Preview

ရခိုင်တွင် ယခုနှစ် သီဟိုဠ်စေ့ အထွက်နှုန်းကျဆင်းသော်လည်း ဈေးကောင်းရရှိနေ

မေ ၀၆/ ၂၀၂၃ | ကြည့်ရှုသူ :931
ရခိုင် သတင်း

နိရဥ္စရာ၊ မေ /၂၀၂၃

၇ခိုင်တွင် ယခုနှစ်အတွင်းသီဟိုဠ်စေ့များ အထွက်နှုန်းကျဆင်းခဲ့သော်လည်း ယမန်နှစ်ကထက် ဈေးကောင်းရရှိနေသည်ဟုသီဟိုဠ်စေ့အဝယ်ဒိုင်များနှင့် စိုက်ပျိုးသူများက ပြောသည်။

ယခုနှစ်တွင် ၇ခိုင်၌သီဟိုဠ်စေ့ စထွက်ခဲ့သည့် ဧပြီလဒုတိယပတ်အတွင်း အစေ့အရည်အသွေးပေါ် မူတည်ပြီး တစ်ပိဿာကို ၄၃၀၀ ကျပ်မှ ၄၅၀၀ ကျပ်ကြားအထိဈေးကောင်းရရှိနေသည်ဟု သီဟိုဠ်ပင် စိုက်ပျိုးသူများက ပြောသည်။

 

ပြီးခဲ့သည့်နှစ်က၇ခိုင်တွင် သီဟိုဠ်စေ့ထွက်သည့်အချိန်၌ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ကျပ်ကြားအထိသာရှိခဲ့သည်ဟု ဆိုသည်။

အမ်းမြို့နယ်၊ ဒါးလက်မြောက်ကျေးရွာမှသီဟိုဠ်စေ့စိုက်ပျိုးသူတစ်ဦးက "သီဟိုဠ်စေ့က ဒီနှစ် စထွက်ထွက်ချင်းမှာပဲ တစ်ပိဿာကို ၄၅၀၀ကျပ် ဈေးရှိနေတယ်။ အစေ့အရည်အသွေးပေါ် မူတည်ပြီးတော့၄၃၀၀ ကျပ်၊ ၄၃၅၀ ကျပ်၊ ၄၅၀၀ ကျပ်ကြားထဲမှာရှိနေတယ်။မနှစ်ကဈေးထက်စာရင် တစ်ဝက်လောက်ထိ ဈေးကောင်းရတယ်လို့ပြောလို့၇ပါတယ်"ဟု ပြောသည်။

လက်ရှိတွင်သီဟိုဠ်စေ့များဈေးကောင်းရရှိနေသော်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့်သီဟိုဠ်ပင်များ အပွင့်ပွင့်သည့်ဆောင်းရာသီက အပွင့်ပျက်စီးမှုများရှိခဲ့၍အထွက်နှုန်းကျဆင်းခဲ့သည်ဟုလည်း အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာမှသီဟိုဠ်ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

"အပွင့်ပွင့်ချိန်က အပွင့်တွေကခြောက်ပြီးကြွေကျတယ်။ နှင်းကြောင့်လို့ ဆို၇မယ်။ နှင်းခါးတွေကြောင့်ပေါ့။အပွင့်တွေပျက်စီး ကြွေကျတော့ အရင်နှစ်တွေကထက် အထွက်နှုန်းကျဆင်းတယ်။ဈေးကောင်းရနေလည်း အမြတ်အစွန်း၇တာ နည်းတာပေါ့" ဟု ပြောသည်။

