ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ ဂျိုင်ကောက်ကျေးရွာနှင့် ၇ မိုင်ခန့်အကွာတောကြီးထဲတွင် ဗုဒ္ဓဘုရားချမှတ်ခဲ့သည့်ဝိနည်းတော်များနှင့်အညီ တရားအားထုတ်ကျင့်ကြံနေသည့် မဟာဝိဟာရတောရကျောင်းကို ၇ ရက်အတွင်းဖယ်ရှားရန် ဂွမြို့နယ်၊ရပ်ကျေးသံဃနာယက အဖွဲ့မှမေလ ၈ ရက်၌ စာထုတ်ညွှန်ကြားလာသည်ဟု တောရကျောင်းကို ဦးဆောင်နေသည့်စာချဆရာတော် ဦးကဝိဓဇကနိရဥ္စရာသို့ မိန့်ကြားသည်။
အဆိုပါမဟာဝိဟာရတော၇ကျောင်းကို ကျူးကျော်မြေတွင် ခွင့်ပြုချက်မ၇ဘဲကျောင်းသင်္ခမ်း တည်ဆောက်သည်ဟုဆိုကာ ၇ ရက်အတွင်းဖယ်ရှားပေးရန် ဂွမြို့နယ်၊ရပ်ကျေးသံဃနာယက အဖွဲ့မှမေလ ၈ ရက်၌ စာထုတ်ခိုင်းစေလာသည်ဟု ဆရာတော်က မိန့်ကြားသည်။
"ဘုန်းကြီးတို့ကျောင်းမှာက မိုးရာသီဝါတွင်းကာလကလွဲရင် သံဃာတော်တွေက တောထဲသစ်ပင်တွေအောက်မှာပဲ သီတင်းသုံးကြတာပါ။ဒါပေမယ့်ဝါတွင်းကာလမှာ မိုးထဲမှာသီတင်းသုံးနေထိုင်ဖို့
အဆိုပါမဟာဝိဟာရတော၇ကျောင်းတိုက်ကို ဂွမြို့နယ်၊ဂျိုင်ကောက်ကျေးရွာဇာတိဖွား ဆရာတော်ဦးကဝိဓဇ သက်တော်(၃၃)နှစ်၊ ဝါတော် (၁၂)ဝါက ပြီးခဲ့သည့်မတ်လမှစတင်ကာ ဦးဆောင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
တောရကျောင်းစတင်တည်ထောင်စဥ်ကပင် ဝါတွင်းကာလသံဃာတော်များသီတင်းသုံးနိုင်ရန် ကျောင်းသင်္ခမ်းတည်ဆောက်ခွင့်
ရပ်ကျေးသံဃနာယကဥက္ကဋ္ဌဆရာတော်ကို
အဆိုပါတောရကျောင်းတည်ထောင်ထားသည့်မြေ
"ရပ်ကျေးသံဃနာယကအဖွဲ့က ထုတ်တဲ့စာမှာ ဘုန်းကြီးတို့နေရာကို ကျူးကျော်လို့ စွပ်စွဲထားတာလည်းတွေ့၇ပါတယ်။ အမှန်က ဒီမြေကကျူးကျော်မဟုတ်ပါဘူး။ ပရိယတ္တိစာသင်ကြားပို့ချချင်တယ်
ယခုကဲ့သို့တောရကျောင်းကို ရ ရက်အတွင်းဖယ်ရှားခိုင်းသည့်ကိစ္စနှင့်ပတ်သက်၍ ဂွမြို့နယ်၊ရပ်ကျေးသံဃနာယကဥက္ကဋ္ဌဆရာတော် ဦးပညာဒီပကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်းဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိ
ရခိုင်ဒေသတွင်သာသနာပြုလုပ်ငန်းများဆောင်ရွက်
ယင်းတော၇ကျောင်းတွင် အသက်ငယ်ရွယ်သံဃာတော်များအပါဝင်ဖိုးသူတော်ငယ်များ အပါး ၈၀ ကျော်ခန့်ကဝိနည်းတော်များနှင့်အညီကျင့်ကြံနေထိုင်ပြီး ပရိယတ္တိစာပေများကို လေ့လာဆည်းပူးနေကြသည်ဟုဆိုသည်။
အဆိုပါသံဃာတော်များသည် ဝါတွင်းကာလကလွဲလျှင် သစ်ပင်အောက်တွင်သာ သီတင်းသုံးခြင်း၊ သင်္ကန်.အဖြစ် ပိတ်စဖြူများကိုသစ်ခေါက်ဆေးဆိုးကာ ကိုယ်တိုင်ခြုပ်၍ဝတ်ရုံခြင်း၊နေ့ဘက်တွင် ပရိယတ္တိစာပေများကို ပို့ချသင်ကြားခြင်း၊ ညဘက်တွင်တရားကျင့်ကြံ အားထုတ်ခြင်း၊ဆွမ်းကိုတစ်နပ်သာဘုန်းပေးခြင်း၊ ဆွမ်းခံရန်တောရကျောင်းမှ အနည်းဆုံး ရ မိုင်ခန့်ရှိသည့် ကျေးရွာများသို့ ခြေလျင်ကြွရောက်ခြင်းများကိုကျင့်သုံးနေထိုင်ကြသည်ဟု ဆိုသည်။
ယင်းသို့အသက်ရွယ်နုငယ်သော်လည်း ခက်ခဲပင်ပန်းမှုများကိုသည်းညည်းခံကာ ဝိနည်းနှင့်အညီ ကျင့်ကြံအားထုတ်နေသည့် သံဃာတော်များကို ကြည်ညို၍ရပ်နီးရပ်ဝေးမှလာရောက်ဖူးမြော်