- Web Master
- ၀၄ ဖေဖော်ဝါရီ ၂၀၂၃
နိရဉ္စရာ၊ မေ ၄/၂၀၂၃
ရခိုင်ပြည်နယ်၊
မောင်တောမြို့နယ် မြောက်ပိုင်း ဝက်ကျိန်း(မြို)ကျေးရွာတွင် ယမန်နေ့ မေလ ၃ ရက်က
စစ်ကျန်ဗုံးသီးဟောင်းတစ်လုံးပေါ
သေဆုံးသွားသည့်ကလေးငယ်မှာ
ဝက်ကျိန်းကျေးရွာနေ ဦးမောင်ပို၏သား မောင်ပိုင်ဝေး (၄) နှစ် ဖြစ်သည်။
၎င်းကလေးငယ်သည် ယမန်နေ့
ညနေ ၄ နာရီခန့်က ၎င်း၏အိမ်နှင့်ပေ ၁၀၀ ခန့်ဝေးသည့် တောစပ်အနီးတွင် ဆော့ကစားရာမှ
စစ်ကျန်ဗုံးသီးဟောင်းကိုတွေ့၍ အိမ်သို့ကောက်ယူလာခဲ့ပြီး ၎င်း၏အိမ်သို့အရောက်
လှေကားထစ်သို့တက်ရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း
ဝက်ကျိန်းကျေးရွာသားတစ်ဦးက ပြောသည်။
"အိမ်ကိုရောက်လို့
လှေကားတက်တဲ့အချိန်မှာဖြစ်သွား
၎င်းကလေးငယ်ကို ယနေ့
မေလ ၄ ရက်၊ နံနက် ၁၀ နာရီခန့်က ရွာရှိသုသာန်တွင် သင်္ဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကျန်ဗုံးသီးဟောင်းသည်
ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် တကျော့ ပြန်တိုက်ပွဲကာလက
ရက္ခိုင့်တပ်တော်(AA)နှင့်
မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ်က ကျန်ရှိခဲ့သော
စစ်ကျန်လက်နက်ဟောင်းများဖြစ်ကြေ
မောင်တောမြို့နယ်၊ ဝက်ကျိန်းကျေးရွာနှင့်
ရန်အောင်ပြင်ကျေးရွာကြား တောင်တန်း၌ ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်၊
နေ့လယ် ၃ နာရီခန့်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့
နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယင်းတိုက်ပွဲထဲမှ
လက်နက်ကြီးကျည်ကျ၍ ရန်အောင်ပြင်ကျေးရွာတွင် နေအိမ် နှစ်လုံးမီးလောင်
ပျက်စီးသွားခဲ့သည်ဟု သိရသည်။
လက်ရှိတွင်
အဆိုပါလူနေရွာအနီးပတ်ဝန်းကျင်ရှိ
ရခိုင်တွင် ယာယီ
တိုက်ပွဲရပ်ထားသည့်နောက်ပိုင်း
ဓာတ်ပုံ- Aye Lwin