Preview

၇ခိုင်တွင် ညဥ့်အချိန်က ၅ စက္ကန့်ခန့်အကြာ ငလျင်လှုပ်ခတ်ခဲ့

မေ ၁၂/ ၂၀၂၃ | ကြည့်ရှုသူ :479
ရခိုင် သတင်း

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ယနေ့ညဉ့်အချိန်က ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ရှိ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ၇သေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောစသည့်မြို့နယ်များတွင် ယနေ့ မေလ ၁၂ ရက်၊ ညဥ့် နာရီ ၁၅ မိနစ်ခန့်တွင် စက္ကန့်ခန့်အကြာ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။

စစ်တွေဒေသခံတစ်ဦးကအိပ်နေတုန်း ငလျင်လှုပ်လို့ နိုးလာတာ။ သိပ်အကြာကြီး လှုပ်သွားတာတော့ မဟုတ်ဘူး။ သိပ်လည်း ပြင်းထန်တယ်လို့ ပြောလို့ မ၇ဘူးဟု ပြောသည်။

၇သေ့တောင်ဒေသခံတစ်ဦးကလည်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အိပ်ရာမှ နိုးသွားခဲ့၇သည်ဟု ပြောသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ယနေ့ မေလ (၁၂) ရက်၊ မြန်မာစံတော်ချိန်(၀၃)နာရီ၊ (၁၄)မိနစ်၊ (၅၅) စက္ကန့်အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၃) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (မတူပီမြို့၏ အနောက်-အနောက်မြောက်ဘက် (၂၁) မိုင်ခန့်အကွာ) မြောက်လတ္တီ တွဒ် (၂၁.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၁၂)ဒီဂရီ၊ အနက် (၇၁) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (.) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်ဟု ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။ (NN-16)

#မြေငလျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.