Preview

ကိုဗစ် ၁၉ထက် ကူးစက်မှုနှုန်း ၁ ဒသမ ၂၇ ဆပိုမြန်သည့် ဗီဇပြောင်းရောဂါပိုး ပြန့်နှံ့နေပြီဖြစ်၍ သတိထားရန်လိုအပ်ဟုဆို

မေ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :2833
ရခိုင် သတင်း

နိရဉ္စရာ၊မေ ၄/ ၂၀၂၃

 

ကိုဗစ်၁၉ ထက် ကူးစက်မှုနှုန်း၁ ဒသမ ၂၇ ဆ ပိုမိုမြန်ဆန်သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးပြန့်နှံ့နေပြီဖြစ်ပြီးလက်ရှိတွင် အဆိုပါ ရောဂါပိုးကြောင့် သေဆုံးမှုများလည်းပြန်လည ရှိလာကြောင်းပရဟိတ လူမှုကူညီရေးအသင်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနထံမှသိရှိ၇သည်။

 

ကိုဗစ် ပိုးတွေ့လူနာတွေ့ရှိမှုလည်းပြန်လည်မြင့်တက်လာနေသလို ကိုဗစ်နဲ့ သေတဲ့ တစ်ဦးစ နှစ်ဦးစလည်းရှိလာတာတွေ့ရတယ်။ ကျန်းမာရေး သတိကတော့ လိုသည်မရှိပါဘူး။ ကိုဗစ် စဖြစ်တုန်းက ကာကွယ်မှုပုံစံမျိုးတွေကိုပဲ ဂရုစိုက်ပြုမှုကြပါလို့ တိုက်တွန်းချင်ပါတယ်ဟု ပရဟိတလူမှုကူညီရေးအသင်း တာဝန်ရှိ သူ တစ်ဦးက ပြောသည်။

 

ကိုဗစ်ပိုးတွေ့လူနာ သေဆုံးမှုအနေဖြင့်ဧပြီလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွင်တစ်ဦး သေဆုံးခဲ့မှု၊ မေလ ၂ ရက်နေ့က ပြည်မြို့ ကုတင် (၅၀၀) တွင် တစ်ဦး သေဆုံးခဲ့ကြောင်းသိရှိ၇သည်။

 

ကိုဗစ်ပိုးတွေ့ သံသယလူနာတွေ့ရှိမှုများသည် ၂၀၂၃ခုနှစ် ဇန်နဝါရီလ နောက်ပိုင်းမှ စတင်၍ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာခဲ့ပြီးတစ်နေ့လျှင် အနည်းဆုံး ဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၀၀ ဦးရေခန့် တွေ့ရှိလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ သိရှိ၇သည်။

 

ကိုဗစ်မျိုးရိုး ဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့် သံသယ ဖြစ်ဖွယ်ဓာတ်ခွဲ နမှုနာပေါင်း (၂၂) ခုကို ဧပြီလ ၂၉ ရက်နေ့က စစ်ဆေးမှုများပြုလုပ်ခဲ့ရာကူးစက်မှုနှုန်း ၁ ဒမသ ၂၇ ဆ ပိုမိုမြန်ဆန်သည့် မျိုးရိုးဗီဇပြောင်း XBB.1.16ကိုတွေ့ရှိခဲ့ကြောင်းသိရှိ၇သည်။

 

အဆိုပါXBB.1.16 ပိုးတွေ့လူနာများကိုလည်း ပြည်တွင်း၌ တွေ့ရှိမှု (၈)ဦးအထိရှိခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကပြောဆိုထားသည်။

 

XBB.1.16 ပိုးတွေ့လူနာများထဲမှတစ်ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ကျန် (ရ)ဦးသည် ပြည်တွင်း ကူးစက်မှုများမှတွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိ၇သည်။

 

အဆိုပါXBB.1.16 ပိုးသည် ကူးစက်မှုသာမြန်ဆန်ပြီးရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူ၇မှုနှင့် သေဆုံးမှုများပိုမိုမြင့်မားခြင်းမရှိကြောင်းနှင့် ကုသမှုများကို ကိုဗစ် ဖြစ်ပွားချိန်ကကုထုံးများ နည်းလမ်းများအတိုင်းနေထိုင်ခြင်းဖြင့်ဖြစ်ပွားမှုလျော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန် ပြောဆိုထားသည်။

 

ကိုဗစ်ရောပိုးတွေ့ရှိမှုအနေဖြင့် ၂၀၂၃ခုနှစ် မေလ ၃ ရက်နေ့ ည ၈ နာရီ အထိ စာရင်းများအ၇ ဓာတ်ခွဲ နမှုနာစုစုပေါင်း(၁၀၃၉၆၉၇၀) ဦးအားစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကိုဗစ် ၁၉ ဓာတ်ခွဲ အတည်ပြုလူနာစုစုပေါင်း ၆၃၅၂၅၇ ဦး ရှိကြောင်း သိရှိ၇သည်။ (NN – 25)

 

ဓာတ်ပုံ- COVID - 19 ကာကွယ်ဆေးနေပြည်တော် တွင် ထိုးနှံ့ပေးမှု (Narinjara)

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.