ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ အာရက္ခပြည်သူများသို့ ရခိုင်လိုပြောကြားသည့် မိန်းခွန်းအပြည့်အစုံ (မြန်မာလို ဖတ်ရှုနိုင်ပါပြီ)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

၂၀၂၃ ခုနှစ်၊ မလေ (၁၄) ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းနောက်ဆက်တွဲ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ အာရက္ခပြည်သူများသို့ ပြောကြားသည့် မိန်းခွန်း..... 

 

ချစ်ခင်ရ‌တဲ့ အာရက္ခပြည်သူ၊ ပြည်သားတွေအားလုံး ဂါရဝပါ။
၂၃ ခုနှစ် မေလ ၁၄ရက်နေ့က စစ်တွေမြို့ကို ဗဟိုပြုပြီးတော့ တိုက်ခေတ်သွားတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီး မိုခါကြောင့် ရခိုင်ပြည် တနံတလျားမှာ ပျက်စီးဆုံးရှုံးမှုတွေ အမြောက်အများ ဖြစ်ပေါ်စေခဲ့ပါတယ်။

မုန်တိုင်းဖြတ်သန်းခဲ့တဲ့ လမ်းကြောင်းတစ်လျှောက်က မြို့ရွာ၊ အိုးအိမ်၊ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှုတွေ ၉ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ မုန်တိုင်းကြီးကြောင့် အင်တာနက်လိုင်းတွေ ပြတ်တောက်သွားခဲ့ရတဲ့အပြင် ပြည်သူတွေမှာ သိုလှောင်သိမ်းဆည်းထားတဲ့ ဆန်၊ စပါး၊ စားနပ်ရိက္ခာနဲ့ ကျွဲ၊ နွား တိရစ္ဆာန်မြောက်များစွာလည်း ပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်။

မုန်တိုင်းကြီး နောက်ဆက်တွဲအနေနဲ့ ပြည်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေကို အပူတပြင်းဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။ 

 

မုန်တိုင်းမတိုက်ခင်ကတည်းကနေ ကျွန်တော်တို့မှာရှိတဲ့ အရင်းအမြစ်တွေအားလုံးကို အသုံးပြုပြီးတော့ကြိုတင်ပြင်ဆင် ပြောင်းရွေ့မှုတွေကို ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အသက်ပေါင်းမြောက်များစွာကို ကယ်ဆင်နိုင်ခဲ့ပါတယ်။ အဲဒီ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ အရပ်ဘက်လှုမှုအဖွဲ့အစည်းတွေနဲ့ တာဝန်သိပြည်သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အာရက္ခပြည်သူ့အစိုးရအနေနဲ့လည်း အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြိုးစားပြီးလုပ်ဆောင်လို့ ရှိနေပါတယ်။ အခုအချိန်မှာ ပြည်သူတွေအတွက် အရေးကြီးဆုံး လိုအပ်နေတာက အမိုးအကာနဲ့ သန့်ရှင်းတဲ့‌ သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို ချက်ချင်းထောက်ပံ့ ကူညီပေးဖို့အရေးတကြီးလိုအပ်နေပါတယ်။

 

လျှပ်စစ်မီးတွေ ပြတ်တောက်နေတဲ့အတွက် အင်တာနက်၊ ဖုန်းလိုင်း ဆက်သွယ်ရေးနဲ့အတူ အ‌ရေးကြီးတဲ့ အခြေခံ လိုအပ်ချက်တွေကိုလည်း အမြန်ဆုံးစီစဉ်ပေးဖို့ လိုအပ်နေပါတယ်။ အာရက္ခ ပြည်သူ့အစိုးရအနေနဲ့ ရှိသမျှ အရင်းအမြစ်တွေကို အကောင်းဆုံးစုစည်းပြီးတော့ ကြိုးစား လုပ်ဆောင်နေပေမယ့်လည်း ဒီသဘာဝဘေးအန္တရာယ် ကပ်ဆိုးကြီးကို ဖြေရှင်းပေးဖို့အတွက် မလုံလောက်နိုင်ပါ။

 

အဲ့ဒီအပေါ်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ NGO INGO တွေ၊ ဒေသအတွင်းမှာ ရှိနေတဲ့ လှုမှုအခြေပြု အဖွဲ့အစည်းတွေနဲ့လည်း အာရက္ခ ပြည်သူ့အစိုးရနဲ့အတူ အနီးကပ်ပူးပေါင်း ဆောင်ရွက်ပြီးတော့ လိုအပ်တဲ့ အကူအညီတွေကို ပေးအပ်သွားဖို့ရာကို အထူးမေတ္တာရပ်ခံလိုပါတယ်။  အဲလို ပူးပေါင်းကူညီဆောင်ရွက်ဖို့အတွက် အာရက္ခ ပြည်သူ့အစိုးရက ဖွဲ့စည်းထားတဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွဲ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO ကနေပြီးတော့ အသေးစိတ်လုပ်ငန်းတွေ ချမှတ်ဆောင်ရွက်လို့ ရှိနေပါတယ်။ 

