၇ခိုင်ပြည်နယ်တွင် လျှပ်စစ်မီးပြန်ရရန်အတွက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁၀၂၀ ဦးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၇ခိုင်ပြည်နယ်ကောင်စီကယနေ့ ထုတ်ပြန်သည်။
မေလ ၁၄ ရက်က တိုက်ခတ်သွားသည့် မုန်တိုင်းကြောင့် ဓာတ်မီးတိုင်များပြိုလဲပျက်စီးသွားခဲ့သဖြင့် ယနေ့အချိန်ထိ ၇ခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် လျှပ်စစ်မီးများပြတ်တောက်သွားခဲ့သည်။
လျှပ်စစ်ဝန်ထမ်း တစ်ထောင်ကျော်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရန်ဆောင်ရွက် လျက်ရှိသည်ဟု ပြည်နယ် စစ်ကောင်စီ၏ သတင်းများကိုဖော်ပြနေသည့် ရခိုင်နေ့စဉ်လူမှုကွန်ရက်တွင်ယနေ့မေလ ၁၈ ရက်ကရေးသားထားသည်။
ရခိုင်နေ့စဉ်ကရေးသားထားသည့်အထဲတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်း ၄၂၀ ဦးကိုစစ်တွေ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်များတွင်ဖြန့်ခွဲ၍ မဟာဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်ရေးကိုဆောင်ရွက်လျက်ရှိသည်ဟု ပါရှိသည်။
ထို့ပြင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလုပ်ငန်းအနေဖြင့် ရန်ကုန်၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နေပြည်တော်၊ မန္တလေး၊ မကွေး၊ ဧရာ၀တီတိုင်းတို့မှလျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၆၀၀ ဦးမှ စစ်တွေမြို့အတွင်းပြန်လည်တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိ၍ မေလကုန်၌ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးအား လျှပ်စစ်ဓာတ်အားပြန်လည်ရရှိနိုင်မည် ဖြစ်သည်ဟု ဆိုသည်။
၇ခိုင်ပြည်နယ်တွင်မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ရသေ့တောင်မြို့နယ် အစရှိသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှမုန်တိုင်းဒဏ်ခံခဲ့၇သည့် မြို့နယ်များတွင် လမ်းမီးတိုင်များနှင့်လျှပ်စစ်ဓာတ်အားကြိုးများ ပျက်စီးပြတ်တောက်မှုများစွာရှိခဲ့သည်။
လက်ရှိရခိုင်ပြည်နယ်ကမုန်တိုင်းဒဏ်အများဆုံးခံခဲ့ရသည့် မြို့နယ်များရှိ လမ်းမများတွင်လမ်းမီးတိုင်များပြိုလဲကျမှုများနှင့်သစ်ပင်များလဲကျနေမှုများကို ရှင်းလင်းနိုင်ခြင်း မရှိသေးဟု စစ်တွေဒေသခံတစ်ဦးကပြောသည်။
" လမ်းတွေမှာမီးတိုင်လဲကျနေတာတွေ၊ သစ်ပင်လဲကျနေတာတွေကို အမြန်ရှင်းပေးရင်ကောင်းမယ်။လမ်းသွားလမ်းလာတွေ အတွက်လည်း အန္တရာယ်များတယ်" ဟုပြောသည်။
အဆိုပါပြင်ဆင်ခြင်းလုပ်ငန်းများ၊ အချိန်မီပြုပြင်ပြင်ဆင်နိုင်ရန်လိုအပ်သည့်ထရန်စဖော်မာများ၊ဓာတ်အားခွဲရုံသုံး ဆက်စပ် ပစ္စည်းများဖြစ်သည့်တာဝါ သံဘောင်များ၊ကွန်ကရစ်တာဝါတိုင်(၃၅၀၀)နှင့် အိမ်မိုးသွပ်ချပ်(၁၅၀၀)၊မီးစက်များ၊စက်သုံးဆီများအား စစ်ကောင်စီ တပ်မတော်ရေယာဉ်များ၊ မင်းပြားဒေသရှိ ကွန်ကရစ်တိုင်(၂၀၀၀)အား စစ်တွေဒေသသို့ ကားများဖြင့်၊အခြားဆက်စပ်အသုံးပြုရန် လိုအပ်သည့်ထရန်စဖော်မာများ၊ ကြိုးများ၊ ကြွေသီးများ၊ လိုင်းဆွဲရာတွင်အသုံးပြုသည့် ယန္တရားများအားကား(၁၂)စီးဖြင့် အသီးသီးပို့ဆောင်ပေးလျက်ရှိပြီး ကျန်ရှိသောပစ္စည်းများကိုလည်းကားများဖြင့် ဆက်လက်ပို့ဆောင်ပေးလျက်ရှိသည်ဟု သိရှိ၇သည်။
(NN-8)
ဓာတ်ပုံ-၇ခိုင်နေ့စဥ်