Preview

အင်ဒိုနီးရှား ဆက်သွယ်ရေးဝန်ကြီး လာဘ်စားမှုဖြင့် ဖမ်းဆီးခံရ

မေ ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :1049
နိုင်ငံတကာ သတင်း

အင်ဒိုနီးရှားအာဏာပိုင်များသည် နိုင်ငံတော်ဘဏ္ဍာ ဘီလျံဝက်ကျော်ကို အလွဲသုံးစားပြုလုပ်ခဲ့သည့်ထိပ်တန်းအစိုး၇အဖွဲ့ဝင် ဝန်ကြီးတစ်ဦးကို ယနေ့ ဖမ်းဆီးလိုက်သည်ဟုသိ၇သည်။

သမ္မတဂျိုကို ဝီဒိုဒို အစိုး၇အဖွဲ့တွင် ပဉ္စမမြောက် ဝန်ကြီးဖြစ်သူ ဂျော်နီ ဂျီပလိတ် အား အကျင့်ပျက် ခြစားမှုဖြင့် စွဲချက်တင်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့်၂၀၂၁ခုနှစ်ကလည်း လူမှုရေးဝန်ကြီးနှင့် ငါးလုပ်ငန်း ဝန်ကြီးတို့ကို အကျင့်ပျက် လာဘ်စားမှုဖြင့် အစိုး၇ကဖမ်းဆီးထောင်ချခဲ့သည်။

 

ဆက်သွယ်ရေးဝန်ကြီးဂျော်နီသည် ၂၀၂၀ ပြည့်နှစ်က အင်ဒိုနီးရှားကျေးရွာအားလုံး အင်တာနက် ရရှိရမည်ဟု ဆိုကာဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ရာတွင် လိုအပ်သောပစ္စည်းကိရိယာများ ဝယ်ယူမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုဥပဒေအကျိုးဆောင်ချုပ်ရုံးက ပြောကြားသည်။

 

နိုင်ငံတော်ဘတ်ဂျက်သုံးစွဲသူ ဝန်ကြီးတစ်ဦးအနေနဲ့ သူ့ကို ဖမ်းဆီးလိုက်တာပါ။သူဟာ အင်ဒိုနီးရှား အစိုးရရဲ့အကျင့်ပျက်မှုတိုက်ဖျက်ရေး ဥပဒေကိုချိုးဖောက်ခဲ့ပါတယ်ဟု အင်ဒို ဥပဒေ အကျိုးဆောင်ချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

အင်ဒိုနီးရှားဥပဒေအကျိုးဆောင်ချုပ်ရုံး၏ ခန့်မှန်းချက်အ၇ နိုင်ငံတော်က နစ်နာဆုံးရှုံးသွားသည့်ပမဏမှာ ရူးပီးယား ၈ ထရီလျံ( အမေရိကန် ဒေါ်လာ ၅၄၄သန်း)ရှိသည်ဟု ဆိုသည်။

 

NN-27

 ref:CNA

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.