားသည့်အတွက်မြို့နယ်စည်ပင်က မင်းပြားမြို့ရှိ ဖလောင်းပြင်ဆည်မှရေကိုမြို့ပေါ်ရပ်ကွက်များသို့ သွယ်တန်းပေးဝေနေသော်လည်း တချို့ရပ်ကွက်များမှာပေးဝေနေသည့် ရေရရှိမှု မရှိဘဲ သောက်သုံးရေကို ဝယ်ယူသုံးစွဲနေ၇ကြောင်းမြို့ခံများက ပြောသည်။
ယင်းသို့ရေပေးဝေမှုမရရှိ၍ သောက်သုံးရေလီတာ၁၀၀၀ ကို ကျပ် ၇၀၀၀ ငွေပေးကာ ဝယ်ယူသုံးစွဲနေ၇သည်မှာ တစ်လခန့်ကြာမြင့်နေပြီဟုမင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်မှ သက်ကြီးပိုင်းအမျိုးသားတစ်ဦးက ပြောသည်။
"ရေပေးဝေတာလည်း ကျန်တဲ့ရပ်ကွက်တွေရပြီးတော့ကျနော်တို့ရပ်ကွက်ကမရပါဘူး။ သောက်သုံးရေကို လီတာ ၁၀၀၀ ကို ၇၀၀၀ပေးပြီးဝယ်ယူသုံးနေ၇တာ အတော်ကြာပါပြီ။ အခက်အခဲရှိနေပါတယ်" ဟု ပြောသည်။
မင်းပြားဖလောင်းပြင်ဆည်မှရေပေးဝေမှုကို တခြားမြို့ပေါ်ရပ်ကွက်များဖြစ်
ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗန်းဗွီးကျေးရွာ၊ကံသစ်ကျေးရွာ၊ အထက်မြတ်လှဲကျေးရွာနှင့် အခြားကျေးရွာအချို့တို့ရှိသောက်သုံးရေကန်များမှာလည်း နွေရာသီမကျရောက်မီကပင်ရေခမ်းခြောက်သွားသလို ရေအနည်းငယ်ကျန်ရှိသည့်ကန်များမှ
အထက်မြတ်လှဲကျေးရွာတွင်ဆိုလျှင်ဘုန်းကြီးကျောင်းသောက်သုံးရေကန်
"ဘုန်းကြီးကျောင်းထဲကရေကန်က ခမ်းသွားပါပြီ။ရေတစက်ကလေးမှ မကျန်အောင်ခမ်းသွားပါပြီ။ နောက် အထက်မြတ်လှဲမှာရှိတဲ့ကန်ကလည်းစစ်ရှောင်စခန်းတွေကလည်း ခပ်ပြီးသုံးနေ၇လို့ ရေနည်းလာပြီ။အဲဒီကန်ကရေကလည်း မသန့်ပါဘူး။ ရေတွေက နောက်ကျိပြီး ရွှံရေတွေလိုပါပဲ"ဟု ပြောသည်။
ဗန်းဗွီးကျေးရွာရှိရေကန်များမှာလည်း စစ်ရှောင်စခန်းအပါအဝင် ကျေးရွာသားများကခပ်ယူသုံးစွဲနေ၇သည့်အတွက် ရေကန်များခမ်းခြောက်နေပြီဟုဗန်းဗွီးကျေးရွာမှ ကိုနီထွန်းက ပြောသည်။
အလားတူ ပေါက်တောမြို့နယ်၊မြတဲကျေးရွာတွင်လည်း သောက်သုံးရေကန် ၄ ကန်စလုံး ခမ်းခြောက်နေ၍လက်ယက်တွင်းတစ်ခုရှိရေများကို တန်းစီ၍ အချိန်ကြာမြင့်စွာခပ်ယူနေရပြီးရေလည်းလောက်ငမှုမရှိဖြစ်နေ ကြောင်း ကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။
ရခိုင်ပြည်နယ်၏မြို့တော်စစ်တွေမြို့ပေါ်ရပ်ကွက်များတွင်
အဆိုပါ ရေကန်၉ ကန်အနက် ရေလုံး၀ခမ်းခြောက်သွားသည့် ကန် ၅ ကန်မှာ ဆင်ကူးလမ်းရေကန်၊ အုန်းတပင်ရေကန်၊ဓည၀တီရေကန်၊ ရွာသာယာရေကန်နှင့် မင်းဒြားချိတ်ရေကန်တို့ဖြစ်သည်။
ရခိုင်တွင်နွေရာသီသောက်သုံးရှားပါးပြတ်လပ်
"ရေရှားတဲ့ပြဿနာကို မြို့နယ်ကျေးလက်ဦးစီးဆီကိုတင်ပြကြပါလို့ပြောချင်ပါတယ်။ အမှန်တကယ်ရေရှားနေလားဆိုတာကိုသက်ဆိုင်ရာမြို့နယ်ကျေးလက်ဦးစီး
ရခိုင်မှာယမန်နှစ်မိုးရာသီက မိုးရွာသွန်းမှုနည်းပါးခြင်း(မို
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဇူလိုင်လ ၂၉ ရက်နေ့အထိ ရခိုင်တစ်ပြည်လုံးမိုးရွာသွန်း
အလားတူ ပြီးခဲ့သည့်၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၂၉ ရက်အထိ ၅၉ ရက်ရှိခဲ့ပြီးမိုးရေချိန် ၉၆ ဒသမ ၁၈ လက်မရှိခဲ့သည်ဟု သိ၇သည်။
၂၀၂၁ ခုနှစ်ထက် ၂၀၂၂ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း မိုးရွာသွန်းမှု လျော့နည်းကျဆင်းခဲ့ကြောင်းမိုး/ဇလ၏တိုင်းထွာချက်များအရ သိ၇သည်။
ရခိုင်ဒေသတွင်ဖြစ်ပေါ်နေသော မိုးကြီးခြင်း၊ မိုးရေချိန်နည်းပါးခြင်း၊ ရေကြီးခြင်း၊မြေပြိုခြင်းစသည့်ရာသီဥတုဖောက်
"အဓိကတော့ သစ်တောပြုန်းတီးမှုနဲ့လည်းဆက်စပ်မှုရှိတယ်။ သစ်တောတွေပြုန်းတီးလာတဲ့အခါ ရွာချလိုက်တဲ့ မိုးတွေဟာအခိုးအငွေ့အဖြစ်နဲ့ မိုးသီးပြန်မဖြစ်လာတော့ဘူး။ သစ်တောတွေရှိတဲ့အခါမိုးရွာရင်လည်း အခိုးအငွေ့တွေက ပြန်ပြီး မိုးအဖြစ်ရွာတယ်။နောက်တစ်ခုက ပင်လယ်ကလာတဲ့ မိုးရိပ်တွေကလည်း ရခိုင်ရိုးမမှာသစ်တောကြီးတွေသိပ်မရှိတော့တဲ့
ရခိုင်တွင် ယခုနှစ်နွေရာသီမရောက်မီကပင် သောက်သုံးရေရှားပါးပြတ်လပ်မှုမျ