Preview

မြောက်ဦးမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း ၂ ခုတွင် နေအိမ်အဆောင် ၁၀၀ ကျော် ပြိုပျက်၊ အဆောင်များပြန်တည်ဆောက်ရန်နှင့် စားနပ်ရိက္ခာများအမြန်လိုအပ်နေ

မေ ၁၆/ ၂၀၂၃ | ကြည့်ရှုသူ :1293
ရခိုင် သတင်း

မေလ၁၄ ရက် နေ့လယ်ပိုင်းက ရခိုင်ကို ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်သွားသည့်မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြောက်ဦးမြို့ပေါ်ရှိစစ်ဘေးရှောင်စခန်း(၂)ခုတွင် နေအိမ်အဆောင် ၁၀၀ ကျော် ပျက်စီးမှုရှိခဲ့ပြီးလက်ရှိတွင် အဆောင်များ ပြန်လည်ပြုပြင်တည်ဆောက်ရန်နှင့် စားနပ်ရိက္ခာများအရေးပေါ် လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကပြောသည်။


ပျက်စီးသွားသည့်စစ်ဘေးရှောင်များမှာ မြောက်ဦးမြို့ရှိ လက်ကောက်ဈေးနှင်  မြို့ဦးခေါင် စစ်ဘေးရှောင်စခန်းတို့ဖြစ်ကြသည်။

အဆိုပါစစ်ဘေးရှောင်စခန်းများအနက် လက်ကောက်ဈေးစစ်ဘေးရှောင်စခန်းတွင် အိမ်ခြေစုစုပေါင်း ၈၈ ဆောင် ထိခိုက်ပျက်စီးသွားသည့်အတွက် စစ်ဘေးရှောင်များမှာအလွန်တရာအခက်အခဲ ဖြစ်နေကြသည်ဟု လက်ကောက်ဈေး စခန်းတာဝန်ခံ ဦးကျော်မင်းကနိရဉ္စရာကိုပြောသည်။

လောလောဆယ်ကတော့ လက်ကောက်ဈေးဓမ္မာရုံမှာနေပါတယ်။ စားရေးသောက်ရေးအတွက်ကလည်း ရိက္ခာကမရှိတော့ပါဘူး။အဆင်ပြေသလို စားနေ၇တယ်။ အခက်အခဲက အမိုးအကာအတွက်လည်း ပြင်ဆင်ဖို့အခက်အခဲဖြစ်နေပါတယ် ဟုပြောသည်။


လက်ကောက်ဈေး စစ်ဘေးရှောင်စခန်းတွင်ကျေးရွာ ၆ရွာမှ စုစုပေါင်းအိမ်ထောင်စု ၁၅၉ စုရှိပြီး လူဦးရေ ၆၃၉ ဦးခိုလှုံနေကြောင်း ၎င်းတို့မှာ  မြောက်ဦးမြို့နယ်မှ အုတ်ဖိုကန်၊ပေါက်တောပြင်၊ဝေသာလီ၊ ရွာဟောင်းတော၊ သရက်အုပ်နှင့်မင်းပြားမြို့နယ်တို့မှ ပန်းမြောင်းတို့ဖြစ်ကြောင်း ဦးကျော်မင်းကပြောသည်။

အလားတူမြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင်လည်း မုန်တိုင်းတိုက်ခတ်ခံ၇မှုကြောင့် အိမ်ခြေ၄၀ ကျော် ပျက်စီးသွားကြောင်း စစ်ဘေးရှောင် စခန်း ကျန်းမာရေး နှင့်ပညာရေးတာဝန်ခံ ဦးဝင်းနိုင်က နိရဉ္စရာကိုပြောသည်။

