Preview

ရခိုင်မုန်တိုင်းကယ်ဆယ်ရေးအတွက် NUG, KIO,MNDAA တို့မှ ကျပ်သိန်း (၅၀၀၀) ထောင်လှူဒါန်း

မေ ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :1030
ရခိုင် သတင်း

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်း ဗဟိုပြုတိုက်ခတ်သွားသည့် ၇ခိုင်တွင် မုန်တိုင်းကယ်ဆယ်ရေး အတွက် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)  အမျိုးသားညီညွတ်ရေးအစိုး၇(NUG) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့မှ အလှူငွေ ကျပ်သိန်း (၅၀၀၀) လှူဒါန်းခဲ့ကြောင်း က္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) က ထုတ်ပြန်သည်။ 

 

ထိုသို့ လှူဒါန်းရာတွင် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO) မှကျပ်သိန်းသုံးထောင်၊ အမျိုးသား ညီညွတ်ရေးအစိုး၇(NUG)မှ ကျပ်သိန်း တစ်ထောင်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA ) မှ ကျပ်သိန်း တစ်ထောင်တို့ကို လှူဒါန်းခဲ့ကြသည်ဟု သိ၇သည်။ 

 

မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ကြီးမားစွာ ပျက်စီးဆုံးရှုံးသွားခဲ့၇ပြီး မုန်တိုင်းဒဏ် နောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်၊ လူသားချင်း စာနာထောက်ထားမှုဖြင့်ရက္ခိုင်ပြည်သူလူထု ဒုက္ခရောက်နေသည့် အချိန်တွင် ညီနောင်မဟာမိတ်ပီသစွာ၊မိတ်ဆွေပီသစွာ ပေးအပ်လှူဒါန်းလာသည့်အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လက်မှတ်ရေးထိုးကာထုတ်ပြန်ထားခြင်း ဖြစ်သည်။ 

 

၇ခိုင်တွင် မုန်တိုင်းကြောင့် စ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ၇သေ့တောင်၊ ပုဏ္ဍားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ စသည့်မြို့နယ်များတွင် နေအိမ်အဆောက်အဦ (၉၀%) ပျက်စီးသွားပြီးလူသေဆုံးမှု ရာနှင့်ချီ ရှိလာနေပြီဖြစ်သည်။

 

ဆက်သွယ်ရေးပြတ်တောက်မှုများရှိနေဆဲဖြစ်၍ သေဆုံးမှုစာရင်းများကို အတိအကျမသိရှိနိုင်သေးပေ။ 


လက်ရှိမှာ လေဘေးသင့်ပြည်သူများအနေနှင့် စားနပ်ရိက္ခာ၊ ရေနှင့် မိုးရာသီရောက်ရှိလာတော့မည်ဖြစ် ခိုလှုံနေထိုင်စရာအိမ်များ အမြန်ဆုံး လိုအပ်နေသည်ဟု သိ၇သည်။ (NN-7)

#ရခိုင်#မုုန်တိုင်း# မိုခါ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.