မိုခါဆိုင်ကလုန်းမုန်တိုင်းမကြာမီရက်ပိုင်းအတွင်းဝင်ရောက်တိုက်ခတ်တော့မည်ဖြစ်ရာ၇ခိုင်မြို့နယ်တချို့ကစစ်ဘေးရှောင်များ၊ဒေသခံများကိုဘေးလွတ်ရာသို့ပြောင်းရွှေ့မှုကိုဆက်တိုက်လုပ်ဆောင်ပေးနေကြသည်ဟုသတင်းရရှိသည်။
စစ်တွေမြို့နယ်တွင်ပင်လယ်ကမ်းနားနှင့်မြေနိမ့်ဒေသမှပြည်သူများကိုကုန်းမြင့်များတွင်တည်ရှိသည့်ဘုန်းတော်ကြီးကျောင်းများသို့ရွှေ့ပြောင်းပေးနေသလို စစ်တွေမြို့ပေါ် ရှိမြေနိမ့်ပိုင်းမှ ပြည်သူများလည်း မိမိသဘောနှင့်မိမိကျောက်တော်၊မြောက်ဦးဘက်သို့ကားများဖြင့်ထွက်ခွာပြောင်းရွှေ့သွားကြသည်ဟု သိရှိ၇သည်။
စစ်တွေမြို့ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းများကိုလည်း အားလုံးပိတ်ထားပြီး နယ်မှကျောင်းသူ ကျောင်းသားများမှာလည်း နေရပ်ပြန်သွားကြပြီဖြစ်ကာ မြို့ခံတစ်ချို့နှင့် စစ်တွေအနီးရွာများမှ ထောင်နှင့်ချီသည့် ပြည်သူ များ မှာလည်း ဘေးလွတ်ရာကို ရွေ့ပြောင်းရွှေ့နေကြပြီ ဖြစ်သည်။
စစ်တွေမြို့ခံ တစ်ဦးက “ အများစုကတော့ မြို့ထဲကဆိုရင် ချောင်းနဲ့နီးတဲ့ မြေနိမ့်ပိုင်းကသူတွေ၊ ပြီးတော့ မီးလောင်ပြင် လူတွေပေါ့။ အဲဒီနေရာဘက်မှာ အိမ်တွေကလည်း သိပ်ခိုင်ခန့်တာမဟုတ်တော့ စိတ်ချရတဲ့နေရာကို ပြောင်းနေကြတယ်။ စစ်တွေအနီးအနားမှာရှိတဲ့ ရွာတွေကလူတွေလည်းပါတယ်။”ဟု ပြောသည်။
လက်ရှိအချိန်အထိ စစ်တွေမြို့ အဓိဌာန်ကျောင်းတွင် လူပေါင်း ၁၅၀၀ ခန့်နှင့် ဆရာတော် ဦးညာဏစက္က ဘုန်းတော်ကြီးကျောင်းတွင်လည်း ၁၅၀၀ ခန့် လာရောက်ခိုလှုံနေကြပြီး နောက်ထပ်လည်း တိုးလာနိုင်သည်ဟု ကူညီပေးနေသူတစ်ဦးက ပြောသည်။
စစ်တွေမြို့နယ်မွတ်ဆလင်ကျေးရွာများတွင်ပြောင်းရွှေ့မှုများပြုလုပ်နေသလိုဆိုင်ကလုန်းမုန်တိုင်းစင်တာများ၊ဘေးလွတ်ရာနေရာများသို့ရွှေ့ပြောင်းနေကြသည်ဟုပြောဆိုသည်။
စစ်တွေ ဘုမေရွာက မွတ်ဆလင် အရပ်လူကြီးတစ်ဦးဖြစ်သူ ဦးစိုးမြင့်က “မုန်တိုင်းသတင်းကြားလို့ အိမ်မှာရှိတဲ့ စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းမှု လုပ်ထားပြီးပါပြီ။ ဘယ်လိုပြင်ဆင်၇မလဲ ဆိုတာတွေကိုအားလုံးပြင်ဆင်ထားကြပါပြီ။ ဆေးတွေလည်းယူထားတယ်။ဓာတ်ခဲတွေ၊ ပါဝါဘန့်တွေအကုန်ပြင်ထားတယ်။ သဲချောင်း၊ အုန်းတောချေကလူတွေလည်းသက္ကယ်ပြင်ကျောင်းကို ရောက်နေကြပါပြီ။တချို့က ဆွေမျိုးအိမ်တွေမှာလာနေကြပါတယ်။အစိုးရဘက်ကတော့ ထောက်ပံ့တာတော့မရှိပါဘူး။ ဒါပေမယ့်ရပ်မိရပ်ဖတွေကတော့ ၇သလောက်နဲ့ နည်းနည်းပါးပါး ထောက်ပံ့ပါတယ်။ လာပြီးတော့ ဆော်သြတာတော့ရှိပါတယ်။ သတိထားနေထိုင်ဖို့၊ ပြင်ဆင်ကြဖို့ပြောထားပါတယ်" ဟု ပြောဆိုသည်။
