Preview

စစ်တွေ မြို့မ ဗလီကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေ

မေ ၀၈/ ၂၀၂၃ | ကြည့်ရှုသူ :1652
ရခိုင် သတင်း

စစ်တွေ မြို့မ ဗလီကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေ

 

နိရဉ္စရာ၊ မေ ၈/ ၂၀၂၃

 

ရခိုင်ပြည်နယ် မြို့တော် စစ်တွေရှိ သက်တမ်း ၁၀၀ ကျော်ရှိနေပြီဖြစ်သည့်ကိုလိုနီခေတ်လက်ရာ မြို့မဗလီ(ခ)ဂျမားဗလီကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်နေကြောင်းအစ္စလာမ်ဘာသာဝင်များကပြောကြားသည်။

 

လက်ရှိတွင် ၎င်းဗလီကြီးတွင် ဝတ်ပြုခွင့်ပိတ်ပင်ထားပြီး ရဲသားနှင့်စစ်သားများကို အစောင့်ချထားသော်လည်း မူးယစ်သမားများ ဝင်ရောက်ပြီး မူးယစ်ဆေးဝါးများကိုအသုံးပြုနေကြောင်း မွတ်ဆလင်လူငယ် တစ်ဦးကပြောသည်။

 

၎င်းပြင် ထိန်းသိမ်းစောင့်ရှောက်မှုကင်းမဲ့နေ၍  ဗလီကြီး၏ အစိတ်အပိုင်းတချို့ကိုလည်း ညောင်ပင်များကဝါးမျိုနေသည်ကို တွေ့ရှိ၇ကြောင်း ၎င်းက ပြောကြားသည်။

 

"ဒီဗလီကြီးကနှစ်ပေါင်း တစ်ရာကျော်ရှိနေပါပြီ။ ကိုလိုနီ ဗြိတိသျှ အစိုးရခေတ် လက်ထက်ရာတွေအထဲက အစောဆုံးလက်ရာတစ်ခုလည်းဖြစ်ပါတယ်။ သမိုင်းဝင် အဆောက်အဦတစ်ခုဖြစ်ပါတယ်။ ဘာသာရေးအရ ခွဲခြားမထားဘဲသမိုင်းနဲ့ ယဉ်ကျေးမှုအရ စဉ်းစားပြီး အစိုးရအနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးစေလိုပါတယ်"ဟု၎င်းက ပြောသည်။

 

၎င်းဗလီကြီးတွင် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်လူမျိုးရေး ဘာသာရေး အဓိဂရုဏ်းအတွင်းကပင် ဘုရားဝတ်ပြုခွင့်ကို ပိတ်ပင်ထားသည်ဟု သိ၇သည်။

 

ထိုသို့ ပိတ်ပင်ထားရာမှ ပြုပြင်စောင့်ရှောက် ထိန်းသိမ်းမည့်သူမရှိ၍ ကိုလိုနီခေတ်လက်ရာ မြို့မဗလီ(ခ)ဂျမားဗလီမှာ တစတစ ယိုယွင်းပျက်စီးလာနေသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

 

အဆိုပါရှေးဟောင်းလက်ရာ မြို့မဗလီကြီးကို မိမိတို့အစ္စလာမ်ဘာသာဝင်များကသူတို့ ဖာသာ ထိန်းသိမ်းပြုပြင်ရန်အတွက် အစိုးရထံသို့ခွင့်တောင်းမှုများရှိခဲ့သော်လည်းယနေ့အချိန်ထိ ခွင့်ပြုခြင်းသေးဟုမရှိခဲ့ဟု ဆိုသည်။

 

ကျွန်တော်တို့လူကြီးတွေက ပြုပြင်မယ်တောင်းတော့လည်း အစိုးရက ခွင်မပြုဘူး။ အစိုး၇ ကိုယ်တိုင်လည်း  ပြုပြင် ထိန်းသိမ်းခြင်း မရှိဘူး။ ဒီအတိုင်းထားရင်  ဗလီအဆောက်အအုံကြီးက  ပြိုပျက်သွားပါလိမ့်မယ်ဟု ၎င်းကပြောသည်။

 

၎င်းပြင် ရခိုင်ပြည်နယ်တွင် ဗုဒ္ဒဘာသာ ရခိုင်လူမျိုးများနှင့်အစ္စလာမ်ဘာသာဝင်များအကြား အပြန်အလှန် နားလည်မှုနှင့်အတူ ဆက်ဆံရေးမှာလည်း ကောင်းမွန်လာပြီဖြစ်သဖြင့် အဆိုပါ ဗလီတွင် ဘုရားဝတ်ပြုခွင့် ၇လိုကြောင်းလည်း ၎င်းကပြောသည်။

 

အဆိုပါ စစ်တွေမြို့လယ်ရှိ နှစ်ပေါင်း ၁၆၀ ကျော်ရှိသည့် မြို့မဗလီ(ခ)ဂျမားဗလီကြီးကိုလွန်ခဲ့သည့် ၁၈၅၉ ခုနှစ်က ဦးမိုဟာမတ်ဘောချ်နှင့် ဒေါ်အီလာဟီဂျာန်ဘိဂါမ်တို့ မောင်နှမနှစ်ဦးမှတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရသိ၇သည်။

#ဘာသာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.