Preview

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးကြဖို့ ထိုင်းအလုပ်အကိုင် ဦးစီးဌာနက သတိပေး

မေ ၁၂/ ၂၀၂၃ | ကြည့်ရှုသူ :876
နိုင်ငံတကာ သတင်း

ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လာမည့်မေလ၁၅ရက်နေ့အပြီး အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတိုးကြရန် ထိုင်းအလုပ်အကိုင်ဦးစီးဌာနမှသတိပေးထုတ်ပြန်ထားသည်။

ထိုင်းအစိုးရဌာနဆိုင်ရာအားလုံး၏ ဆုံးဖြတ်ချက်အ၇ ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးရာတွင် ထိုင်းအလုပ်အကိုင်ဦးစီးဌာနက သတ်မှတ်ထားသည်မှာ ပြီးခဲ့သည့် ၂လပိုင်း ၁၃ ရက်နေ့အထိဖြစ်ကြောင်း သိ၇သည်။

 

သို့သော် (CI) ဟုခေါ်သည့် ထိုင်းနိုင်ငံ၌ နေထိုင်ခွင့်အထောက်အထားစာအုပ်၊ ဗီဇာ၊ ကျန်းမာရေးအာမခံ ချက်များ စသည့် ကျန်နေသေးသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လာမည့် မေလ ၁၅ရက်အတွင်း အပြီး လုပ်ဆောင်ကြရန် အလုပ်ရှင်နှင့်အလုပ်သမားများကို ထိုင်းအလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖိုင်ရို့ချိုတိစထီယန်က သတိပေး ပြောထားသည်ကို အဆိုပါဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

ရွှေ့ပြောင်းအလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရုံး၏အချက်အလက်များအ၇ အပြီးသတ်အလုပ်လုပ်ကိုင် ခွင့်လျှောက်ထားပြီးသည့် ရွှေ့ပြောင်းအလုပ်သမားဦးရေ ၁၈၇၃၇၉၈ဦးရှိပြီး သက်သေအထောက်အထား မပြည့်စုံသေးသည့်သူများ ရှိနေသေးကြောင်း ဆိုထားသည်။

 

ယင်းကဲ့သို့သက်တမ်းတိုးရာတွင် ပွဲစားများက အွန်လိုင်းမှလုပ်ပေးနေကြသော်လည် အချိန်ကြန့်ကြာမှု များကြောင့် သက်တမ်းမတိုး၇သေးသည့် ရွှေ့ပြောင်းအလုပ်သမားများ ကျန်နေသေးကြောင်း ထိုင်းနိုင်ငံ တွင် ၁၅နှစ်ကြာ အလုပ် လုပ်ကိုင်နေသည့် မနန်းသန္တာထွန်းက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

 

လပိုင်း ၁၃ရက်နေ့က သက်တမ်းတိုးခွင့်ကာလပဲ၊ ပွဲစားတွေကနေတဆင့် အွန်လိုင်းစနစ်နဲ့ တင်ခိုင်းပေ မယ့် လူအရမ်းများတော့ တင်လို့မမီတဲ့သူတွေ အများကြီးကျန်ခဲ့တယ်၊ ဒါကြောင့် ထိုင်းအလုပ်သမား ဝန် ကြီးဌာနက ၅လပိုင်း ၁၅ရက်နေ့အထိ တင်ခွင့်ထပ်ပေးထားတယ်၊ အဲဒီကာလအတွင်း တရားဝင်ဖြစ် အောင်လုပ်ကြပေါ့၊ တရားမဝင်ဖြစ်သွားလို့ စစ်ဆေးခံရရင်သူတို့အရေးယူတာကို ခံ၇နိုင်တယ်။


သတ်မှတ်ထားသည့်အချိန်ကျော်သွားပြီး အလုပ်လုပ်ခွင့်အထောက်အထားမရှိသည့် အလုပ်သမားများ တွေ့ရှိပါက အလုပ်ရှင်ရော အလုပ်သမားပါ ဘတ် ၅၀၀၀ မှ ဘတ် ၅၀၀၀၀ အထိ ဒဏ်ငွေ ချမှတ်ခံ၇နိုင် ပြီး၊ မိမိနိုင်ငံသို့ပြန်ပို့ခံ၇ခြင်;၊ ပြစ်မှုချခံ၇သည့်နေ့မှစ၍ ၂နှစ်အတွင်း အလုပ်လုပ်ကိုင်ခွင့် လျှောက်ထား ခွင့်လုံး၀မရှိခြင်း စသည့်ပြစ်ဒဏ်ချမှတ်ခံ၇ကြောင်း ထုတ်ပြန်ထားသည်။

 

တရားမဝင်အလုပ်သမားများအား လက်ခံထားသည့်အလုပ်ရှင်များအား ပထမအကြိမ် စစ်ဆေးတွေ့ရှိပါ က ဒဏ်ငွေ ဘတ် ၁၀၀၀၀ မှ ဘတ် ၁၀၀၀၀၀ ထိ ပေးဆောင်၇မည်ဖြစ်ပြီး၊ ဒုတိယအကြိမ်နှင့်အထက် စစ်ဆေးတွေ့ရှိပါက ၁နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ဘတ်ငွေ ၅၀၀၀၀ မှ ဘတ် ၂၀၀၀၀၀ ထိ ဖြစ်စေ ပြစ်ဒဏ်ချမှတ်ခံ၇နိုင်ပြီး နိုင်ငံခြားသားအလုပ်သမား ခေါ်ယူခွင့်ကိုလည်း နှစ် အပိတ်ခံ၇မည် ဖြစ်ကြောင်း ထိုင်းအလုပ်အကိုင်ဦးစီးဌာန က ထုတ်ပြန်ထားသည်။ NN – 24

 

Photo ;  ထိုင်းအလုပ်အကိုင်ဦးစီးဌာန



မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.