မုန်တိုင်းဖြတ်ကျော် ဝင်ရောက်တိုက်ခတ်နိုင်သည့်မောင်တောမြို့နယ်က ကျေးရွာ ၂ ရွာရှိ ရွာသားများကို ဘေးလွတ်ရာကို ပြောင်းရွှေ့ထားသည်ဟု ဒေသခံတစ်ယောက်က ပြောသည်။
“ ကျောက်ပန္ဒူရွာနဲ့ ဟိန္ဒူရွာက လူတွေကိုတော့ ပြောင်းထားတာတွေ့တယ်။ ဟိန္ဒူရွာက လူတွေကိုတော့ စာသင်ကျောင်းကို ပြောင်းထားတယ်။ လူ ၂၀၀ ခန့်ရှိတယ်။ ကျောက်ပန္ဒူဘက်က လူတွေလည်း ပြောင်းရွှေ့ကြတယ်။ ဘယ်နေရာ ပြောင်းသွားတယ် ဆိုတာ အတိအကျ မသိဘူး။ ”
အလားတူ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တချို့ကိုလည်း ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များကတာဝန်ယူ ရွှေ့ပြောင်းပေးခဲ့ကြောင်း ကူညီပေးနေသူ တစ်ယောက်က ယခုကဲ့သို့ပြောသည်။
“ ကျောက်တော်နယ်က တောင်မင်းကုလား၊ ဝါးတောင်နဲ့ကံစောက်စစ်ဘေးရှောင်
ဘူးသီးတောင်မြို့နယ်မှ အန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာသားများကိုလည်း မြို့နယ်သဘာ၀ ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ယနေ့မန်နေ့ နေ့လပိုင်းတွင် ပြောင်းရွှေ့ထားသည်ဟု သိ၇သည်။
မိုခါအား
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မိုခါ ဆိုင်ကလုန်မုန်တိုင်းမှာ အလွန်အားကောင်းပြီး ဘင်္ဂလာဒေ့ချ် နိုင်ငံ ကော့စ်ဘာဇားမြို့နှင့် ၇ခိုင်ပြည်ကျောက်ဖြူမြို့အကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ၇သေ့တောင်၊ မြေပုံ၊ ပေါက်တောနှင့် မာန်အောင်မြို့ နယ် များကို အနီရောင်အဖြစ် သတ်မှတ်ထားကြောင်းMRTVက ယနေ့ ညနေပိုင်းတွင် သတင်းထုတ် ပြန်ထားသည်။
မုန်တိုင်းမှာ တစ်နာရီကို မိုင် (၈၀)မှ (၉၀) အထိ တိုက်ခိုက်နိုင်ကြောင်း ခန့်မှန်းထားပြီး စစ်တွေနှင့် မောင်တော ခရိုင်ရှိ မြစ်လက်တက်များတွင် ၁၂ ပေမှ ၁၆ ပေအထိ ရေမြင့်တက်လာနိုင်ပြီး ကျောက်ဖြူခရိုင်ရှိ မြစ်လက်တက် များတွင် ၉ ပေမှ ၁၂ ပေအထိ မြင့်တက်လာနိုင်ကြောင်း မြန်မာစံတော်ချိန် ယနေ့ညနေ ၄ နာရီတိုင်းထွာချက် မိုးလေဝါသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ( NN- 29)
ဓာတ်ပုံ- ဆရာဝေဟင်အောင်