Preview

စစ်တွေအကျဉ်းထောင်တွင် ဆေးဝါးလုံလောက်မှုမရှိ၍ ကျန်းမာရေချို့ယွင်းသော အကျဉ်းသားများအခက်ကြုံနေရ

မေ ၀၉/ ၂၀၂၃ | ကြည့်ရှုသူ :669
ရခိုင် သတင်း

ရခိုင်ရှိ စစ်တွေအကျဉ်းထောင်အတွင်းတွင် ဆေးဝါးလုံလောက်မှုမရှိသဖြင့် ကျန်းမာရေးမကောင်းသည့် ထောင်သားများအနေဖြင့် ဆေးဝါးကုသရာတွင် အခက်အခဲဖြစ်နေကြရဟု သတင်းရရှိသည်။


၎င်းအပြင်အကျဉ်းကျမိသားစုဝင်များမှ ပေးပို့သည့် ပြင်ပမှဆေးဝါးအချို့ကိုလည်း ထောင်အတွင်း ကန့်သတ်ထားသဖြင့် ပို၍ အခက်တွေ့နေ၇သည်ဟု အကျဉ်းထောင်နှင့်နီးစပ်သူများထံမှသိ၇သည်။

 

များမကြာမီကလွတ်မြောက်လာသည့်နိုင်ငံအကျဉ်းသားတစ်ဦးက "ထောင်အတွင်းမှာဆေးဝါးတွေ ထောက်ပံ့ထားတာက အဆင်မပြေဘူး။ဖျားရင်လည်းဘာမီတွန်၊ ဝမ်းသွားရင်လည်း ဘာမီတွန်ချည်းပဲ သောက်၇တယ်။ကျနော်တို့အပြင်က အိမ်ကဝယ်ထည့်ပေးတဲ့ဆေးတွေဆိုရင်လည်းတားမြစ်ခံ၇တာတွေရှိတယ်။အစစ်ဆေးခံရတယ်။ ဆေးမသွင်း၇ဘူးဆိုပြီးတော့။ အခက်အခဲတွေ အများကြီးရှိတယ်။ဆေးဝါးကတော့လုံး၀မပြည့်စုံပါဘူး။ ရောဂါကြီးတဲ့သူတွေဆိုရင် အထဲမှာ ဆေးကုလို့အဆင်မပြေဘူး။ ကျနော်တို့တွေ့ခဲ့တဲ့ မင်းပြားကတစ်ယောက်ဆိုရင်လည်းနေမကောင်းဖြစ်တဲ့နှစ်ရက်အတွင်းမှာ ရုပ်ရည်ကျသွားတယ်။ ထောင်တွင်းဆေးရုံမှာပဲသူကသေသွားတယ်" ဟုပြောသည်။

 

စစ်တွေအကျဉ်းထောင်အတွင်းတွင်ဆေးဝါးမျာ လုံလောက်မှုမရှိသဖြင့် ဖျားနာကိုက်ခဲ့သည့် ရောဂါများအတွက်ဆိုလျှင်လည်းဆေးတစ်မျိုးတည်းသာ သုံးစွဲနေ၇ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။

 

ထို့အပြင်စစ်တွေထောင်အတွင်း နိုင်ငံရေးအမှုများနှင့် ထောင်ချခံထား၇သူများအထဲက အချို့ဆိုလျှင် အသက်ကြီးရင့်နေသူများဖြစ်ကြပြီး ဖမ်းဆီးစစ်ဆေးခံ၇စဉ်က ညှည်းပန်းနှိပ်စက် ခံထား၇သည့် ဒဏ်များကြောင့်ဝေဒနာများခံစားနေ၇ပြီး ပြင်ပကဆေးများလည်း သွင်းခွင့်မ၇သဖြင့် အခက်အခဲဖြစ်နေ၇သည်ဟုသူကဆက်ပြောသည်။

 

