Preview

မုန်တိုင်းဒဏ်ခံခဲ့ရသောရခိုင်ပြည်အရေးနှင့်ပတ်သက်ပြီး တအာင်းနှင့်ကိုးကန့်တပ်ဖွဲ့တို့ ကြေညာချက်ထုတ်

မေ ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :1179
ရခိုင် သတင်း

မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးရှုံးသွားခဲ့၇သော ပြည်သူလူထုအတွက်အထူးဝမ်းနည်းမိကြောင်း ဖော်ပြ 

 

 ၂၀၂၃ ခုနှစ်မေလ (၁၄) ရက်နေ့က ရခိုင်ပြည်ကိုဖြတ်ကျော်တိုက်ခတ်ခဲ့သော မိုချာဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်သူများထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး မြောက်ပိုင်းညီနောင်သုံးဖွဲ့မှ  PSLF/TNLA တအာင်းတပ်မတော်နှင့် MNTJP/MNDAAကိုးကန့်တပ်မတော်တို့မှ ယနေ့ ကြေညာချက် တစ်စောင် ထုတ်ပြန်သည်။

 

၎င်းထုတ်ပြန်ချက်အထဲတွင် ရက္ခိုင်ကမ်းရိုးတန်းကိုဗဟိုပြု၍ စစ်တွေမြို့အနီးမှဝင်ရောက်ကာ ရက္ခိုင်ပြည်တစ်ခုလုံးကို ဖြတ်ကျော်တိုက်ခတ်သွားသော Cyclone Mocha မုန်တိုင်းကြောင့် ရက္ခိုင်ပြည်အတွင်း ပျက်စီးဆုံးရှုံးမှုများ ကြီးမားခဲ့သည်ဟု ကြားသိရသည့်အတွက် ရက္ခိုင်ပြည်မှ မိဘပြည်သူများအပေါ် မိမိတို့ PSLF/TNLA တအာင်းတပ်မတော်နှင့် MNTJP/MNDAAကိုးကန့်တပ်မတော်တို့မှ အထူးစိတ်မကောင်းဖြစ်၇ပါကြောင်း ဦးစွာဖော်ပြသည်။

 

ထိုမုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးရှုံးသွားခဲ့၇သော ပြည်သူလူထုအတွက်လည်း အထူးဝမ်းနည်းမိပါကြောင်း၊  Cyclone Mocha မုန်တိုင်းပြင်းထန်စွာတိုက်ခတ်ခြင်းကြောင့် လူနေအိမ် အဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ကျွဲနွားတိရစ္ဆာန်များ၊ဆန်စပါးနှင့် စားသောက်ကုန်များအများအပြားပျက်စီးဆုံးရှုံးသွားခဲ့ရကြောင်း ကြားသိ၇ပါကြောင်း၊  မုန်တိုင်းဒဏ်သင့်ရက္ခိုင်ပြည်သူလူထုများ ပိုမိုဆိုးရွားသည့်အခြေအနေ မရောက်စေရန်အတွက်အရေးပေါ်အကူအညီများ လိုအပ်နေမည်ဖြစ်ပါကြောင်း၊  ထိုမုန်တိုင်းဒဏ်သင့်ရက္ခိုင်ပြည်သူများအတွက် လိုအပ်သည့်အရေးပေါ်အကူအညီနှင့်ဘ၀ပြန်လည် ထူထောင်ရေးအတွက် အကူအညီများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန်ကမ္ဘာ့နိုင်ငံကြီးများ၊ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများအား ရက္ခိုင်ပြည်မှ မိဘပြည်သူများကိုယ်စား အထူးမေတ္တာ ရပ်ခံတောင်းဆိုလိုက်ပါကြောင်း ဖော်ပြထားသည်။

 

 တအာင်းတပ်မတော်နှင့်ကိုးကန့်တပ်မတော်တို့သည် မိမိတို့၏ မဟာမိတ်ဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) နှင့် အတူယှဉ်တွဲရပ်တည်ပြီး ရက္ခိုင်ပြည်သူများအပေါ် ကျရောက်ခဲ့သည့်သဘာ၀ဘေးဒဏ်ကို စုပေါင်းကျော်လွှားနိုင်ရန်စွမ်းနိုင်သည့်ဖက်မှ အကောင်းဆုံးကူညီ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

Cyclone Mocha မုန်တိုင်းအလွန်သဘာ၀ဘေးဒဏ်သင့် ရက္ခိုင်ပြည်မှမိဘပြည်သူများအတွက်အရေးပေါ်အကူအညီများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုစနစ်တကျစီမံခန့်ခွဲ အကောင်အထည် ဖော်ရန်အတွက်ရက္ခိုင်ပြည်မှ မိဘပြည်သူများ၊အရပ်ဘက်အဖွဲ့အစည်းများ၊ ပရဟိတအသင်းများကိုဦးစီးပြီးရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) မှအကောင်းဆုံးဆောင်ရွက်နိုင်လိမ့်မည်ဟု မိမိတို့ သွေးစည်းညီအစ်ကိုမဟာမိတ်အဖွဲ့တို့မှ အလေးအနက် ယုံကြည်ကြောင်း ထုတ်ပြန်လိုက်ပါသည်ဟု ပါရှိသည်။  

 

မြောက်ပိုင်းညီနောင်သုံးဖွဲ့တွင် တအာင်းပလောင်အဖွဲ့(TNLA) က္ခိုင့်တပ်တော်(AA)နှင့် ကိုးကန့်အဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)အဖွဲ့ တို့ ပါဝင်သည်။ 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.