Preview

မုန်တိုင်းကြောင့် ၇သေ့တောင်မြို့နယ်ဒုံးပိုက်တွင် ၁၃ ဦး၊ ဇီးကိုင်းတွင် ၂ ဦး၊ စုစုပေါင်း (၁၅) ဦးသေဆုံး

မေ ၁၆/ ၂၀၂၃ | ကြည့်ရှုသူ :2740
ရခိုင် သတင်း

၇ခိုင်ပြည်နယ်၊ ၇သေ့တောင်မြို့နယ် ဒုံးပိုက် နှင့် ဇီးကိုင်းကျေးရွာတို့ မှ မုန်တိုင်းတိုက်ခတ်စဉ်အတွင်း ဒေသခံအရပ်သား (၁၅ဦး သေဆုံးသည်ဟု သိ၇သည်။

 

မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားပြင်းမိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒုံးပိုက်ကျေးရွာမှ ဒေသခံ (၁၃)ဦး၊ ဇီးကိုင်းကျေးရွာမှ ဒေသခံ ()ဦး သေဆုံးခဲ့သည်ဟုဒေသခံများက ပြောသည်။ 

 

၇သေ့တောင်မြို့နယ်၊ ဇီးကိုင်းကျေးရွာတွင် မုန်တိုင်းတိုက်ခတ်နေစဥ်အတွင်း ကျေးရွာသား(ဦးသေဆုံးသည်ဟု ဇီးကိုင်းကျေးရွာမှဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

 

"ကျမတို့ရွာမှာ အမျိုးသားနှစ်ယောက်သေပါတယ်။ တစ်ယောက်က အသက်လည်းကြီးပြီ ရောဂါအခံလည်း ရှိတယ်။ အအေးလွန်တာတဲ့။ နောက်တစ်ယောက်က အထုပ်တွေပြောင်းရွှေ့ယင်း မောပန်းအအေးမိတာကြောင့် ဆုံးသွားတာလို့ပြောပါတယ်။ အိမ်တွေကတော့ အကုန်ပါသွားတယ်"ဟု ဆိုသည်။ 

 

ယင်းအပြင် အဝေးရောက် ဒုံးပိုက်ကျေးရွာမှ (အမျိုးသမီးတစ်ဦး)ကို ဂြိုလ်တုဖုန်းနှင့် မိသားစုများက ဆက်သွယ်ရာ သူမ၏ မိသားစုဝင်များက ဒုံးပိုက်တွင် ဒေသခံ (၁၃ဦး သေဆုံးပြီး နေအိမ်များထိခိုက်ပျက်စီးကုန်သည်ဟု ပြောကြားကြောင်း နိရဥ္စရာကို ပြောသည်။ 

 

"ဂြိုလ်တုဖုန်းနဲ့ အိမ်ကဆက်လာလို့ မြို့ထက်မှာအသေအပျောက်မရှိဘူး။ ဒုံးပိုက်မှာတော့ ၁၃ ယောက်သေတယ်လို့ပြောတယ်"ဟု တဆင့်ပြန်ပြောသည်။ 

 

သေဆုံးသူများထဲတွင်  နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးအပါအဝင် အမျိုးသမီး()ဦး၊ အမျိုးသား()ဦး စုစုပေါင်း (၁၃ဦးတို့ ဖြစ်ကြသည်

 

၄င်းတို့သည် မုန်တိုင်းတိုက်ခတ်နေစဥ်အတွင်း မုန်တိုင်းရှောင်သည့် ဓမ္မာရုံပြိုကျ၍ ထိခိုက်သေဆုံးကြခြင်း ဖြစ်သည်ဟု ဆိုသည်။ 

 

၇သေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာတွင် မုန်တိုင်းဒဏ်ကြောင့် ဒေသခံ (၁၃ဦးသေဆုံးမှုနှင့် ပတ်သက်၍ နိရဥ္စရာအနေနှင့် အတည်ပြုနိုင်ရန် ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဒုံးပိုက်ကျေးရွာအပြင် အနီးအနားကျေးရွာများကိုပါ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းများ ပြတ်တောက်နေ၍ ဆက်သွယ်၍မရရှိခဲ့ပါ။

 

လက်ရှိ ဆိုရှယ်မီဒီယာအပေါ် တွေမြင်၇သည့် ၇သေ့တောင်မြို့မြင်ကွင်းနှင့် ရသေ့တောင်မြို့ခံများ၏ပြောကြားချက်အ၇ ၇သေ့တောင်မြို့ပေါ်တွင် မုန်တိုင်းကြောင့် ၉၈ ရာခိုင်နှုန်းခန့်ပျက်စီးသွားသည်ဟု သိ၇သည်။

 

လက်ရှိမှာ မုန်တိုင်းဒဏ်ခံစားခဲ့၇သည့် ဒေသခံပြည်သူများ စားဝတ်နေရေး အခက်အခဲနှင့် ကြုံတွေ့နေ၇ပြီးအရေးပေါ် အကူအညီများအမြန်ဆုံးလိုအပ်နေသည်ဟု သိ၇သည်။ (NN-23/7)


ပုံစာ- ဒုံးပိုက်ကျေးရွာမှ သေဆုံးသူတချို့

#ရခိုင်#မုုန်တိုင်း# မိုခါ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.