 

ရခိုင်ပြည် ပြင်ပမှာရောက်ရှိနေကြတဲ့ ရခိုင်လူမျိုးတွေအနေနဲ့လည်း အခုလိုအခြေအနေမှာ ဝိုင်းဝန်းပြီးတော့အကောင်းဆုံး ကူညီလုပ်ဆောင်ပေးကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။ 

 

အရင်ခေတ် ကျွန်တော်တို့ ရခိုင်ပြည်မှာ ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ် အခက်အခဲတွေ၊ စစ်ဘေးအန္တရာယ် ကာလတွေမှာလည်း ရခိုင်ပြည်တွင်း၊ ပြည်ပမှာနေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေ အနေနဲ့လည်း အကောင်းဆုံး ကူညီလုပ်ဆောင်ခဲ့တာတွေကို တွေ့ရှိရပါတယ်။ သို့သော်လည်း အဲ့ဒီအချိန်မှာ စနစ်တကျ စုစည်းထားတဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးကော်မတီ (သို့မဟုတ်) ပြည်သူ့အစိုးရတို့လိုစနစ်တကျ ဖွဲ့စည်းမှုတွေ မရှိသေးတဲ့ ကာလဖြစ်တဲ့အတွက် အကူအညီပေးမှုတွေဟာ ရောက်သင့်တဲ့နေရာကိုမရောက်၊ မရောက်သင့်တဲ့ နေရာတွေမှာ စုပုံပြီးတော့ အလေအလွှင့် ဖြစ်ခဲ့တာတွေ ကြားကနေ အလွှဲသုံးစား အမြတ်ထုတ်တဲ့ လုပ်ရပ်တွေကို ကြုံတွေ့ခဲ့ရပါတယ်။ 

 

အဲ့ဒီတွေကို သင်ခန်းစာထုတ်ပြီးတော့ ပြည်သူတွေဆီက ပေးအပ်လာတဲ့ အကူအညီတွေကို လိုအပ်နေတဲ့ နေရာတွေဆီအချိန်မီရောက်နိုင်ဖို့အတွက် HDCO နဲ့အချိန်မီ ဆက်သွယ်ပြီးတော့ လုပ်ဆောင်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ အခြေခံ စားကုန်နဲ့ အခြားကုန်ပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားနေကြတဲ့ ကုန်သည်တွေအနေနဲ့ အခုလို ပြည်သူတွေ အခက်အခဲ ကြုံနေကြရတဲ့ ကာလတွေကို အခွင့်အရေးယူပြီးတော့ အဆမတန် ဈေးနှုန်းမြှင့်တင်ခြင်းတွေကို မလုပ်ကြဖို့ သတိပေးပြောကြားလိုပါတယ်။

 

အမှန်တိုင်းပြောရမယ် ဆိုလိုရှိရင် လေမုန်တိုင်းဆိုတာ ကျွန်တော်တို့ အာရက္ခပြည်သူတွေအတွက် ဆန်းကြယ်တဲ့အရာတော့ မဟုတ်ပါ။ ကျွန်တော်တို့ဟာ ဒီလို ရေဘေး၊ လေဘေးဒဏ်ကို နှစ်တိုင်းနီးပါး အနည်းနဲ့အများ ကြုံတွေနေကျဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း လေဘေး ဒုက္ခကြီးကို အခုလို ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်မှာ အားမငယ်ဖို့၊ စိတ်မပျက်ကြဖို့အတွက် အားပေးတိုက်တွန်းလိုပါတယ်။ အခက်အခဲ ဟူသမျှကို အာရက္ခပြည်သူ့အစိုးရနဲ့ လူထုတစ်ရပ်လုံး လက်တွဲပြီးတော့ ကြံ့ကြံ့ခံနိုင်ဖို့ ခွန်အားတွေနဲ့အတူ သဘာဝလေဘေး ကပ်ဆိုးဒုက္ခတွေကနေ စည်းစည်းလုံးလုံးနဲ့ ရုန်းထတည်ဆောက်သွားကြပါမယ်။ ကျေးဇူးတင်ပါတယ်။ အားလုံးကို ဂါရဝပြုပါတယ်။

____________

 

ဆက်စပ် သတင်းများ