 
လူတွေကတော့ထိခိုက်တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ လက်ရှိ ရိက္ခာတွေပြတ်ပြီး ငတ်မွတ်လုနီးပါး ဒဏ်ကို ခံစားနေရပါတယ်။စားစရာမရှိ၊ နေစရာမရှိဖြစ်နေပါတယ်။ ရှိတဲ့ရိက္ခာဆန်တွေလည်းမိုးစိုသွားပါတယ်။ မိုးစိုသွားတော့ သုံးလို့ရတာတွေလည်း ရှိတယ်။မရတာတွေလည်းရှိတယ်။ အချင်းချင်းအကြား ရှိတဲ့သူကမရှိတဲ့သူချေးငှား၊ အဲသလိုမျိုး လှည့်ပြန်ပြီးစားနေကြတာပေါ့ ဟုပြောသည်။

အဆိုပါစခန်းမှ စစ်ဘေးရှောင်မှာတခြားရှောင်ပြေးမည့် နေရာများမရှိသည့်အတွက်ကြောင့် မိမိတို့စခန်းတွင်အဆင်ပြေသလို ခိုကပ်၍နေကြ၇သည်ဟု ၎င်းက ပြောဆိုသည်။

လက်ရှိမြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် စုစုပေါင်း လူဦးရေစုစုပေါင်း ၇၉၆ ဦးခိုလှုံနေထိုင်ကြပြီး၊ အိမ်ထောင်စုဝင် ၁၉၀ စုခန့်ရှိကာ ထိုအထဲမှ မိသားစုဝင် ၃၀ခန့်မှာ နေအိမ် ရှိဘဲ ခိုကပ်နေထိုင်၇သည်ဟုလည်း သိ၇သည်။

ထို့အတူ မြောက်ဦးမြို့နယ် တိန်ညိုစစ်ဘေးရှောင်စခန်းမှာလည်း လုံး၀ပြိုပျက်သွားပြီး မနက်ဖြန်တစ်ရက်အတွက်သာ ရိက္ခာကျန်ရှိတော့သဖြင့်အရေးပေါ် သောက်ရေသန့်နှင့်စားနပ်ရိက္ခာများ အဓိကလိုအပ်နေသည်ဟု တိန်ညိုစခန်းတာဝန်ခံ ဦးကျော်မြင့်ကပြောသည်။

"လက်ရှိအဆင်ပြေသလိုရှိတဲ့သူရှိ၊ မရှိတဲ့သူမရှိဝေငှပြီးစားနေကြပါတယ်။ ဒီနေ့တစ်ရက်၊ မနက်ဖြန်တစ်ရက်ဆို ရှိတော့မယ်မထင်ပါဘူး။အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်"ဟု ပြောသည်။

၎င်းတိန်ညိုစစ်ဘေးရှောင်စခန်းသည်အိမ်ထောင်စု (ရ၇၃)စု ၊ လူဦးရေ (၂၈၆၄)ဦး ခိုလှုံနေသည့်စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည်။

ယင်းအပြင်တိန်ညိုကျေးရွာအတွင်းမှ နေအိမ်များမှာလည်း ပျက်စီးသွား၍ စစ်ဘေးရှောင်များနှင့် ကျေးရွာသားများမှာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေရသည်ဟု သိ၇သည်။

ထို့ကြောင့် စားဝတ်နေရေးအလွန်အခက်အခဲဖြစ်နေ၍ကူညီကယ်ဆယ်ရေးအမြန်လုပ်ဆုံး လုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟုတိန်ညိုကျေးရွာသားတစ်ဦးက ပြောသည်။


၇ခိုင်ပြည်နယ် မြို့နယ်အများစုတွင် နေအိမ်ပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့၇သည့် အပြင် ဘုရား၊စေတီ၊ ဘုန်းတော်ကြီးကျောင်း၊ဆေးရုံ၊ဆေးခန်းများ၊စာသင်ကျောင်းများနှင့် ဈေးများလည်းပျက်စီးခဲ့၇သဖြင့် စစ်ကောင်စီက၇ခိုင်ပြည်နယ် ၁၇ မြို့စလုံးကို သဘာ၀ဘေးအန္တရာယ်ကျရောက်သော ဒေသအဖြစ်စစ်ကောင်စီက ယနေ့မေလ၁၅ ရက်တွင် ကြေညာထားသည်။ ( NN-13)

#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.