နိရဥ္စရာ၊ မေ၁၂/၂၀၂၃
မြန်မာမိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ မေလ ၁၂ ရက် မြန်မာစံတော်ချိန် (၆) နာရီအချိန် ထုတ်ပြန်ချက်အ၇ အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းသည် နောက်(၆)နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်ရောက်ရှိနိုင်ကြောင်း ဖော်ပြထားသည်။
ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (SevereCyclonic Storm) “မိုခါ(MOCHA)” သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့(CocoIsland)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၂၀)မိုင်ခန့်၊ ဟိုင်းကြီး ကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင်(၄၁၅) မိုင်ခန့်၊ စစ်တွေမြို့၏ တောင်- အနောက်တောင်ဘက် ရေမိုင်(၅၂၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(PortBlair)၏ အနောက်- အနောက်မြောက်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေကြောင်း ဖော်ပြထားသည်။
မုန်တိုင်း ဗဟိုချက်လေဖိအား (၉၉၁) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀) နှုန်းခန့် ဖြစ်သည်ဟု သိ၇သည်။
နောက်(၆)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (VerySevere Cyclonic Storm) “မိုခါ(MOCHA)” အဖြစ်သို့ ရောက်ရှိနိုင် သည်ဟု ဆိုသည်။
ယင်းနောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ မေ ၁၄ ရက် တနင်္ဂနွေနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့(Cox’sBazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ (Kyaukpyu)တို့ကြားစစ်တွေ မြို့ (Sittwe)အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။
ယနေ့နံနက်မှ မေ ၁၄ ရက်နေ့အတွင်း မြစ်၀ကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာ ခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီး နိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၉၀)မှမိုင်(၁၁၀)ခန့်အထိ တိုက်ခတ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။
လှိုင်းအမြင့်မှာ မြစ်၀ကျွန်း ပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၁၃)ပေမှ (၁၆)ပေခန့် ရှိနိုင်ပြီး မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဟု ဆိုသည်။
မေ ၁၄ ရက်မှ ၁၅ ရက်နေ့အတွင်း ၇ခိုင်ပြည်နယ်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင်(၁၀၀)မှ မိုင်(၁၁၀)ခန့်အထိ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသ ကြီးနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင် (၄၀)မှမိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်း၇ထားသည်။
မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ၇ခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်၀၊မြစ်လက်တက်များ အတွင်း (၁၀)ပေမှ (၁၄)ပေခန့်အထိ နှင့် ကျောက်ဖြူခရိုင်ရှိ မြစ်၀၊မြစ်လက်တက်များအတွင်း (၇)ပေမှ (၁၀)ပေ ခန့် အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်း၇ထားသည်။
အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(SevereCyclonic Storm) “မိုခါ (MOCHA)”၏ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီး ခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ် နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ရန်နှင့်ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ရန် မိုးလေ၀သနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြု ထားသည်။
ရက္ခိုင်ပြည်သူ့အစိုးရအဖွဲ့ကလည်းမုန်တိုင်းအန္တရာယ်ကိုပေါ့ဆမှုမရှိဘဲ သတိပြုကာ ကြိုတင်ကာကွယ်ပြင်ဆင်ကြရန်တိုက်တွန်းနှိုးဆော်ထားသည်။ (NN-7)