(ဘာသာစကားအခက်အခဲနှင့်ကူညီပေးနိုင်မည့်အဖွဲ့အစည်းမရှိ
နိရဥ္စရာ ၊ ဧပြီ ၂၈ / ၂၀၂၃
အရှေ့အလယ်ပိုင်းဒေသ၊ အိုမန်နိုင်ငံတွင်အိမ်အကူအဖြစ်လုပ်ကိုင်နေ၇သည့် ၇ခိုင်နှင့် ချင်းအပါအဝင်မြန်မာအမျိုးသမီးများသည် လုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုနှင့် အလုပ်ချိန်အတွင်း မတရားခိုင်းစေခံနေရသည်ဟု ကာယကံရှင်များကနိရဥ္စရာသို့ ဆက်သွယ်ပြောဆိုကြသည်။
မြန်မာအမျိုးသမီးများ သည် အိမ်အကူအလုပ်တွင် အလုပ်ချိန်ထက်ပို၍ ပို၍ လုပ်ကိုင်၇မှု၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု
ယင်းသို့အခြေအနေအရပ်ရပ်များကို ၄င်းတို့အားတာဝန်ယူပို့ပေးခဲ့သည့် အလုပ်အကိုင်ရှာဖွေပေးသည့် အေဂျင့်များထံ ဆက်သွယ်အကူညီတောင်းသော်လည်းတစ်စုံတစ်ရာဆောင်ရွက်ပေးခြင်း
"သုံးလပိုင်းက ကျွန်မတို့သူဌေးတွေမှာအစာရှောင်ဥပုသ်ယူ၇တယ်။ အဲဒီအချိန်ကစပြီးတော့ သူဌေးမကဘာမှမဟုတ်တာလေးကအစ ခဏခဏ စိတ်တိုတယ်။ စိတ်တိုစိတ်ဆိုးတာနဲ့ ညီမကို ပါးရိုက်တာပေါ့နော်။ ပါးရိုက်တော့ ညီမကလက်နဲ့ကာတော့ ဒဏ်ရာမ၇ခဲ့ဘူး။ ဒါပေမယ့် သည်းမခံနိုင်တော့လို့ အေဂျင့်တွေကိုတိုင်တော့အေဂျင့်တွေက ရိုက်ခံရတယ်ဆိုရင်ဒဏ်ရာရတဲ့ဓာတ်ပုံပို့ပေးဖို့ပဲ
သူမ၏ အလုပ်ရှင်အာရပ်အမျိုးသမီးသည် ဖေဖော်ဝါရီလအတွင်းကလည်း သူမ၏နောက်ကျောကိုလက်ဝါးဖြင့်ပထမတစ်ကြိမ်ရိုက်နှက်ခဲ့ရာ ထိခိုက်ဒဏ်ရာမရရှိခဲ့၍ သည်းခံကြိတ်မှိတ်ကာနေခဲ့ကြောင်းအဆိုပါချင်းအမျိုးသမီးက ပြောသည်။
"ဖေဖော်ဝါရီလတုန်းကလည်း သူဌေးမကညီမကို ဘာမှမဟုတ်တာလေးနဲ့ နောက်ကျောကိုရိုက်တယ်။ ဒဏ်ရာလည်း မရခဲ့ပါဘူး။ ပြီးတော့တကြိမ်တခါ စိတ်အခန့်မသင့်လို့ဖြစ်မှာပါဆို
ယင်းသို့အိမ်အကူလုပ်နေသည့်အမျိုးသမီးမျာ
"အဆိုးဆုံး အချက်ကတော့သူဌေးတွေက နှာဗူးကျတယ်။ သူဌေးတွေက သူ့အမျိုးသမီးရှေ့မှာ ရောက်လို့ရှိရင်အိမ်အကူကို ကြည့်လို့တောင်မရတဲ့ပုံစံမျိုး
သူမသည် ပြီးခဲ့သည့်၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် မြန်မာနိုင်ငံမှ ပွဲစားတစ်ဦး၏အဆက်အသွယ်ဖြင့်အိုမန်နိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ရောက်ချင်းချင်းသူမတို့၏ နိုင်ငံကူးလက်မှတ်များနှင့် ဖုန်းများကို ယင်းနိုင်ငံမှပွဲစားများကသိမ်းယူထားခဲ့သည်ဟု ဆိုသည်။
အလုပ်ခေါ်မည့်အိမ်ရှင် မတွေ့မချင်းအခန်းတစ်ခုတွင်ပိတ်လှောင်နေခဲ့
ယင်းသို့အလုပ်လုပ်ကိုင်ရာတွင် နံနက်၆ နာရီမှစတင်ကာ အိမ်မှုကိစ္စများကို ဆက်တိုက်လုပ်ကိုင်၇ပြီး နေ့စဉ် ညဉ့်၁၁ နာရီနှင့် ၁၁ နာရီနောက်ပိုင်းမှသာ အိပ်စက်အနားယူ၇ကြောင်း သူမက ပြောသည်။