သီဟိုဠ်ပင်များအပွင့်ပွင့်သည့်ရာသီ၌ အပွင့်များခြောက်ပြီးကြွေကျ၇ခြင်းမှာ သီဟိုဠ်စေ့များထွက်သည့်အချိန်တွင် အစေ့ကောက်ရန်အတွက် အပင်အောက်ခြေတွင်ကြွေကျနေသောအရွက်ခြောက်များကို မီးရှို့ခြင်းကြောင့် သဘာ၀မြေဆီလွှာများနှင့်သဘာ၀ မြေဆီလွှာများကိုပံ့ပိုးပေးသည့်ဇီ၀မျိုးကွဲများသေဆုံးသွားခြင်း၊ အမ်းမြို့နယ်ရှိ သီဟိုဠ်ပင်များသည်ပြည်မဘက်မှ ယူဆောင်စိုက်ပျိုးသည့်အပင်များဖြစ်၍ ရခိုင်ပြည်၏ရာသီဥတုနှင့်ကိုက်ညီမှုမရှိခြင်း၊ ပိုးမွှားများကြောင့်လည်းပျက်စီးမှုရှိနေခြင်းတို့ကြောင့်ဖြစ်နိုင်သည်ဟု သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်သူများကခန့်မှန်းပြောဆိုကြသည်။

သီဟိုဠ်ပင်များမှာအပူပိုင်းဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသည့်အပင်မျိုးဖြစ်ပြီး ဆောင်းရာသီ၌အပွင့်ပွင့်ကာ နွေရာသီတွင် သီဟိုဠ်စေ့အသီးကို ခူးဆွတ်ကောက်ယူရောင်းချ၍၇ပြီဟုသီဟိုဠ်ပင်  စိုက်ပျိုးသူများကပြောသည်။

ရခိုင်မှထွက်သည့်သီဟိုဠ်စေ့များကို ရန်ကုန်၊ ထားဝယ်နှင့် မန္တလေးဘက်သို့ ကုန်ကြမ်းအဖြစ်အဓိကတင်ပို့နေခြင်းဖြစ်သည်။

သီဟိုဠ်စေ့ကုန်ချောဖြစ်ရေးအတွက် အနည်းဆုံး၄ ရက်ခန့် နေပူလှန်း၇ပြီး ကုန်ချောခြောက်သီဟိုဠ်စေ့ တစ်ပိဿာဖြစ်ရန်သီဟိုဠ်စေ့အစိမ်း ၄ ပိဿာမှ ၅ ပိဿာအထိ လိုအပ်သည်ဟုလည်း သိ၇သည်။

ယင်းအပြင် ၇ခိုင်တွင်သီဟိုဠ်စေ့ ကုန်ချောထုတ်စက် မရှိသည့်အတွက် ကုန်ကြမ်းကိုသာ ဝယ်ယူ၍ပြည်မဘက်သို့တင်ပို့နေ၇သည်ဟု ရွှေစင်သီဟိုဠ်စေ့အဝယ်ဒိုင်မှကိုစိုးမြင့်နိုင်က ပြောသည်။

"ကျွန်တော်တို့က ၄၅၀၀ပေးပြီးဝယ်တယ်။ ရန်ကုန်နဲ့ထားဝယ်ဘက်တို့ကို ၄၅၅၀၊ ၄၆၀၀ ကျပ်နဲ့ တင်ပို့၊ရောင်းချတယ်။ ရခိုင်မှာက ကုန်ချောစက်မရှိတော့ ကုန်ကြမ်းတွေဝယ်ပြီး တင်ပို့ရတာပေါ့။ကုန်ချောစက်လုပ်ဖို့က အရင်းအနှီးကလည်းကြီးတယ်။ ပြည်မဘက်မှာဒီကဝယ်ယူတဲ့ သီဟိုဠ်စေ့တွေကို ကုန်ချောအဖြစ် ထုတ်လုပ်လိုက်ရင် ကုန်ချောတစ်ပိသာကို၂၈၀၀၀ ကျပ်ကနေ ၃၀၀၀၀ ကျပ်အထိရှိနေတယ်" ဟု ပြောသည်။

၇ခိုင်တွင် သီဟိုဠ်ပင်များကိုအမ်းမြို့နယ်တွင် စီးပွားအဖြစ် အဓိကစိုက်ပျိုးကြပြီး မင်းပြား၊ မြေပုံ၊ကျောက်ဖြူ၊ သံတွဲ၊ ဂွမြို့တို့တွင်လည်း စိုက်ပျိုးကြသည်။

ယင်းအထဲတွင်အမ်းမြို့နယ်မှ သီဟိုဠ်စေ့အများအပြားထွက်ရှိသည်ဟုလည်း သိ၇သည်။ (NN-12)

#စိုက်ပျိုးရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.