ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ပိုမိုဆိုးရွားလာနေသော မြန်မာအကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံက ညီညွတ်မှုကို ပြသရမည်ဟု အင်ဒိုနီရှားသမ္မတ ဂျိုကိုဝီဒိုဒို ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 588

မြန်မာစစ်ကောင်စီသည် လွန်ခဲ့သည့် နှစ်နှစ်က ကတိပြုထားသည့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှု မတွေ့ရှိရသဖြင့် အာဆီယံနိုင်ငံများအနေဖြင့် ပိုမိုဆိုးရွားလာနေသော မြန်မာအကျပ်အတည်းကို ဖြေရှင်းရာတွင် ညီညွတ်မှုကို ပြသရမည်ဖြစ်ကြောင်း အင်ဒိုနီရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အာဆီယံ ထိပ်သီးအစည်းအဝေး ဒုတိယနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။

 

အင်ဒိုနီးရှားနိုင်ငံ လာဘူအန် ဘာဂျို တွင် ကျင်းပနေသော အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့ငြိမ်းချမ်းရေးအကောင်အထည်ဖော်ရေးကိစ္စမှာ အဓိကဆွေးနွေးမည့် အကြောင်းအရာဖြစ်ခဲ့သည်။

 

" ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရရင် ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရာမှာ သိသာတဲ့ တိုးတက်မှု မရှိခဲ့ဘူး။ ဒါ့ကြောင့် နောက်တစ်ဆင့်ဆုံးဖြတ်ဖို့ အာဆီယံအနေနဲ့ ညီညွတ်မှု ရှိဖို့ လိုအပ်တယ်" ဟု လက်ရှိ အာဆီယံဥက္ကဌ အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး ၂ နှစ်အတွင်း စစ်တပ်၏ သွေးထွက်သံယို နှိမ်နင်းမှုနှင့်အတူ ဆန့်ကျင်မှုလှိုင်းများတိုးပွားလာကာ အကြမ်းဖက်မှုအရှိန်မြင့်လာမှုများကို လျှော့ချနိုင်ရေး နည်းလမ်းရှာရမည်ဟု ဝီဒိုဒိုက ဆိုသည်။

 

မြန်မာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တိုးပွားလာနေသော ဒီမိုကရေစီလိုလားသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် စစ်မျက်နှာပေါင်းစုံတွင် တိုက်ပွဲဝင်နေရသည်။

 

အင်ဒိုနီးရှားသည် လွန်ခဲ့သည့် လများအတွင်း ဘက်ပေါင်းစုံ အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ တိတ်တဆိတ် စေ့စပ်ညှိနှိုင်းပေးရန် ကြိုးစားလျှက်ရှိသည်။

 

လှုပ်ရှားတက်ကြွသူများက မြန်မာစစ်တပ်သည် အရပ်သားများနေထိုင်ရာဒေသများကို လေကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဆိုသည်။

 

မြန်မာစစ်တပ်ကမူ " အကြမ်းဖက်သမားများ" ကို တိုက်ခိုက်နေသည်ဟု ဆိုသည်။

 

၂၀၂၁ ခုနှစ်က ဂျာကာတာတွင် ကတိပြုထားခဲ့သည့် ဘုံသဘောတူညီချက် ငါးရပ်ကို မြန်မာစစ်တပ်က အကောင်ထည်ဖော်ခြင်းမရှိသည့်အတွက် အာဆီယံအဆင့်မြင့် အစည်းအဝေးများတွင် မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားခြင်းမပြုဘဲ ချန်လှပ်ထားသည်။

 

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ကော့ ကင်မ်ဟွန်း က " မြန်မာနိုင်ငံမှာ တစ်ဖက်နဲ့တစ်ဖက် အကြမ်းဖက်တိုက်ခိုက်နေမှုတွေ လျော့နည်းသွားတာကို မြင်ချင်ပါတယ်" ဟု အာဆီယံအစည်းအဝေးအတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

 

NN- 27

 ref:CNA


ဆက်စပ် သတင်းများ