အိုမန်နိုင်ငံအတွင်းမြန်မာအမျိုးသမီးများ အိမ်အကူအဖြစ်အလုပ်လုပ်နေသည့်အိမ်ရှင်များသည် အိမ်အကူများအား အစားသောက်ကိုလည်းလုံလောက်အောင်စားခွင့်မပေးကြော
"သူတို့ကလေ ထမင်းတစ်နပ်ပဲကျွေးချင်တယ်။မနက်ဘက်ဆိုလည်း ကော်ဖီပဲရှိတယ်။ ဘာမှမရှိဘူး။ မုန့်ပဲသရေစာဝယ်လာလည်းအကုန်ဝှက်ထားတယ်။ ဘာမှ မကျွေးပါဘူး။ ညဘက်ကျလည်း ချာပါတီတွေ၊ခေါက်ဆွဲထုတ်တွေဝယ်လာရင် ဝှက်ထားတယ်။ အစ်မမှာ ကိုယ့်လစာထဲက ခေါက်ဆွဲထုပ်တွေဝယ်ထား၇တယ်"ဟု ပြောသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှအိုမန်နိုင်ငံတွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသည့် အမျိုးသမီးငယ် တစ်ဦးကလည်း "အလုပ်လုပ်တာက ရလကျော်လောက်ရှိပါပြီ။ အလုပ်မတရားလုပ်၇တယ်ပေါ့နော်။ မနက် ၄နာရီကျော်ရင် အိပ်ရာကနေထ၇တယ်။ မွန်းတည့် ၁၂ နာရီခွဲအထိလုပ်ရတယ်။ ထမင်းစားချိန်ခဏနားပြီးတစ်ရက်လုံးဆက်လုပ်၇တယ်။ အရမ်းပင်ပန်းပါတယ်။ ဖြစ်နိုင်ရင် မလုပ်ချင်တော့ပါဘူး
ယင်းသို့ လုပ်ငန်းခွင်အတွင်းအခက်အခဲများကြုံ၇၍ စိတ်ပျက်ကာ မလုပ်ချင်တော့သော်လည်း အေဂျင့်ကစာချုပ်သက်တမ်း ၂ နှစ်ပြည့်အောင်လုပ်၇မည်ဟုပြောဆို
အိမ်ပြောင်း၍လုပ်ကိုင်လျှင်လည်း စာချုပ် ၂ နှစ်ကာလကိုအစမှပြန်လုပ်ကိုင်ရမည်ဖြစ်ပြီး အိမ်ရှင်သူဌေးများကိုယ်တိုင်
"သူဌေးက ၂နှစ်စာချုပ်ချုပ်ထားတာ မပြည့်ဘဲပြန်သွားမယ်ဆိုရင် ပိုက်ဆံတွေပြန်ပေး၇မယ်ဆိုပြီးတေ
၇ခိုင်ပြည်မှ အမျိုးသမီးငယ်များသည် ပြည်နယ်တွင်း အလုပ်အကိုင်ရှားပါး၍ပြည်ပသို့ ထွက်ခွာပြီး အလုပ်လုပ်နေကြရာတွင် ယခုလို အခက်အခဲမျိုးကြုံနေရသဖြင့် ပြည်ပအလုပ်များကို သေချာစဉ်းစားပြီးမှ သွားရောက်လုပ်ကိုင်စေလိုသည်ဟု သူမက ပြောသည်။
“ကျွန်မတို့ပြည်နယ်က သဘာ၀သယံဇာတပစ္စည်းတွေနဲ့ ပြည့်လျှံနေတဲ့ ပြည်နယ်တစ်ခုဖြ
၇ခိုင်ပြည်နယ်သည် သဘာ၀သယံဇာတပေါကြွယ်၀သော်လည်း အလုပ်အကိုင်အခွင့်အလမ်း (လုံး၀) ရှားပါး
ယင်းထဲမှ ၇ခိုင်အမျိုးသမီးငယ်များမှာလည်းပြည်ပနိုင်ငံတချို့တွင် အိမ်အကူအလုပ်ကို လုပ်ကိုင်နေရပြီးယခုကဲ့သို့ အခက်အခဲများနှင့် ကြုံနေ၇ခြင်းဖြစ်ကြောင်း သိ၇သည်။
အိုမန်နိုင်ငံတွင်အိမ်အကူအလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးများမှာ လုပ်ခလစာအဖြစ်တစ်လလျှင် အိုမန်ရီယာယ် ၁၀၀ မှ အမြင့်ဆုံး ၁၂၀ ရီယာယ် ရရှိပြီးမြန်မာငွေနှင့်ဆိုလျှင် ကျပ် ၈ သိန်းခန့်ရရှိကြောင်း ပြောဆိုကြသည်။ (NN-23)
ဓာတ်ပုံ- အိုမန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြသည့်အမျိုး