စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကျောက်တော် ခေါင်းတုတ်မွတ်ဆလင်ရွာမီးလောင်၍ လူနေအိမ် ၄ လုံး ဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 472

နိရဥ္စရာ၊ မေ ၅/ ၂၀၂၃

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်မွတ်ဆလင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၍ လူနေအိမ် ၄ လုံး မီးလောင်ပျက်စီးဆုံးရှုံးသွားသည်ဟု သိရသည်။

ယနေ့ မေလ ၅ ရက်၊ နံနက် ၉ နာရီခွဲက အဆိုပါကျေးရွာရှိ လူနေအိမ် ၁ လုံးတွင် ထမင်းချက်စဥ် ကြွင်းကျန်ခဲ့သည့်မီးကြွင်းမီးကျန်မှတဆင့် မီးစတင်လောင်ကျွမ်းရာမှ အခြားအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ကျောက်တော်မြို့၊ ဖြူစင်မေတ္တာလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုနိုင်ဝင်းလွင်က ပြောသည်။

"မီးလောင်တာက ကျွန်တော်တို့ကြားသိခဲ့ရသလောက် ပေါ့ဆမီးလို့ကြားရတယ်။ ထမင်းချက်ပြီး မီးကြွင်းကျန်ကလောင်တာလို့ ပြောကြတယ်" ဟု ပြောသည်။

ယင်းမီးလောင်ကျွမ်းမူကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဟုလည်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုကို ကျောက်တော်မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဖြူစင်မေတ္တာလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တို့ ပူးပေါင်းမီးငြိမ်းသတ်ခဲ့၍ နံနက် ၁၀ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။

ရခိုင်တွင် မီးလောင်မှုကြောင့် ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လအတွင်း ရဟန်းတစ်ပါးအပါအဝင် (၆) ဦးသေဆုံးခဲ့ပြီး လူနေအိမ်အလုံး ၄၀ ကျော်နှင့် ဆိုင်ခန်းအချို့ ပျက်စီးဆုံးရှုံးသွားပြီသည်ဟု သိရသည်။။(NN-12)

Photo - Naing Win Lwin

ဆက်စပ် သတင်းများ