"ဖိုးအရွယ်တွေဖြစ်နေကြပြီဆိုတော့သွားလို့လာလို့မရကြတော့ဘူး။ အသက်၇ှု ကျပ်တယ်တဲ့ဝေဒနာလည်းခံစားနေကြရတယ်။ဆေးရုံတင်ရင်လည်း ဆေးဝါးကအဆင်မပြေဘူး။ကျနော်တို့တွေကအပြင်ကဆေးမှာပေးရင်လည်း တားဆီးခံရတာတွေရှိတယ်။ လိုအပ်တဲ့ဆေးကိုအိမ်ကလာပို့ပေးလို့ရောက်လာပေမယ့် မသွင်းရတာမျိုးတွေရှိတယ်။ ကန့်သတ်တယ်။ဒုက္ခတွေ အမျိုးမျိုးခံကြရတယ်။ကျနော်တို့ရခိုင်ပြည်မှာက လူ့အခွင့်အရေးချိုးဖောက်တာတွေကိုအမျိုးမျိုးခံနေရတာပါပဲ။ဆေးကုသမှုတစ်ခုကိုတော့ ထောင်ကျနေရင်လည်း အဆင်ပြေအောင် လုပ်ပေးစေချင်ပါတယ်"ဟုပြောသည်။

 

စစ်တွေအကျဉ်းထောင်အတွင်းတွင် ပုဒ်မ၅၀၅ (က)ဖြင့် ထောင် ၃ နှစ်ကျခံနေ၇သည့် ပလက်၀မြို့မှ ဦးမောင်မဲကျော့(၅ရနှစ်)သည် အာဟာရပြတ်လပ်ကာ အသက်ရှူကျပ်သည့်ဝေဒနာကို ခံစားနေရပြီးနိုင်ငံရေးအကျဉ်းသားဖြစ်သည့်အတွက် အကျဉ်းထောင်ပြင်ပဆေးရုံများတွင်လည်းဆေးကုသမှု ခံယူရန်ခွင့် မပြုဟု ၎င်း၏မိသားစုဝင်တစ်ဦးကပြောသည်။

 

"စစ်တွေဆေးရုံကိုလည်း ထုတ်ခွင့်မပေးဘူး။ကျမတို့ကပြင်ပဆေးရုံမှာ ဆေးကုသဖို့အတွက် တောင်းဆိုပေမယ့် ၅၀၅(က) ပုဒ်မနဲ့ထောင်ချခံထား၇တဲ့အတွက် အပြင်ဆေးခန်းမှာ ဆေးကုခွင့်မပေးဘူးလို့ပြောတယ်။အခုတော့ထောင်တွင်းဆေးရုံမှာ ဘယ်လိုအခြေအနေ ရှိလိုရှိနေမှန်းမသိရဘူး။အဆက်အသွယ်လည်းမရတော့ စိတ်ပူနေကြ၇တယ်။ အခြားအမှုတွေနဲ့ ဆိုရင်တော့အာမခံနဲ့ဆေးကုသမှုခံယူလို့၇မယ်လို့ပဲပြောတယ်" ဟုပြောသည်။

 

ရခိုင်ပြည်နယ်ရှိအကျဉ်းထောင်အသီးသီးတွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နယ် ကိုဗစ်ကပ်ရောဂါ စတင်ခဲ့သည့်အချိန်မှစ၍ထောင်ဝင်စာတွေ့ခွင့်ကို ပိတ်ပင်ထားခဲ့ရာ လက်ရှိ၇ခိုင်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုမရှိသလောက်နည်းပါး သွားပြီဖြစ်သော်လည်း ထောင်ဝင်စာတွေ့ခွင့်ကို ပိတ်ပင်ထားသည်ဟုသိ၇သည်။

 

ထောင်ကျအကျဉ်းသားများ၏ မိသားစုများအား ထောင်ဝင်စာ ပိတ်ပင်ထားခြင်းမှာလူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး  ပြန်လည် ခွင့်ပြုပေး၇န်  အကျဉ်းကျနေသူများ၏ မိသားစုဝင်များက တောင်းဆိုနေကြသည်။

(NN-8)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.